Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

Ubuntu OS ပေါ်တွင် Update ပြုလုပ်ရာ၌ အဆင်မပြေသူများအတွက် ပြဿနာ ဖြေရှင်းပုံ

Ubuntu OS အသုံးပြုသူတွေအတွက် Update ကို Terminal ထဲက ပြုလုပ်တဲ့အချိန်မှာ Error ဖြစ်နေသူများ အဆင်ပြေပြေနဲ့ Update ပြုလုပ်နိုင်အောင် ပြဿနာ ဖြေရှင်းပုံကို ယခုတစ်ပတ် Ubuntu Comer ကဏ္ဍမှာ ရွေးချယ်တင်ပြလိုက်ပါတယ်။ 
သင်အသုံးပြုနေတဲ့ Ubuntu OS ကို Terminal ထဲကနေ sudo apt get update ဆိုတဲ့ Command ကို အသုံးပြုတဲ့အခါမှာ E:Some index files failed to download. They have been ignored, or old ones used instead. ဆိုတဲ့ စာကြောင်းနဲ့ Error ဖြစ်နေသူတွေအတွက် ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအချို့ကို ရွေးချယ် တင်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာဟာ Update ပြုလုပ်တဲ့သူတွေ အချို့မှာ ကြုံတွေ့နေရတဲ့ ပြဿနာအချို့ ဖြစ်ပါတယ်။ sudo apt-get update ရိုက်လိုက်တဲ့ အချိန်တိုင်းမှာ E:Some index files failed to download. They have been ignored, or old ones used instead. ဆိုတဲ့ စာကြောင်းနဲ့ Error ပြခြင်းဟာ Source list ထဲမှာ Source အဟောင်းများ ပါရှိနေခြင်းကြောင့် ဖြစ်နိုင်သလို၊ Source Link အမှားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဟောင်းများ ပါရှိနေခြင်းကြောင့် ဖြစ်နိုင်သလို၊ Source Link အမှားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 
ဒါ့အပြင် အင်တာနက် ဆက်သွယ်မှုလိုင်းများ နှေးကွေးတဲ့အချိန်မှ Download ပြုလုပ်တဲ့ Download Package File တွေဟာ အင်တာနက် နှေးကွေးလွန်းတဲ့အတွက် ဖိုင်မစုံမလင်ဖြစ်ခြင်း၊ Download ပြုလုပ်နေချိန်တွင် မကြာခဏ ပြတ်တောက်ခြင်း၊ Proxy များ မှားယွင်းစွာ ထည့်သွင်းမိခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက်တော့ Source List ထဲမှာ ပထမဆုံး မိမိနိုင်ငံနဲ့ အနီးစပ်ဆုံး Server ကနေ Download ပြုလုပ်နိုင်အောင် အရင်ဆုံး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ Update Package တွေကို အနီးဆုံး Server ကနေ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ Ubuntu OS မှာ ထည့်သွင်းထားတဲ့ Proxy Setting စနစ်ဟာ Transparent proxy လို့ ခေါ်တဲ့ No Proxy ဆိုတဲ့ Proxy စနစ်လား၊ ဒါမှမဟုတ် Auto Detect စနစ်လား၊ Manual စနစ်လားဆိုတာကို အရင်ဆုံး စစ်ဆေးရပါမယ်။ No Proxy Setting နဲ့ Auto Detect Setting ဆိုရင်တော့ ပြင်ဆင်စရာ လိုအပ်မှာ မဟုတ်ပါဘူး။ Manual Setting ဆိုရင်တော့ သင်အသုံးပြုမယ့် Gateway Address ကို မှန်ကန်စွာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ Proxy မှန်၊ မမှန်ကို သိရှိလိုပါက Ubuntu OS ရဲ့ Terminal ကို ဖွင့်ရပါမယ်။ Terminal မှာ echo $http_proxy ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့်တဲ့အခါမှာ Transparent Proxy ဆိုရင်တော့ ဘာမှ ဖော်ပြပေးမှာ မဟုတ်ပါဘူး။ System Proxy ဆိုရင်တော့ ပြသပေးမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်အလက်တွေကို သေချာစွာ ပြင်ဆင်ပေးပြီးပြီ ဆိုရင်တော့ Source File တွေကို Update ပြုလုပ်ရာမှာ လွယ်ကူစွာနဲ့ အဆင်ပြေပြေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account