Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

ဗီယက်နမ်နိုင်ငံတွင် အသုံးပြုသည့် မိုဘိုင်းဖုန်း အရေအတွက် နိုင်ငံလူဦးရေထက် ကျော်လွန်

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုနှင့် Facebook သုံးစွဲမှုတွင် တိုးတက်မှု လျင်မြန်သည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း နိုင်ငံ၏ အဓိကတိုးတက်မှု အရှိဆုံး အပိုင်းမှာ မိုဘိုင်းကဏ္ဍ ဖြစ်ကြောင်း  သိရသည်။ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ ၁၀၀ လျှင် ပျှမ်းမျှ မိုဘိုင်းဖုန်း ၁၄၅ လုံး ရှိသည်။ နိုင်ငံ၏ လူဦးရေသည် သန်း ၉၀ ကျော်ရှိရာ နိုင်ငံအတွင်း အသုံးပြုသည့် မိုဘိုင်းဖုန်း အလုံးရေ စုစုပေါင်းမှာ သန်း ၁၃၀ ကျော် ရှိသည်။
ဗီယက်နမ် နိုင်ငံသားများ အနေဖြင့် အချင်းချင်း ဆက်သွယ်ခြင်း၊ ကွန်ရက် ချိတ်ဆက်ခြင်း၊ စာပေးပို့ခြင်းများ ပြုလုပ်ရာတွင် Laptop နှင့် broadband ကွန်ရက်များထက် မိုဘိုင်းဖုန်းကိုသာ ပိုမို အသုံးပြုကြသည်။ နိုင်ငံတွင်း မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် သဘောတူညီမှုများကလည်း မိုဘိုင်းဖုန်း အသုံးပြုနှုန်းကို ပို၍ တိုးတက်လာစေသည်။ SIM ကတ်နှစ်ခု ပိုင်ဆိုင်ခြင်းဖြင့် ဗီယက်နမ် နိုင်ငံသားများသည် carrier များထံမှ မတူညီသည့် အကျိုးခံစားခွင့်များကို ရယူအသုံးပြုနိုင်ပြီး အမေရိကန် ၃ ဒေါ်လာတန် SIM ကတ်တစ်ခု ဝယ်ယူခြင်းဖြင့် အမေရိကန် ၅ ဒေါ်လာ တန်ဖိုးရှိ ဖုန်းခေါ်ဆိုခြင်းနှင့် စာပေးပို့ခြင်းများကို ပြုလုပ်နိုင်ခြင်းကဲ့သို့သော ခံစားခွင့်များ ရရှိနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်း အသုံးပြုမှုသည် အလွန်တိုးတက်နေသော်လည်း ဗီယက်နမ်နိုင်ငံ၏ စမတ်ဖုန်းအသုံး ပြုခြင်းနှင့် 3G ကွန်ရက်စနစ်သည် နှေးကွေးလျက် ရှိသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဗီယက်နမ် ဆက်သွယ်ရေးဌာနမှ ထုတ်ပြန်ကြေညာချက်အရ နိုင်ငံ၏ 3G စနစ် အသုံးပြုသူသည် ၁၀ သန်းသာ ရှိသည်။ ထို့ပြင် နိုင်ငံ၏ မိုဘိုင်း အင်တာနက် အသုံးပြုမှုသည် လူမှုကွန်ရက် ဈေးကွက်ထက်လည်း ပို၍ ကြီးမားနေသည်။
 
ဟေမာ
Ref: TechInAsia

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account