Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

CDMA 450 ဖုန်းများမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်ခြင်း မရှိကြောင်းသိရ



Photo
CDMA 450MHz ဖုန်းများတွင် မက်ဆေ့ခ်ျပေးပို့ရာ၌ အခမဲ့ပေးပို့နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ မဟုတ်ကြောင်း သိရသည်။  အဆိုပါဖုန်းများတွင် မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ကြောင်း ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကြေညာထားခြင်း မရှိပါဘူး။ အခမဲ့ မက်ဆေ့ခ်ျ ပေးပို့နိုင်တယ်ဆိုတာ error တစ်ခုခုကြောင့်လည်း မဟုတ်ပါဘူး။ error ကြောင့် ဖြစ်တယ်ဆိုရင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။  လက်ရှိလည်း CDMA 450MHz ဖုန်းများမှာ မက်ဆေ့ခ်ျ အခမဲ့ပေးပို့လို့မရပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

CDMA 450MHz ဖုန်းများတွင် မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်သည်ဟု ယခုလ ဒုတိယအပတ်က အင်တာနက် စာမျက်နှာများတွင် သတင်းပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ “သူများတွေကတော့ မက်ဆေ့ခ်ျ အခမဲ့ပေးပို့လို့ရတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် တကယ်တမ်း သုံးကြည့်တော့ မရခဲ့ပါဘူး။ ဒီလ ဒုတိယအပတ်ဝန်းကျင်ကလည်း မက်ဆေ့ခ်ျပေးပို့ရာမှာ ကျသင့်တဲ့ နှုန်းထားအတိုင်းပဲ ဖုန်းကတ်က ဖြတ်ယူသွားတယ်” ဟု CDMA 450MHz  ဖုန်းအသုံးပြုသူတစ်ဦးက ပြောသည်။ ပြည်တွင်း၌ CDMA 450 MHz, CDMA 800MHz, GSM အစရှိသည့် ဖုန်းများကို အသုံးပြုလျက်ရှိပြီး CDMA 450MHz ဖုန်းများမှာ အင်တာနက်အသုံးပြုနိုင်ခြင်း မရှိသော ဖုန်းအမျိုးအစား ဖြစ်သည်။

အင်တာနက် အသုံးပြုနိုင်ခြင်း မရှိ၍ မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ခြင်းဖြစ်သည် ဟုလည်း အင်တာနက် စာမျက်နှာများတွင် သတင်းပြန့်နှံ့ခဲ့သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် အဆိုပါဖုန်းများကို အင်တာနက်စနစ် တပ်ဆင်ချထားပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။ လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော မိုဘိုင်း ဖုန်း သန်း ၃၀ စီမံကိန်း ပထမနှစ်တွင် CDMA ဖုန်းအလုံးရေ ၁ သိန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account