Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

Windows 8 Mail Application တွင် Yahoo Mail နှင့် Gmail ထည့်သွင်းခြင်း

Windows 8 Operating System ဟာ Microsoft က ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးထွက်ရှိတဲ့ Operating System တစ်ခု ဖြစ်ပါတယ်။  Windows 8 Operating System မှာ ပါဝင်တဲ့ Metro Screen မှာဆိုရင် Apps တွေကို ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ Windows 8 Metro Screen မှာ ပါဝင်တဲ့ App ဟာဆိုရင် သုံးစွဲသူတွေအတွက် အသုံးဝင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ ဒီ Application ရဲ့ အားသာချက်ကတော့ Windows 8 Mail Application ထဲမှာ Gmail Account သို့မဟုတ် Yahoo Mail Account တို့ကို ထည့်သွင်းထားမယ်ဆိုရင် Offline Mail အနေနဲ့ ပြန်လည် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
Windows 8 Mail Application မှာ Yahoo Mail သို့မဟုတ် Google Mail ကို ထည့်သွင်းထားတယ်ဆိုရင် Account တွေကို ခွဲခြားပြီး တစ်နေရာထဲကနေ အသုံးပြုနိုင်မှာ ဖြစ်သလို Mail တွေကိုလည်း အင်တာနက်ရှိနေတဲ့ အချိန်မှာ အလိုအလျောက် Download ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် အင်တာနက် ကွန်နက်ရှင် မရှိတဲ့ အချိန်မှာ Mail တွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ Windows 8 Operating System မှာ ပါဝင်တဲ့ Windows 8 Mail Application ထဲမှာ Yahoo Mail နဲ့ Gmail Account များ ထည့်သွင်းပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Windows 8 Operating System ထဲမှာ ပါဝင်တဲ့ Window 8 Mail Application ကို ဖွင့်ဖို့အတွက် ပထမဆုံး Metro Screen မှာရှိတဲ့ Mail Application ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ ဖွင့်လိုက်တဲ့အခါမှာတော့ သင်ဟာ Windows 8 ကို Local User အနေနဲ့ မဝင်ထားဘူးဆိုရင် Microsoft အကောင့်ဖြစ်တဲ့ hotmail သို့မဟုတ် Live Mail အကောင့် တစ်ခုခုကို သင့်ရဲ့ Mail Application ထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။
 
ဒါဆိုရင်တော့ Microsoft ရဲ့ Mail Account တစ်ခုခု ရှိပြီးသားဆိုရင်လည်း Google Mail, Yahoo Mail တို့ကိုလည်း ထပ်မံပြီး ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Gmail, Yahoo Mail တို့ကို ထည့်သွင်းမယ်ဆိုရင် Mail Application ရဲ့ ညာဘက်အခြမ်းကို Mouse Pointer ထားလိုက်ရင် Windows 8 Mail Setting ကို တွေ့ရမှာ ဖြစ်ပါတယ်။ Shortcut အနေနဲ့ ခေါ်မယ်ဆိုရင်တော့ Win+ I Key ကိုနှိပ်ပြီး Setting ကို ခေါ်နိုင်မှာ ဖြစ်ပါတယ်။ Setting ထဲရောက်ရင် Account ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Account ကို နှိပ်လိုက်ရင် Add an Account မှာ Add ကို ကလစ်နှိပ်ပြီး Google Mail သို့မဟုတ် Yahoo Mail Account ကို နှစ်သက်ရာ ရွေးချယ်ပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အကောင့် တစ်ခုကိုလည်း အထက်ဖော်ပြပါ နည်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင်အသုံးပြုမယ့် Email အမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင်တော့ Login ပြုလုပ်ပြီး Email ကို စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင်ဝင်ထားတဲ့ Email Account တွေကတော့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အချိန်တိုင်းမှာ အလိုအလျောက် နောက်ကွယ်ကနေ Download တွေ ပြုလုပ်နေမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Windows 8 Mail Application ထဲမှာ Gmail သို့မဟုတ် Yahoo Mail အစရှိတာတွေကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account