Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

Photo: စိတ်ဖိစီးမှု ပျောက်ကင်းစေရာ မေမေနဲ့ စကားပြောပါ

အမေရိကန် ဆေးပညာရှင်များရဲ့  တွေ့ရှိချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ပျောက်ကင်းစေတဲ့ အကောင်းဆုံး နည်းလမ်းက အမေနဲ့ စကား ပြောဆိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂ ကျင့်စင်၊ သောက်စေး၊ စားဆေး အားလုံးထက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးပညာ အရ ဆက်စပ်မှုက ဒီလို ရှိပါတယ်။ မိခင်များဟာ ကလေးမွေးဖွားပြီး မိခင်နို့ချိုရည်ကို တိုက်ရပါတယ်။ ယင်း နို့ရည်ထဲမှာ cuddle chemical လို့ အမည်ပေးထားတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ကလေးရဲ့  ခန္ဓာကိုယ်တွင်း သွေးထဲကို စီးဆင်းသွားပါတယ်။

ယင်းဓာတ်တစ်မျိုးကြောင့် ကလေးများဟာ ဘယ်အရွယ်ရောက်ရောက် မိခင်နဲ့ စကားပြောရင် စိတ်ဖိစီးမှု လျော့ကျပြီး အခြားသော စိတ်ပိုင်းဆိုင် ရာ ရောဂါ များကိုပါ ပျောက်ကင်းစေပါတယ်။ ဥပမာ - ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိမှု၊ ကြောက်လှန့်မှု၊ ရှက်ရွံ့ မှု အစရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များကလည်း အမေရဲ့  စကားသံ၊ အားပေးသံ ကြားရရင်၊ မြင်ရရင် အလိုလိုလျော့နည်းသွားပါတယ်။

အသက် ၁၂ နှစ်အရွယ် အမျိုးသမီး ကလေးငယ်များကို လူစိမ်းများရှေ့ မှာ စကားထွက်ပြောစေလို့ လက်တွေ့ စမ်းသပ်လိုက်တာ ဖြစ်ပြီး ဒီတိုင်း ပြောရင် cortisol လို့ခေါ်တဲ့ စိတ်ဖိစီးစေတဲ့ ဟိုမုန်းတစ်မျိုး အတက်မြန်ပါတယ်။ သူ့ကို မိခင်နဲ့ ဖုန်းပေးပြောပြီး နောက်ပိုင်း စကားပြောခိုင်းတဲ့ အခါမှာတော့  oxytocin ဆိုတဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ယခင်က အခြေအနေထက် အများကြီး တိုးတက်သွားပါတယ်။ အမေနဲ့ စကားပြောတာက အဖေနဲ့ တိုင်ပင်ပြောဆိုတာထက် ပိုထူးခြားစေပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်စရာများ ကြုံတွေ့ရတိုင်း အခြားသော နည်းလမ်းများနဲ့ ဖြေရှင်းခြင်းထက် မိခင်နဲ့ စကားပြော၊ တိုင်ပင်တာ အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။ 

Ref: http://www.innewsmyanmar.com

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account