Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, January 23, 2012

ခွန်အား စိတ်ဓာတ် (၂)

တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင်
အောင့်အီးမထားပါနဲ့တော့
မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။

တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင်
တိတ်ဆိတ်မနေပါနဲ့တော့
ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။

တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင်
ခေါင်းမာတင်းခံမနေပါနဲ့တော့
လက်လွတ်သင့်ချိန် လွှတ်ချရက်မှ၊ လှည့်ထွက်သင့်ချိန် လှည့်ထွက်ရက်မှ
ရှေ့ဆက်လမ်းကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှမ်းနိုင်မှာဖြစ်တယ်။

ဘဝကို မျက်ရည်အဝဲသားနဲ့ ငါတို့ခရီးဆက်ရလည်း
မထင်မှတ်တဲ့အချိန်မှာ ဘဝက ငါတို့ကို အပြုံးတွေပေးပါလိမ့်မယ်။
.

အချစ် ခံစားချက် (၃)

စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ
စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ်
ဒါပေမယ့် စောင့်မျှော်ရင်းနဲ့
ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ်
လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။
တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...
.

အချစ် ခံစားချက် (2)

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။
မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။
နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။
ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။
နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။
နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။
လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်..
.

Sunday, January 22, 2012

Barcamp Mandalay Volunteers Meeting


၂၄-၁-၂၀၁၂ Barcamp Mandalay Volunteers Meeting ကို ၂၅-၁-၂၀၁၂ ရက်နေ့ညနေ ၅း၃၀ သို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပါကြောင်း...။

ကမ္ဘာ.အဆိပ်ပြင်းဆုံးသတ္တ၀ါ(၁၀)မျိုး

1.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)



ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားပါတဲ.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)ဖြစ်ပါတယ်။ဂျယ်လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊အာရုံကြောစုစည်းမူ.စနစ်၊အရေပြားဆဲလ် စတာတွေကိုချက်ခြင်းစီးဝင်ပျံနှံနိုင်ပါတယ်။ဂျယ်လီငါးရဲ.အညံဆုံးကိုခန္တာအစိတ်အပိုင်းတခုသည်ပင် လူတယောက်အား  မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ   သေဆုံးရတတ်သည်။ မြန်မာနိုင်ငံရှိကမ်းခြေများ မိုးတွင်းကာလ တွင် ရေတန်းငါးတခါတရံကျရောက်တတ်ပြီး ထိုငါးနှင်.ထိမိပါက မီးလောင်ဒဏ်ရာကဲ.သို. ဖြစ်ပေါ်တတ်သည်။အဆိပ်ပြင်းလှတဲ. ဂျယ်လီငါးကတော. အာရှနဲ.သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါတယ်


2. King Cobra


 လူသိများလှတဲ မြွေဟောက်ဘုရင် ဟာ အဆိပ်ရှိမြွေသတ္တ၀ါတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါတယ်။သူ.ရဲ.အခြားနာမည်တခုကတော.Ophiophagus hannah  ဖြစ်ပါတယ်။Ophiophagus ကို လုံးစေ.ပတ်စေ.   ပြောရမယ်ဆိုရင်   မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။တချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။အာရှတိုက်   တောင်ပိုင်းနှင်.အရှေ.တောင်အာရှတောနက် များတွင်တွေရတတ်သည်။


3. Marbled Cone Snail



စကျင်ကျောက်ပုံစံနှင်ခရုဖြစ်ပါတယ်။ကြည်.လှသလောက်အဆိပ်ပြင်းလှတဲ.အကောင်တွေထဲမှာ သူလဲပါပါတယ်။သူ.အဆိပ်ရည်တစက်  နှင်.ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါတယ်။ဆားငံရည်ပျော်ဝင်နေတဲ.ရေနွေးရှိရာဒေသတွေမှာ တွေရတတ်ပါတယ် သူဆူးထိမိခဲရင်အနှေးနှင်အမြန်ကြီးမားစွာဒုက္ခပေးတဲ.အကျိုးခံစားရမှာဖြစ်ပါတယ်။ ရောင်ရမ်ခြင်း၊မလူပ်ရှားနိုင်ဘဲတဆစ်ဆစ်ခံစားရပြီးဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ် သွပ်ချာပါဒ လိုက်သလို တုံဆိုင်းသွားပြီး အသက်ရူရခက်လာပြီး စသည်.ရောဂါလက္ခဏာ  များပြတတ်ပါတယ်။


4. Blue-Ringed Octopus


အပြာရောင်လပ်စွပ်ကွင်းပုံစံလေးနဲ.ရေဘ၀ဲပါ။အရွယ်အစားကတော.ဂေါက်သီး တလုံးရဲ . အရွယ်ခန်.ရှိ.ပါတယ် ။ သူ.လဲလူတယောက်ကို လွယ်လွယ်သေစေနိုင်ပါတယ်။လူ၂၆ခန်.ကို မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ.အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ.လက်တံနဲ.ထိမိ.တာနဲ.အာရုံကြောများမှတဆင်အဆိပ်ပြန်.၀င်ပြီးကြွက်သားများ  ပျောညံအားနည်းလာပြီးလေးလံထုံထိုင်းလာကာ အသက်ရူရပ် သေဆုံးတတ်ပါသည်။ဂျပန်နှင်သြစတေးလျှရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ၀င်ရောက်တဲ.ရေကန်များ မှာတွေ.နိုင်ပါတယ်။

5. Death Stalker Scorpion



 ဒီကင်းမြီးကောက်ကတော.ကိုက်ခံရပြီဆိုအာရုံကြောများမှအဆိပ်ပြန်.ပြီး လေငန်းစွဲသလို ဖြစ် မေးမြှောသေဆုံးနိုင်ပါတယ်။ သူ.ကိုတော.အာဖရိကတောင်ပိုင်းနှင်.အရှေ.အလယ်ပိုင်းတွေမှာတွေရတတ်ပါတယ်


6. Stonefish



 ဒီကျောက်ငါးကတောအလှပြိုင်ပွဲမှာဝင်ပြိုင်ရင်ဆုမရနိုင်ဘူးလား။သူလဲကမ္ဘာ.အဆိပ်ပြင်းငါးတမျိုးပါပဲ ထိတ်လန်.ပြိးတစ်ရူးတွေသေဆုံးကာနာရီးအနည်းငယ်အတွင်းမှာ ဆေးကူသမူမပြုလုပ်ရင် သေဆုံနိုင်ပါတယ် ပိစိဖိတ်နှင်အိန္ဒိယသမုဒ္ဒရာအပူပိုင်းရေတိမ်သောနေရာနှင်.ပင်လယ်နီqueensland  သောင်ခုံကျောက်တန်းများ တွင်    တွေ.ရှိနိုင်သည်။


7. The Brazilian wandering spider



ဘရာဇီးမှာလှည်.လည်သွားလာနေတဲ.ဒီငှက်ပျောသီးပင်.ကူဟာလူကိုအန္တရာယ်ပေးနိုင်ဆုံးဖြစ်ပြီး   နေ.ပိုင်းတွေမှာ အိမ်ရဲ.အတွင်းပိုင်း အင်္ကျီင်္ ၊ဖိနပ်၊ကားစသည်ဆို.မှာ ပုန်းခိုတတ်ပါတယ်


8. Inland Taipan



အပူပိုင်းမြွေဒေသမှ အဆိပ်ပြင်းလှတဲ. မြွေပါပဲ ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါတယ်

9. Poison Dart Frog



 အဆိပ်လက်နက်နဲ.ဖားလှလှလေးပါ။မိုးမျာတဲ.တောနက်ထဲမှာပြောလွားနေတတ်ပြီးတခါတရံ တောင်အမေရိကအလယ် ပိုင်းမှာတွေရပါတယ်။၂လက်မခန်အရှည်ရှိပါတယ်။လူနဲ.အခြားနို.တိုက်သတ္တ၀ါတွေကို  သေစေနိုင်ပါတယ်


10. Puffer Fish




 pufferငါးအကိုက်ခံ ပြီဆိုရင် ရေစီကြမ်းတဲ.နှလုံးကိုအရိုက်ခံရသလိုပါပဲသူ.ရဲ.နုတ်ခမ်းထူထူနဲ.လျှာတွေက လဲအဆိပ်ရှိပါတယ်အကိုက်ခံရတဲ.လူဟာကြွက်သားတွေတုန်.ဆိုင်းသွားမယ်ရင်ဘက်ပိုင်းနှင်.၀မ်းဗိုက်ပိုင်းကြား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါတယ်၊၊


http://wwwlinnzawhtike.blogspot.com/

ခံစားတတ်တဲ့ နှလုံးသား

ချစ်သူရယ်.....
သစ်ပင်တစ်ပင်မှာ ဓါးနဲ့ရေးခြစ်ခဲ့တဲ့စာတွေဟာ
စူးစူးနစ်နစ်နဲ့ ဖျောက်ဖျက်ဖြစ်ဖို့ မလွယ်နိုင်သလို
မင်းကိုချစ်တယ်ဆိုတဲ့ အကြောင်းတွေရေးခြစ်ထားတဲ့
ငါ့နှလုံးသားဟာလည်း ငါသေသွားခဲ့ရင်တောင်
နောင်နှစ်ပေါင်းများစွာတိုင် ငါနှလုံးသားထက်မှာ
တည်နေမှာပါ........

                                        Black Rose (Lover Poem)

Barcamp Mandalay Volunteers Meeting မှ ပုံရိပ်များ


၂၁.၁.၁၂ ညနေ ၄နာရီအချိန်က MCPA အသင်းရုံး၌ Barcamp Mandalay 2012 Volunteers Meeting ကျင်းပပြုလုပ်ခဲ့သည်။၎င်း ဆွေးနွေးပွဲတွင် တက်ရောက်လာသော ဗော်လန်တီယာများအနေဖြင့်
၁. လက်ကမ်းကြော်ငြာ ဝေခြင်း ကိစ္စ
၂. ပွဲနေ့တွင် Organizer များ Volunteer များစုပေါင်းကာ အခမ်းအနားပြင်ဆင်ရေး ကိစ္စ
၃. ပွဲလာရောက်သူများကို အမှတ်တရလက်ဆောင် ပေးဝေရေး ကိစ္စ
၎. အခန်းများတွင် တာဝန်ခံများချထားရေး ကိစ္စ တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။ထို့နောက် Organizer များ၊volunteerများက ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြရာ ပွဲနေ့တွင် (Organizer ၊ volunteerများသာ)
၁. တူညီဝတ်စုံ ၀တ်ဆင်ရေး (ဥပမာ- T Shirt နှင့်အတူ)
၂. ရင်ထိုးတပ်ဆင်ရေး
၃. ကဒ်ပြားများ ချိတ်ဆွဲရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်. ထို့နောက် အစည်းအဝေးကို ညနေ ၅း၃၀ တွင်ရုပ်သိမ်းခဲ့သည်.
ယခုအချိန်ထိ Barcamp Mandalay 2012 အတွက် ရထားသော sponsor ဦးရေများမှာ
1. Diamond Sponsor  - Available!
2. Platinum Sponsors -1 ဦး
3. Gold Sponsors      -3 ဦး
4. Silver Sponsors     -1 ဦး
5. Bronze Sponsors   -7 ဦး တို့ဖြစ်သည်.

    Diamond Sponsor များအနေဖြင့် ကျပ်သိန်းနှစ်ဆယ်
    Platinum Sponsor များအနေဖြင့် ကျပ်ဆယ်သိန်း
    Gold Sponsor များအနေဖြင့် ကျပ်ငါသိန်း
    Silver Sponsor များအနေဖြင့် ကျပ်နှစ်သိန်းငါးသောင်း
    Bronze Sponsor များအနေဖြင့် ကျပ်တစ်သိန်း

စသဖြင့် စပွန်ဆာ ကြေးများ သတ်မှတ်ထားပါသည်။ Sponsor ပေးလိုသူများအနေဖြင့် ကျွန်တော်တို့ MCPA အသင်းရုံးခန်းဖြစ်သော အခန်းအမှတ် D-226၊ ရွှေဖြူပလာဇာ ဒုတိယထပ် ၃၃လမ်းနှင့် ၇၇လမ်းထောင့် ဖုန်း ၀၂-၆၉၃၁၃၊၀၂-၆၉၃၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်. Volunteer အနေဖြင့် ပါဝင်လိုပါက MCPA အသင်း သို့လည်းကောင်း ၊ ဝေယံလင်း 09-910 42 825 သို့လည်းကောင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။






အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Thursday, January 19, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF ) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း။

by TheMessenger NewsJournal on Thursday, January 19, 2012 at 2:28pm
 
၁။ ဒေါ်ဘောက်ဂျာ       ပြည်သူ့လွှတ်တော်       ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ်။
၂။ ဦးမြတ်မိုးမြင့်          ပြည်သူ့လွှတ်တော်       မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်။
၃။ ဦးဝင်းထွန်း            ပြည်သူ့လွှတ်တော်       တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၎။ ဒေါ်နန်းကြူသန်းဝင်း ပြည်သူ့လွှတ်တော်       လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၅။ ဦးကျော်အောင်        ပြည်သူ့လွှတ်တော်       မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၆။ ဦးကျော်စိန်ဟန်       ပြည်သူ့လွှတ်တော်       မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
၇။ ဒေါ်ခင်ဖြူဖြူငြိမ်း      ပြည်သူ့လွှတ်တော်       မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၈။ ဦးကြီးမြင့်              ပြည်သူ့လွှတ်တော်       ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၉။ ဦးကြည်သန်း            ပြည်သူ့လွှတ်တော်       သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၀။ ဦးအောင်မျိုးလှိုင်    ပြည်သူ့လွှတ်တော်       မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
၁၁။ ဦးတင်ဝင်း           ပြည်သူ့လွှတ်တော်       ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
၁၂။ ဒေါ်ခင်စုစုအောင်   ပြည်သူ့လွှတ်တော်       မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။

ခွန်အား စိတ်ဓာတ်

ဆုံးရှုံးတယ်ဆိုတိုင်း သင်ဘယ်တော့မှ မအောင်မြင်နိုင်တော့တာမဟုတ်ဘူး။
စိတ်ဓာတ်ကျတယ်ဆိုတိုင်း သင့်ဘဝတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားတာမဟုတ်ဘူး။
နာကျင်ဝမ်းနည်းတယ်ဆိုတိုင်း သင်မပျော်ပိုက်နိုင်တော့တာ မဟုတ်ဘူး။
အကူအညီမဲ့တယ်ဆိုတိုင်း တလောကလုံးက သင့်ကိုလျစ်လျူရှုလိုက်တာမဟုတ်ဘူး။

တစ်ခါတလေမှာ...
သင့်ခံစားချက်၊ သင့်ထင်မြင်တွေးတောချက်တွေက
အမှန်တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူကျမနေဘူးဆိုတာ သင်နားလည်စေချင်ပါတယ်။
.

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှတစ်လအတွင်း ထွက်ခွာရန် တိုင်းသံဃာ့နာယကအဖွဲ့ကဆုံးဖြတ်

by 7Day News Journal on Thursday, January 19, 2012 at 3:01pm
 
ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယကအဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Lover Poem ကဗျာအသင်းမှ အဖွဲ့သားအသစ် ခေါ်ယူခြင်း

 အားလုံးဘဲ မင်္ဂလာပါဗျာ. ကျွန်တော်ဒီနေ့ အရမ်းကိုဝမ်းသာမိပါတယ်ဗျာ. ဘာလို့လဲဆိုတော့ ကျွန်တော်တို့အဖွဲ့ရဲ့ google account ပြန်လည်ရရှိလို့ပါ. အခိုးခံလိုက်ရတာ တော်တော်ကြာပါပြီ. အခုသူငယ်ချင်းတစ်ယောက်အကူအညီနဲ့ပြန်လည်ရရှိတာပါ.ဒါကြောင့် ကဗျာချစ်သူများ ဆုံစည်းနိုင်စေရန်အတွက်လည်း ကျွန်တော် စဉ်းစားထားပါတယ်.ကျွန်တော် အထက်တန်းကျောင်းသားဘ၀တုန်းက ကဗျာတွေစရေးလာခဲ့တာပါ.နောက်ပိုင်းမှာတော့ ခံစားချက်ခြင်းတူညီကြတဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ဒီ Lover Poem အဖွဲ့လေးကို ထောင်ဖြစ်ခဲ့တာပါ. ကျွန်တော် blog လေးတစ်ခုတော့ ဖွင့်ထားပြီးပါပြီ. အဲဒီ blog လေးမှာ ကဗျာဆရာတွေရဲ့ ကဗျာလက်ရာမွန်လေးတွေကို ဖော်ပြပေးဖို့ စိတ်ကူးထားပါတယ်. ဒါကြောင့် ကဗျာချစ်သူများ မိမိတို့၏ ကဗျာလက်ရာလေးတွေကို ဖော်ပြချင်ရင်တော့ ...............

Wednesday, January 18, 2012

Barcamp Mandalay sponsor update list

Diamond Sponsor
MCC.i Mandalay


Platinum sponsor
MCC Training Institute

Gold Sponsor
Aung Thamadi

Silver Sponsor
CAD Construction

Bronze sponsors
Central Computer
Harmony Construction
Unity Education
ဝင်းလဲ့ရွှေရည်အထည်ဆိုင် 
Myanmar Gemmological Institute

ရွှေမန်းမြို့၏ ဂုဏ်ကျက်သရေ (သို့)ရာဇ၀င်ထဲက သတို့သား

ကျွန်တော်ကတော့ မန်းလေးမှာမွေးလို့ မန်းလေးမှာ ကြီးပြင်းခဲ့တဲ့ မန်းလေးသားတစ်ယောက်ပါ.တစ်ခါတစ်လေ အလုပ်ကိစ္စ တစ်ချို့နဲ့ ခရီးသွားရင်တောင်မှ မွေးရပ်မြေဖြစ်တဲ့ မန်းလေးမြို့ကြီးကို လွမ်းမိပါတယ်.တကယ်လို့သာ မန်းလေးသားစစ်စစ်တစ်ယောက်က ရေခြားမြေခြားတိုင်းတစ်ပါးကို ရောက်နေခဲ့ရင်.......
ဒါကြောင့် မန်းလေးသားပီပီ ကျွန်တော်ရွှေမန်းသားလေးကရင်ဘက်ကြီးနဲ့ခံစားလို့ ရပ်ဝေးရောက်နေတဲ့ မန်းလေးသူ၊မန်းလေးသားတွေအတွက် အလွမ်းပြေ ရွှေမန်းမြို့၏ ဂုဏ်ကျက်သရေဆောင် မြနန်းစံကျော် ရွှေနန်းတော်ကြီး (သို့) ရာဇ၀င်ထဲက သတို့သားကို ခံစားကြည့်ရအောင်ဗျာ.















လွတ်လပ်စွာ ကူးယူခံစားခွင့်ပြုသည်.

ဒီပုံတွေကို တစ်စုတစ်စည်းထဲလိုချင်ပါက ဒီမှာ ယူသွားလိုက်ပါ.

အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

ငါချစ်တဲ့အမုန်း

ဆောင်းရာသီကို မြတ်နိုးပြီး
နှင်းဆီတွေကို ချစ်တဲ့ငါ
အမည်ကိုတောင် အကြင်နာနှင်းဆီလို့
ခေါ်တွင်စေတယ်...
ငါဟာလေ
ဝင်သွားတဲ့ နေ ကိုလည်းချစ်တယ်
ရွေ.လျားတဲ့ တိမ်ကိုလည်း နှစ်သက်တယ်
ပျံဝဲမယ့် လိပ်ပြာကိုလည်း ပျော်စေချင်တယ်
ရင်ထဲက လာတဲ့စကားဟာ စာသားထက် နက်နဲမယ်ဆိုရင်ပေါ့
ငါမုန်းတဲ့ အရာတွေလဲ ရှိတယ်
အသိုက်ပြောင်းတဲ့ ငှက်တွေကိုလဲမုန်းတယ်
အချစ်ဟောင်းကို စွန့်တဲ့ နင့်ကိုမုန်းတယ်
အောက်ချက်၊ ကြူပြန် အကောင့်မှန် မသုံးတဲ့နင့်ကိုမုန်းတယ်
ချစ်ခွင့်တွေလာလာပန် မရပြန်တော့ block ခံရတဲ့ ငါ့ကိုငါလည်းမုန်းတယ်
တစ်ယောက်ကို "ညလေး"   တစ်ယောက်ကို "မ" နဲ့
အသဲမပါဘဲ ကစားနေတဲ့ အွန်လိုင်းအချစ်သမားကြီး နင့်ကိုမုန်းတယ်
နင့်ကို...........မုန်းမယ်
နင့်ကို...........မုန်းမယ်
ဒါပေမယ့်လဲဟာ
မုန်းလျက်နဲ့ ချစ်တဲ့ငါပါ



                                                  အကြင်နာ နှင်းဆီ

အချစ် ခံစားချက်

သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။

ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။
.

Tuesday, January 17, 2012

Ubuntu Myanmar Guide မှစုစည်းထားသော E-Books




ကျနော်တို့အနေနဲ့ တတ်နိုင်သ၍ Ubuntu နဲ့ ပတ်သက်သော E-book တွေကို ရှာဖွေပြီး တင်ပေးသွားမှာပါ။ အခုလောလောဆယ် စုဆောင်းမိထားတာလေးကို ဖြည်းဖြည်းချင်း တင်ပေးသွားမှာ ဖြစ်ပါတယ်….အကြာင်းတစ်ခုခုကြောင့်၊ လင့်သေသွားတာပဲဖြစ်ဖြစ်၊ ဒေါင်းလို့ မရတာပဲဖြစ်ဖြစ်  Command ထားပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ်…ကျေးဇူးတင်ပါတယ်ခင်ဗျား…..
  1. Book-Introduction-to-Linux-A-Hands-on-Guide.pdf
  2. Linux-3-in-1byZAWLINYOUTH.pdf
  3. BatchPDFLibrary.pdf
  4. Book-Linux-Starter-Pack.pdf
  5. CompizConfig.pdf
  6. how-to-install-myanmar-font-on-ubuntu910.pdf
  7. Command-Reference.pdf
  8. Introduction-to-the-Command-Line-Second-Edition.pdf
  9. LinusOSMyanmarVersion.pdf
  10. Linux-Administrators-Quick-Reference.pdf
  11. Pidgin.pdf
  12. Linux-tips-everyone-should-know.pdf
  13. linux-commands.pdf
  14. Linux-FHS.pdf
  15. Linux-Security-Quick-Reference.pdf
  16. Ubuntuinstallaionwithwubi.pdf
  17. ubuntupocketguide-v1-1.pdf
  18. Ubuntu_Natty-UbuntuMyanmarLoCo.pdf
  19. Ubuntu_Myanmar_Wiki.pdf
  20. ubuntu-ref.pdf

TrueCrypt – secure file storage

TrueCrypt ဆော့ဝဲ အသုံးပြုပုံ အဆင့်အဆင့်ပါ။

ဆော့ဝဲကို ဒီမှာ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။  Microsoft Window & Mac & Linux အတွက် အကုန်ရှိပါတယ်။

အကောင်းဆုံးလူသားဖြစ်ဖို့ အကြံပေးချက်

by ကျော်ဇင် Dean


1.နေ့စဉ်10မိနစ်မှ မိနစ်30အထိလမ်းလျှောက်ပါ၊ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2.နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
3. ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါေ
စ ရရင်ရသလို နေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4. Eသုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5. Gameတွေ ကစားပေးပါ။
6. မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
7. တရားထိုင်းခြင်း၊ယောဂကျင့်ခြင်း
စတာတွေအတွက် နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8.သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက်70အရွယ်တွေနဲ့အသက်6နှစ်အော
က်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
9. နိုးနေတာထက် အိမ်မက်(စိတ်ကူး)များများမက်(
ယဉ်)ပါ။
10. အသားများများစားတာထက် အသီးအရွက်များများစားပါ။
11. ရေးများများသောက်ပါ။
12. တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်ေ
အာင်ပြုံးပြပါ။
13. အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
14. အတိတ်ကအမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ ပျော်အောင်နေပစ်ပါ။
15.သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံ
စားပေးပါ။
16.ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာ သိပါ။ ပြဿနာဆိုတာ သင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်
အပိုင်း
အစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်
ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17. မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ (ညစာလျှော့စား၊ စောနိုင်သမျှ စောစောစား)
ု18. လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီး များများပြုံးပါ။
19.ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့ အချိန်မဖြုန်းပါနဲ့၊ မုန်းနေတာတွေရှိရင် ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20.အလုပ်တွေလုပ်တဲ့အခါ အသည်းအသန်အပူတပြင်း မလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီး အမှားကင်းအောင်လုပ်ပါ။
21.အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေကို မဖြုန်းပါနဲ့။ နားလည်မှု အတတ်နိုင်ဆုံး ပေးလိုက်ပါ။
22. အတိတ်ကကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
23. သင့်ဘ၀ကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
24. သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာ သင်အပြင်တခြားလူ မရှိဘူးဆိုတာသိပါ။
25. အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ မြငကြည့်ပါ။
26. အခြားသူတွေ သင့်ကို ဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင် သင်ခံစားမနေပါနဲ့။
27. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
28.သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း(သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ်
့မယ်။ (ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်)
29. အသုံးမ၀င်တော့တဲ့အရာတွေကို အမြန်ဖယ်ရှားပါ။ လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
30.မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိ
ု သတိရပါ။
31. မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
32.ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာ နေပြပါ။
33. သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
34. မကြာခဏ မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး စကားပြောပါ။
35. သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
36. နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊အရာဝတ္တု၊စကား)
37. အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
38. သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။
--

Monday, January 16, 2012

ဓါတ်ပုံတွေကို သီချင်းတွေနဲ့ slide show လုပ်ချင်သူများ

ကျွန်တော့်ဆိုက်ကို လာလည်ကြတဲ့ဘော်ဒါတို့အတွက် ကျွန်တော် software ကောင်းလေးတစ်ခုပေးချင်ပါတယ်.ဒီ software လေးကတော့ ဓါတ်ပုံတွေနဲ့ သီချင်းတွေကိုတွဲပြီး သီချင်းခွေလုပ်ချင်တဲ့သူများအတွက်ပါ.Photo Slide Show software လေးတစ်ခုပါဘဲ.နာမည်ကတော့ ProShow.Gold.v3.2.2040 တဲ့.ရှိတဲ့သူတွေကတော့ ဒီကောင်လေးအစွမ်းထက်ပုံကိုတော့ သိပြီးကြမှာပါ.မရှိတဲ့သူတွေကလည်း မြန်မြန်လေး................ နောက်ကျနေဦးမယ်.
ကို့ကောင်မလေးကိုဘဲဖြစ်ဖြစ် ကောင်လေးကိုဖြစ်ဖြစ် လုပ်ပေးလိုက်ကြဦး.အဆင်ပြေရင်တော့ ကျွန်တော့်ကို သတိရကြဦးနော်.ရွှေမန်းသားလေးကြောင့်လို့.
မလုပ်တတ်မှာလည်း မပူနဲ့.ဘယ်လိုလုပ်ရလဲဆိုတာ ပုံနဲ့တကွ ရှင်းပြထားတဲ့ စာအုပ်ပါတစ်ခါတည်း ထည့်ပေးလိုက်တယ်နော်.Ready Ready Made Software.ဘယ်နိုင်ငံကမှ အဲလိုမထုတ်ပေးဘူး.Made in Shwe Man Tar ပေါ့ဗျာ ဟဲ......ဟဲ........
ဒါကြောင့် ကျွန်တော်ရှာပြီးတင်လိုက်တာနော်.လိုတဲ့သူများ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 16MB ကျော်ကျော်လောက်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

Download လုပ်ရန် လင့်များ

http://ifile.it/75t42uo

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

G talk အကြောင်းစုံစုံလင်လင်လေ့လာရအောင်

ကျွန်တော်တို့လို internet ကိုအသုံးပြုနေတဲ့သူတိုင်းမှာတော့ gmail အကောင့်တစ်ခုလောက်တော့ ရှိကောင်းရှိပါလိမ့်မယ်.ဒါပေမယ့် ဘယ်လိုစနစ်ကျစွာ အသုံးပြုရမလဲဆိုတာတော့ သိတဲ့သူရှားပါတယ်.အခုကျွန်တော်လည်း Gtalk နဲ့ ပတ်သက်တဲ့ စာအုပ်တော်တော်များများကို ရှာပြီးတင်ပေးလိုက်ပါတယ်.
Gtalk ကိုစနစ်တကျ သုံးစွဲတတ်စေချင်တဲ့စေတနာနဲ့ပါ.ကျွန်တော်လည်း ဒီစာအုပ်တွေကိုလေ့လာရင်း တတ်မြောက်ခဲ့လို့ ဘော်ဒါတို့ကိုလည်း ကျွမ်းကျင်စေချင်လို့ပါ.လိုချင်ရင်ကတော့ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 5MB ကျော်ကျော်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.

Download လုပ်ရန် လင့်များ

http://ifile.it/6bsk3v5

အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)

အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..
သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..
နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..“ အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ ”
အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
(၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..
ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..

မိမိချစ်သူက မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်း သစ္စာရှိနေဖို့.


အချို့ကတော့ ပင်ကို ဗီဇကောင်းပေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့် ချစ်သူ(ရည်းစား)တစ်ယောက်ထက် ပိုထား မိတာမျိုး ကြုံတတ်ပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ်လေ မိမိချစ်သူ(ရည်းစား)က မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်းပြီး ထာဝရ သစ္စရှိနေဖို့ လိုအပ်တယ်ဆိုရင် ဒီ အစီအမံ ကို လုပ်ကြည့်ပါ.
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်တစ်ရွက်သာဖြစ်ပါတယ်. စွယ်တော်ရွက်ရဲ့ အတွင်းဘက်မျက်နှာမှာ ဘောလ်ပင်နဲ့ အောက်ပါအတိုင်း စာရေးရပါမယ်.
အညှာဘက် စတင်ရေးရမယ်.စာရေးပြီးရင် အဲဒီနှစ်လွှာကို ပိတ်လိုက်ပါ စာရေးထားတဲ့ အတွင်းမှာ ရှိနေရမယ်.
“ ချစ်ခင်စွဲလမ်း” ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိရဲ့နာမည်ကိုရေးရမယ်.“ သစ္စာရှိစေ”ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေပြထားတဲ့ နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ရေးရပါမယ်. စာရေးပြီး နှစ်လွှာပြန်ပိတ်ထားတဲ့ စွယ်တော်ရွက်ကို ပလတ်စတစ်အကြည်အိတ်ကလေးထဲ သေချာထည့်၊ ရေမွှေးနည်းနည်းဖျန်းပြီးမှ မိမိရဲ့ ခေါင်းအုံးအောက်(သို့မဟုတ်) မွေ့ရာ အောက်မှာ ထည့်ပါ.
နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အဲဒီ စွယ်တော်ရွက်အိတ်ကလေးကို ညာလက်နဲ့ အုပ်ထားပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ.
“ ချစ်သူ(--)မှ ကျွန်ုပ်အပေါ် သစ္စရှိပြီး ကျွန်ုပ်တစ်ဦးတည်းကိုသာ ချစ်ခင် စွဲလမ်းနေဖို့ ကူညီပေးပါ”
ကျွန်ုပ်ဆိုတဲ့ နာမ်စားနေရာမှ မိမိနာမည်ကို ထည့်နိုင်ပါတယ်.ဒါမှမဟုတ် ကျွန်တော်(သို့မဟုတ်)ကျွန်မကိုလဲ ထည့်နိုင်တယ်.အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ထည့်ရွတ်ရမယ်.(ညအိပ် ခရီးဝေးတွေသွားရင် ယူသွားပြီး ရောက်တဲ့နေရာမှာ လုပ်လို့ရတယ်.)
စွယ်တော်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်အခါက ဗုဒ္ဓဟူးနေ့ ညနေပိုင်း (၆)နာရီမှ (၈)နာရီအတွင်း ဖြစ်စေရမယ်.ဘယ်နေ့ဖွား မဆို လုပ်နိုင်ပါတယ်.

ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..

ဘားကဲ့မ်ပ် မန္တလေး ၂၀၁၂



ဘားကဲ့မ်ပ် ဆိုတဲ့ဝေါဟာရ ပေါ်လာတာ ဆယ်စုနှစ်တစ်ခု မပြည့်သေးပါဘူး။ ပုံမှန်ကျင်းပရတဲ့ ထုံးတမ်းစဉ်လာ ညီလာခံတွေလို မဟုတ်တဲ့ ဆွေးနွေးပွဲ၊ မျှဝေပွဲ၊ ဖလှယ်ပွဲ၊ နှီးနှောပွဲ တစ်ခုသာ ဖြစ်ပါတယ်..ဒီနေ့ နည်းပညာခေတ်ကြီးထဲမှာ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အသစ်တွေ ပေါ်ထွက်လာနေပါတယ်..အဲဒီ ပေါ်လာသမျှ အသစ်တွေကို လူတိုင်း လက်လှမ်းမီဖို့ မလွယ်ပါဘူး။ နည်းပညာကို ရှာဖွေ စူးစမ်းတဲ့ လူကလည်း ဈာန်ဝင်ပြီး စူးစမ်းတယ်..ရသွားတဲ့ အခါမှာ မျှဝေချင်လာတယ်..လူတိုင်းကို အိမ်ခေါ်သင်ပေးဖို့ကလည်း မဖြစ်နိုင်။ ဒီတော့ နဲနဲစီ စုပြီး မျှဝေရရင်တော့ ကောင်းမှာပဲဆိုတဲ့ အကြံပေါ်လာတယ်..ဒီလိုနဲ့ပဲ ဘားကဲ့မ်ပ် ဆိုတာ ဖြစ်လာတာပါ..

Sunday, January 15, 2012

Timeline မှမူရင်းလက်ဟောင်းသို့ ပြန်ပြောင်းလိုကြသူများအတွက်........

ဒီ Post လေးကတော့ ကျွန်တော်ရေးလာခဲ့တာ 100posts ပြည့်တဲ့ post လေးပါ.
အမှတ်တရလေးအနေနဲ့ မစိမ့်စမ်းရေ ဆီကနေယူလိုက်တာပါ.


Timeline မှမူရင်းလက်ဟောင်းသို့ ပြန်ပြောင်းလိုကြသူများအတွက်........

Mozilla Firefox မှ Tools ကိုသွားပါ။
add on ကိုကလစ်ပါ။
Search all add ons တွင် User agent switcher ကိုရိုက်ထည့်ပါ။
User agent switcher 0.7.3 ကို install > Run လုပ်လိုက်ပါ။
Run ပြီးပါက > Tools ကိုပြန်သွားပါ။
Internet explorer 7 ကိုပြောင်းလိုက်ပါ။
ပြီးသွားရင်တော့ မူလလက်ဟောင်းလေးနဲ့ မျက်စိနောက်သက်သာပြီဖြစ်ပါကြောင်း။ :)

BarCamp Mandalay အစည်းအဝေးမှတ်တမ်း PR Team Part I ( 12.Jan.2012, 5:00-7:00 pm )

(1) Flyer = 2 ရက်အတွင်း ရမည်ဟု သိရ
(2) သတင်းစာကြော်ငြာ = ရတနာပုံသတင်းစာ booking ယူပြီး မန္တလေးနေ့စဉ် ဆက်သွယ်ဆဲ
(3) T-shirt = Sponsor များမှ Confirm လုပ်သည်နှင့် စတင်ရိုက်နိုင်
(4) Press release = ကျင်းပပြီးစီး (နေ့ရက် + အချိန် + နေရာ အတည်ပြုပြီး)
(5) Sticker = ယခင်နှစ်ကထက် ၁ ဆခွဲခန့် size ကြီးမည် (ပိုလှ၊ ပိုခန့် စေရန်)
(6) ရင်ထိုး = ယခုနှစ် အမှတ်တရ လက်ဆောင်သစ် (ဆရာ SMT မှ တာဝန်ယူပြီး)
(7) မှတ်သားရန် စာရွက်အလွတ် (Plain sheet with letter head and sponsor logo)
= ယခင်နှစ် မှတ်စုစာအုပ် အစား ပိုမိုများများ ဝေနိုင်ရန် ပြောင်းလဲစီစဉ်သည်
(8) Stemp = ယခုနှစ် တံဆိပ်တုံး အသစ် အသုံးပြုပြီး မှတ်တမ်းတင်နိုင်မည်ဖြစ်
(9) Invitation letter = letter head ထည့်ပြီးလျှင် International Barcamper များအား
ဖိတ်ကြားနိုင်ရန် web site တွင် တင်ပေးမည် ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...

My Account