Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, January 9, 2013

Google VOIP စနစ်ကို ၂၀၁၃ တွင်လည်း အခမဲ့ သုံးစွဲနိုင်



Photo
Google ကုမ္ပဏီဟာ ၎င်းတို့ရဲ့ နာမည်ကျော် VOIP (Voice Over Internet Protocol) ဝန်ဆောင်မှုကို အမေရိကန်နဲ့ ကနေဒါနိုင်ငံများ၌ ၂၀၁၃ ခုနှစ်မှာလည်း အခမဲ့ သုံးစွဲစေဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  Google ရဲ့ မေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှတစ်ဆင့် ဝင်ရောက် အသုံးပြုရတဲ့ အခမဲ့ ခေါ်ဆိုမှုစနစ်ကို ၂၀၁၃ ခုနှစ်မှာလည်း အခကြေးငွေ ယူသွားမှာ မဟုတ်ကြောင်း ကုမ္ပဏီရဲ့ Blog Post မှာ တရားဝင် ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါမှာ နေထိုင်သူတွေဟာ ဒီစနစ်ကို အခမဲ့ သုံးစွဲ ခေါ်ယူနိုင်မှာဖြစ်ပြီး အခြားသော နိုင်ငံများမှာ သုံးစွဲသူတွေကတော့ မယုံကြည်နိုင်လောက်အောင် သက်သာတဲ့ အခကြေးငွေဖြင့် အချင်းချင်း ခေါ်ဆိုင်နိုင်မှာ ဖြစ်ကြောင်း google မှ အာမခံခဲ့တယ်။ ၎င်းရဲ့ အင်တာနက် ချိတ်ဆက်မှုနှင့် မိုက်ကရိုဖုန်းသာ လိုအပ်တဲ့ Google Voice ဟာ အရှိန်အဟုန်မြင့် တိုးတက်လာတဲ့ VOIP ဝန်ဆောင်မှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး Microsoft ရဲ့ Skype လိုပဲ အရေးပါတဲ့ ကဏ္ဍကို ရရှိလာပါတယ်။ ၂၀၁၂ ခုနှစ်မှာ VOIP နည်းပညာ စတင် ပေါ်ပေါက်လာပြီး သုံးစွဲသူများထံမှ အမြတ်ငွေ ၅.၄ မီလီယံဒေါ်လာ ရရှိခဲ့ကာ တစ်နှစ်အတွင်း သုံးစွဲသူ ၁၂၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ နောက်ထပ် ဆယ်စုနှစ် တစ်ခုအကြာ ၂၀၁၂ ခုနှစ်မှာတော့ အမေရိကန် လူဦးရေ သန်း ၃၀ ဟာ VOIP ဝန်ဆောင်မှုများသို့ လစဉ်ကြေး ပေးသွင်းထားပြီး တစ်နှစ် အမြတ်ငွေ ဒေါ်လာ ၁၅.၄ ဘီလီယံအထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေါ်ဆိုရ လွယ်ကူပြီး အကျိုးများတဲ့ VOIP စနစ်ဟာ သုံးစွဲသူများ တရှိန်ထိုး တိုးတက်လာကာ နည်းပညာ ကုမ္ပဏီကြီးများရဲ့ ပစ်မှ ဖြစ်လာပါတယ်။ နိုင်ဝင်ဘာလက Microsoft ဟာ ၎င်းတို့ရဲ့ အင်တာနက် ချက်တင်ဝန်ဆောင်မှု၊ Windows Live Messenger ကို Skype ဝန်ဆောင်မှု ထပ်မံ ဖြည့်သွင်းပေးခဲ့ပြီး ၎င်းရဲ့ Chat ဝန်ဆောင်မှု သုံးစွဲသူတွေဟာ မိတ်ဆွေများထံ အခမဲ့ ဗီဒီယို Call ခေါ်ဆိုမှုများ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူများ အနေနဲ့ PC ကွန်ပျူတာများမှာသာ အသုံးချနိုင်တာ မဟုတ်ဘဲ Apple iPad, Google Android စမတ်ဖုန်းများ အစရှိတဲ့ မိုဘိုင်း ပစ္စည်းများမှာလည်း သုံးစွဲလာနိုင်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account