Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ ဧည့်လမ်းညွှန်များ သင်္ဘောသားများ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ နိုင်ငံတကာသို့  ခရီးသွားနေသူများအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှ သိရသည်။ အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ် ဘာသာစကား၊ ဂျာမန် ဘာသာစကား၊ ဒတ်ခ်ျ ဘာသာစကား၊ ဒိန်းမာ့စ် ဘာသာစကား၊ ရုရှား ဘာသာစကား၊ ဟင်ဒီ ဘာသာစကား၊ တူရကီ ဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယား ဘာသာစကား၊ ဖိလစ်ပိုင် ဘာသာစကား၊ ထိုင်း ဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီ ဘာသာစကား၊ ဆွီဒင် ဘာသာစကား၊ နော်ဝေ ဘာသာစကား၊ ပါကစ္စတန် ဘာသာစကား၊ ဘင်္ဂါလီ ဘာသာစကား၊ တမိုဝ်းလ် ဘာသာစကား၊ ဗီယက်နမ် ဘာသာစကား၊ ဂျပန် ဘာသာစကား၊ နီပေါလ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား၊ ပေါ်တူကီ ဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ် ဘာသာစကား၊ လာအို ဘာသာစကား၊ မမာတာ ဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်းထားကြောင်း သိရသည်။

ထို့အပြင် အင်္ဂလိပ်ကြိယာ ၇၅၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ နာမ် ၃၀၀၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမဝိသေသန ၃၂၀၀၀ ကျော် ပုံစံပြောင်းလဲ အသုံးပြုပုံတို့ ပါဝင်သည်။ ဘာသာပြန်နည်းပညာ M32IC ပါဝင်သောကြောင့် ဘာသာစကား ၃၂ မျိုးနှင့် သက်ဆိုင်သော အချက်အလက်များကို စက်ထဲတွင် သိုလှောင်သိမ်းဆည်းထားပြီး ရှုပ်ထွေးဆန်းပြားသော နည်းစနစ် (အယ်လ်ဂိုရီသမ်) များကို အသုံးပြုထားခြင်းကြောင့် ရှာလိုသော စကားလုံးအတိအကျကို သွားရောက် ရှာဖွေပေးနိုင်သည်။ "ဘာသာစကားတစ်ခုစီကို စကားလုံးပေါင်း ၅၀၀,၀၀၀ ခန့် ပြန်ဆိုနိုင်တယ်။ ရှာဖွေတဲ့ ဘာသာစကားကို စက်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးနဲ့ တူညီလို့ရှိရင် သူနဲ့သက်ဆိုင်သော အခြားစကားလုံးတွေနဲ့ အဲဒီစကားလုံးရဲ့ ဘာသာပြန်အတိအကျကို ဖော်ပြပေးတယ်။ မတူညီရင်လည်း Text translation function ကို အသုံးပြုပြီး ကြည့်နိုင်တယ်။ စက်ထဲမှာဆိုရင် အောက်စဖို့ဒ် အမေရိကန် အဘိဓာန် စကားလုံးနှစ်သိန်းခွဲလောက်ကို ထည့်ထားပေးတဲ့အတွက် စကားလုံးအသုံးအနှုန်းတွေကို နက်နက်နဲနဲ ရှာဖွေပေးနိုင်တယ်။ ယခုလ ၁၅ ရက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိတဲ့ မြို့တွေကို ဖြန့်ချိနေပါပြီ။ အီလက်ထရွန်းနစ်ဆိုင်တွေနဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ရရှိနိုင်မှာ ဖြစ်တယ်။ ဈေးနှုန်းက ၈ သောင်း ၉ ထောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်တယ်။ ယခုလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပရိုမိုးရှင်းအနေနဲ့ ၈သောင်း ၄ ထောင်ကျပ်နဲ့ ရရှိမှာပါ" ဟု KMD မှ ကိုရဲထူးမောင်က ပြောသည်။

ထို့အပြင် စက်ထဲတွင် Collins ဥပမာ စာကြောင်းများ ထည့်သွင်းထားသောကြောင့် American English Britsh English တို့ကို ခွဲခြားသိနိုင်မည် ဖြစ်သည်။ မိမိအသံနှင့် စက်ထဲမှ အင်္ဂလိပ်လူမျိုး၏ အသံကို နှိုင်းယှဉ်သောစနစ်တို့လည်း ပါဝင်သည်။ ယူနစ်များပြောင်းလဲခြင်း၊ အသံသွင်းခြင်း၊ ဂိမ်း၊ ဖော်မြူလာ၊ အသံဖတ်ခြင်း၊ ဂဏန်းတွက်ချက်ခြင်း သိပ္ပံဆိုင်ရာတွက်ချက်ခြင်း အချိန်ပြောင်းလဲခြင်း၊ ငွေကြေးပြောင်းလဲခြင်းတို့ကိုပါ ထည့်သွင်းထားသည်။ အရွယ်အစားအားဖြင့် ၄.၅ × ၀.၈ လက်မ ၁၁.၄ × ၇.၆ × ၂ စင်တီမီတာခန့်ရှိပြီး၊ LCD backlight LCD အသုံးပြုထားပြီး မျက်နှာပြင်အစက်ပေါင်း ၃၂၀ × ၂၄၀ နှင့် စာကြောင်းရေ ၉ လိုင်း စာလုံးပေါင်း ၄၀ ရှိသည်။ ပါကင်တွင်ပါသော အခြားပစ္စည်းများ အနေဖြင့် ဘက်ထရီ ၂ ခု × AAA နားကြပ်တစ်ခု၊ ကွန်ပျူတာနှင့် ချိတ်ဆက်ရန်ကြိုး၊ အညွှန်းစာအုပ် (မြန်မာနှင့် အင်္ဂလိပ်) တို့ကို ထည့်သွင်းထားသည်။

အေးဖြူ၊ ဝေဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account