Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား) ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

၆။ ၃ ပုံ ပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီးအနေနဲ့ အသုံးပြုတတ်ကြပါတယ်။

၇။ မိုဘိုင်းဖုန်းဆိုတာ ပြန်လည်အသုံးပြု (Recycle) လုပ်လို့ရတယ်ဆိုတာ အမေရိကန်မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်းမျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။

၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက်လွှမ်းမိုးနိုင်တဲ့အတွက် ဘယ်ဘက်နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေပြထားပါတယ်။

၉။ ကမ္ဘာ့အရောင်းရဆုံး ဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

၁ဝ။ Appleရဲ့ iPhone တစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိကလေတပ်မှာ အသုံးပြုတဲ့ စက်များအားလုံးရဲ့လုပ်ဆောင်ချက်များထက် စွမ်းရည် ပိုမိုမြင့်မားပါတယ်။

၁၁။ Nokia ဖုန်းမှာ ဘက်ထရီကုန်သွားပြီး အရေးတကြီးဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကို နှိပ်ပါက ဘက်ထရီအား ပြန်ပြည့်ပါတယ်။

၁၂။ နံပါတ် ၁၁၂ ကတော့ နိုင်ငံတကာ အရေးပေါ်ဖုန်းနံပါတ် ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကို နှိပ်လိုက်ရင် သူ့နေရာဒေသအလိုက် အရေးကြီး ဖုန်းနံပါတ်များကို Operator မှ ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာ ပိုက်ဆံမကျန်တော့ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကိုခေါ်ပါက Emergency Number ဟု ပေါ်လာပြီး ရဲစခန်း ဖုန်းနံပါတ်၊ မီးသတ် ဖုန်းနံပါတ်၊ အရေးပေါ် လူနာတင်ယာဉ် ဖုန်းနံပါတ်အစရှိသဖြင့် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

http://www.mmforward.blogspot.com
မှ ကောက်နုတ်ဖော်ပြထားသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account