Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

Android Device, iPhone တို့ထံမှ ပုံများကို Facebook ပေါ်တွင် Auto sync ပြုလုပ်ခြင်း

သင်ဟာ Android Phone ဒါမှမဟုတ် iPhone အသုံးပြုသူ တစ်ယောက်ဖြစ်ပြီး၊ သင့်ရဲ့ Device နဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ပုံတွေကို Facebook ပေါ်မှာ အလိုအလျောက်စနစ်နဲ့ ဖော်ပြပေးချင်တယ်ဆိုရင်တော့ ဒီပြုလုပ်နည်းဟာ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။  Facebook ဟာဆိုရင် လူသုံးအများဆုံး Social Network တစ်ခုဖြစ်ပြီး၊ Android Phone နဲ့ iPhone တို့ဟာလည်း
လူသုံးအများဆုံး Handphone အမျိုးအစားတွေ ဖြစ်ပါတယ်။ မိမိဖုန်းထဲက ပုံရိပ်တွေကို Online သုံးစွဲချိန်မှာ Auto Sync ဖြစ်စေဖို့အတွက်ကိုတော့ အဆင့် သုံးဆင့်နဲ့ ပြုလုပ်ရမှာပါ။ ပထမအဆင့်အနေနဲ့ Facebook Application ကိုဖွင့်ပြီး Auto Sync ကို Enable ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Photo ရဲ့ အောက်ဆုံးကို ကြည့်လိုက်မယ်ဆိုရင်တော့ Photo of You, Albums နဲ့ New Sync တို့ကို တွေ့ရမှာဖြစ်ပြီး၊ Sync ကို ပြုလုပ်ဖို့ အသင့်အနေအထားလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ပထမဆုံး Sync ပြုလုပ်သူများအတွက် အချက်အလက်များစွာကို ဖော်ပြပေးထားမှာဖြစ်ပြီး၊ အဆင့်တွေအလိုက် ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Private Syn ကတော့ အလုံခြုံဆုံးသော Sync ပြုလုပ်ခြင်း တစ်မျိုး ဖြစ်ပါတယ်။ တတိယအပိုင်းမှာတော့ Facebook ထဲမှာ Private ဆိုတဲ့ ဖိုင်တစ်ခု ပေါ်နေမှာဖြစ်ပြီး၊ မိမိ ဖော်ပြချင်တဲ့ပုံတွေ ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Auto Sync ပြုလုပ်ထားခြင်းဖြင့် Device ထဲမှ ပုံတွေကို Facebook Application ဖွင့်စရာ မလိုအပ်ဘဲ Sync ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account