Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

iOS သုံး Apple Product များအတွက် iOS Firmware ကို ထည့်သွင်းပုံ



Photo
iOS အသုံးပြုသည့် Apple Product များဖြစ်သည့် iPhoe, iPad, iPod Touch  တို့မှာ ပြဿနာ တစ်ခုခုကြောင့် iOS ကို  အသစ်ပြန်လည် ထည့်သွင်း အသုံးပြုချင်သူများ အတွက် iOS  Firmware များ ထည့်သွင်းပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။ 
iOS Firmware File ရဲ့ Extension ကတော့ .ipsw ဖြစ်ပါတယ်။ iPhone, iPad, iPod Touch အစရှိတဲ့ iOS သုံး Apple Product များမှာ ထည့်သွင်းထားတဲ့ Operating System ဟာ iOS ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သင်အသုံးပြုတဲ့ iPhone, iPad, iPod Touch ဟာ အကြောင်းတစ်ခုခုကြောင့် System Error များ ရှိလို့ပဲဖြစ်ဖြစ် Firmware ကို အဆင့်မြှင့်တင်လိုလို့ပဲ ဖြစ်ဖြစ် သင်ကိုယ်တိုင် ပြန်လည်ပြီး Firmware ကို တင်မယ်ဆိုရင် မိမိဘာသာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ iOS ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့ hardware နဲ့ တိုက်ဆိုင်မယ့် iOS Firmware ဖိုင်ကို Version အလိုက် Download ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ iOS Firmware တွေကို ရွေးချယ် Download ပြုလုပ်နိုင်မယ့် ဝက်ဘ်ဆိုက်တွေ အများအပြား ရှိပါတယ်။ ယခုဖော်ပြမယ့် ဝက်ဘ်ဆိုက်ကတော့ iOS တွေကို Version  အလိုက် အစုံအလင် တင်ထားပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Download ပြုလုပ်လိုတဲ့ Version ကို Search Box မှာ ရိုက်ထည့်လိုက်ရုံနဲ့ Beta မှစပြီး Final အထိ Fimware တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီကနေ အလွယ်တကူ Download ပြုလုပ်နိုင်ပါတယ်။
 
ယခုဖော်ပြပေးထားမယ့် Download Link ကတော့ iOS 6 အတွက် ဖြစ်ပါတယ်။ Download Link မှာ http://techglobex.blogspot.com/2012/09/download-official-ios-6-psw-firmware.html ဖြစ်ပါတယ်။ ယခု ဖော်ပြပါ နေရာမှာ သင့် HardWare နဲ့ သက်ဆိုင်တဲ့ ipsw ဖိုင်ကို Download ပြုလုပ်လိုက်ပါ။ Download ပြုလုပ်ပြီးပြီဆိုရင် Download ပြုလုပ်လို့ရလာတဲ့ ipsw ဖိုင်ကို စတင် ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ iPhone, iPad, iPod, Touch တွေမှာ iOS ကို ထည့်သွင်းဖို့ အတွက်ဆိုရင် iTunes လိုအပ်မှာ ဖြစ်ပါတယ်။ iTunes မရှိသေးသူများ အနေနဲ့ http://www.apple.com/itunes/ ဆိုတဲ့ နေရာမှာ သင့်ကွန်ပျူတာရဲ့ OS နဲ့ ကိုက်ညီတဲ့ iTunes ကို Download အရင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ iTunes ကို သင့်ကွန်ပျူတာထဲ Install ပြုလုပ်ထားပါ။ ပြီးရင် iOS ကို ထည့်သွင်းဖို့အတွက် ကွန်ပျူတာနဲ့ သင့်ရဲ့ Apple Device ကို ချိတ်ဆက်လိုက်ပါ။ ပြီးရင် iTunes ကို ဖွင့်ပြီး Device ကို တွေ့ပြီဆိုရင် ပထမဆုံး  ပြုလုပ်သင့်တာကတော့ Backup ပြုလုပ်ထားသင့်ပါတယ်။ Device ပေါ်မှာ Right Click နှိပ်လိုက်ပါ ပြီးရင် Backup ဆိုတာကို ရွေးချယ်ပြီး ကလစ်နှိပ်လိုက်ပါ။ ပြီးရင်တော့ iTunes ပေါ်က Update ဆိုတဲ့ Button ကို Shift+Click  ကို တွဲနှိပ်လိုက်ပါ။
 
ဒါဆိုရင် Download ပြုလုပ်ထားတဲ့ ipsw ဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ipsw ဖိုင်ကို iTunes ကနေဆွဲယူပြီး Apple Product ထဲကို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Apple က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြတဲ့ စာမျက်နှာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီစာမျက်နှာမှာ သဘောတူညီမှုပြုခဲ့ပြီးရင် နောက်ထပ် WiFi ချိတ်ဆက်မှုနဲ့ Location ကို Disable or Enable ပြုလုပ်ရမယ့် အဆင့်တွေကို အဆင့်လိုက်အတိုင်း ရွေးချယ်ပေးပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ iPhone, iPad, iPod Touch တွေကို မိမိကိုယ်တိုင် Firmware ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ 

သီဟ 

1 comments:

thank”s ios အကြောင်းလေးတွေများများ တင်ပါဦး။

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account