Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်

Photo: မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်

မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိ စားသုံးသော ထမင်း လုတ်ကို ကွန်ပျူတာ အကူအညီ ရယူ ရေတွက်ခြင်း အားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မား သူများ ကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း

အမေရိကန် သုတေသီ များက ပြောကြားသည်။ မိမိဆန္ဒ အလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ် နိုင်မှု မြင့်မား သူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စု ခွဲလိုက်သည်။ ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။ "မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။ သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြားမိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ် တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီ များက တင်ပြခဲ့သည်။ 

Ref: မြ၀တီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account