Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

Ubuntu OS ပေါ်တွင် Live Wallpaper များကို ထည့်သွင်းပုံ

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS အသုံးပြုသူတွေ အနေနဲ့ သင်တို့ရဲ့ Ubuntu OS ကို အလှဆင်ချင်ကြတယ်ဆိုရင် အလှဆင်ဖို့အတွက် များစွာသော Application တွေ ရှိပါတယ်။  Ubuntu OS အပေါ်မှာလည်း Mobile Phone တွေမှာ အသုံးပြုတဲ့ Live Wallpaper တွေကဲ့သို့ Ubuntu OS Desktop Version မှာလည်း Live Wallpaper တွေကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ထူးခြားတာကတော့ Customize ပြုလုပ်ချင်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ Effect တွေ နောက်ခံပုံတွေနဲ့ ကိုယ်လိုချင်တဲ့ Effect တွေကို ထည့်သွင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေကိုလည်း ကိုယ်တိုင် နှစ်သက်ရာ အရောင်တွေကို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ Android Live Wallpaper တွေကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ပထမဆုံး သင်တို့ရဲ့ Operating System မှာရှိတဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
 

သင့် OS ရဲ့ Package တွေကို Update ပြုလုပ်ဖို့အတွက် ပထမဆုံး Ctrl+Alt+T ကို နှိပ်ပြီး Terminal ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Terminal ကို ရောက်ပြီဆိုရင် Update ပြုလုပ်တဲ့ Command ဖြစ်တဲ့ sudo apt-get update ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command ကို အသုံးပြုပြီးပြီ ဆိုရင်တော့ Ubuntu OS အတွင်းမှာရှိတဲ့ Package တွေဟာ Update ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ တစ်ခါတည်း Package တွေကို Upgrade ထပ်လုပ်ဖို့ အတွက် sudo aptget upgrade ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ အားလုံး ပြီးသွားပြီ ဆိုရင်တော့ Ubuntu OS ပေါ်မှာ Android Live Wallpaper ကို ထည့်သွင်းဖို့အတွက် အဆင်သင့် ဖြစ်ပါပြီ။ Ubuntu OS ပေါ်မှာ Android Live Wallpaper ကို ထည့်သွင်းဖို့အတွက် အထက်ဖော်ပြပါ အချက်အလက်တွေကို လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ အောက်ဖော်ပြပါ Command တွေကို Terminal မှာ တစ်ခုချင်း မှန်ကန်စွာ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ Terminal မှာ အသုံးပြုရမယ့် Command တွေကတော့-

-sudo add-apt-repository ppa:fyrmir/livewallpaper-daily

-sudo apt-get update & sudo apt-get install live wallpaper live wallpaper-config livewallpaper-indicator

ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ ဒီ Command တွေကို အဆင့်အလိုက် မှန်ကန်စွာ ရိုက်ထည့်ပြီးပြီ ဆိုရင်တော့ Android Live Wallpaper တွေကို Ubuntu OS ပေါ်မှာ ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ Ubuntu OS  မှာ ထည့်သွင်းထားတဲ့ Live Wallpaper တွေကိုတော့ အသုံးပြုသူတွေကတော့ စိတ်တိုင်းကျ Customize ပြုလုပ်နိုင်မှာ ဖြစ်ပြီး၊ သင်အသုံးပြုလိုတဲ့ နောက်ခံ ဓာတ်ပုံတွေကိုလည်း နှစ်သက်သလို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Color နဲ့ ပတ်သက်လို့လည်း နှစ်သက်သလို ချိန်ညှိပြီး Effect တွေကိုပါ တစ်ခါတည်း ပြင်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account