Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!
Tuesday, January 17, 2012
Ubuntu Myanmar Guide မှစုစည်းထားသော E-Books
ကျနော်တို့အနေနဲ့ တတ်နိုင်သ၍ Ubuntu နဲ့ ပတ်သက်သော E-book တွေကို ရှာဖွေပြီး တင်ပေးသွားမှာပါ။ အခုလောလောဆယ် စုဆောင်းမိထားတာလေးကို ဖြည်းဖြည်းချင်း တင်ပေးသွားမှာ ဖြစ်ပါတယ်….အကြာင်းတစ်ခုခုကြောင့်၊ လင့်သေသွားတာပဲဖြစ်ဖြစ်၊ ဒေါင်းလို့ မရတာပဲဖြစ်ဖြစ်  Command ထားပေးခဲ့ဖို့ ပန်ကြားအပ်ပါတယ်…ကျေးဇူးတင်ပါတယ်ခင်ဗျား…..
  1. Book-Introduction-to-Linux-A-Hands-on-Guide.pdf
  2. Linux-3-in-1byZAWLINYOUTH.pdf
  3. BatchPDFLibrary.pdf
  4. Book-Linux-Starter-Pack.pdf
  5. CompizConfig.pdf
  6. how-to-install-myanmar-font-on-ubuntu910.pdf
  7. Command-Reference.pdf
  8. Introduction-to-the-Command-Line-Second-Edition.pdf
  9. LinusOSMyanmarVersion.pdf
  10. Linux-Administrators-Quick-Reference.pdf
  11. Pidgin.pdf
  12. Linux-tips-everyone-should-know.pdf
  13. linux-commands.pdf
  14. Linux-FHS.pdf
  15. Linux-Security-Quick-Reference.pdf
  16. Ubuntuinstallaionwithwubi.pdf
  17. ubuntupocketguide-v1-1.pdf
  18. Ubuntu_Natty-UbuntuMyanmarLoCo.pdf
  19. Ubuntu_Myanmar_Wiki.pdf
  20. ubuntu-ref.pdf
TrueCrypt – secure file storage
TrueCrypt ဆော့ဝဲ အသုံးပြုပုံ အဆင့်အဆင့်ပါ။
ဆော့ဝဲကို ဒီမှာ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။  Microsoft Window & Mac & Linux အတွက် အကုန်ရှိပါတယ်။
အကောင်းဆုံးလူသားဖြစ်ဖို့ အကြံပေးချက်
by ကျော်ဇင် Dean
1.နေ့စဉ်10မိနစ်မှ မိနစ်30အထိလမ်းလျှောက်ပါ၊ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2.နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
3. ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါေ
စ ရရင်ရသလို နေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4. Eသုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5. Gameတွေ ကစားပေးပါ။
6. မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
7. တရားထိုင်းခြင်း၊ယောဂကျင့်ခြင်း
စတာတွေအတွက် နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8.သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက်70အရွယ်တွေနဲ့အသက်6နှစ်အော
က်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
9. နိုးနေတာထက် အိမ်မက်(စိတ်ကူး)များများမက်(
ယဉ်)ပါ။
10. အသားများများစားတာထက် အသီးအရွက်များများစားပါ။
11. ရေးများများသောက်ပါ။
12. တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်ေ
အာင်ပြုံးပြပါ။
13. အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
14. အတိတ်ကအမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ ပျော်အောင်နေပစ်ပါ။
15.သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံ
စားပေးပါ။
16.ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာ သိပါ။ ပြဿနာဆိုတာ သင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်
အပိုင်း
အစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်
ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17. မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ (ညစာလျှော့စား၊ စောနိုင်သမျှ စောစောစား)
ု18. လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီး များများပြုံးပါ။
19.ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့ အချိန်မဖြုန်းပါနဲ့၊ မုန်းနေတာတွေရှိရင် ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20.အလုပ်တွေလုပ်တဲ့အခါ အသည်းအသန်အပူတပြင်း မလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီး အမှားကင်းအောင်လုပ်ပါ။
21.အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေကို မဖြုန်းပါနဲ့။ နားလည်မှု အတတ်နိုင်ဆုံး ပေးလိုက်ပါ။
22. အတိတ်ကကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
23. သင့်ဘ၀ကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
24. သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာ သင်အပြင်တခြားလူ မရှိဘူးဆိုတာသိပါ။
25. အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ မြငကြည့်ပါ။
26. အခြားသူတွေ သင့်ကို ဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင် သင်ခံစားမနေပါနဲ့။
27. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
28.သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း(သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ်
့မယ်။ (ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်)
29. အသုံးမ၀င်တော့တဲ့အရာတွေကို အမြန်ဖယ်ရှားပါ။ လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
30.မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိ
ု သတိရပါ။
31. မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
32.ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာ နေပြပါ။
33. သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
34. မကြာခဏ မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး စကားပြောပါ။
35. သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
36. နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊အရာဝတ္တု၊စကား)
37. အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
38. သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။
--
Monday, January 16, 2012
ဓါတ်ပုံတွေကို သီချင်းတွေနဲ့ slide show လုပ်ချင်သူများ
ကျွန်တော့်ဆိုက်ကို လာလည်ကြတဲ့ဘော်ဒါတို့အတွက် ကျွန်တော် software ကောင်းလေးတစ်ခုပေးချင်ပါတယ်.ဒီ software လေးကတော့ ဓါတ်ပုံတွေနဲ့ သီချင်းတွေကိုတွဲပြီး သီချင်းခွေလုပ်ချင်တဲ့သူများအတွက်ပါ.Photo Slide Show software လေးတစ်ခုပါဘဲ.နာမည်ကတော့ ProShow.Gold.v3.2.2040 တဲ့.ရှိတဲ့သူတွေကတော့ ဒီကောင်လေးအစွမ်းထက်ပုံကိုတော့ သိပြီးကြမှာပါ.မရှိတဲ့သူတွေကလည်း မြန်မြန်လေး................ နောက်ကျနေဦးမယ်.
ကို့ကောင်မလေးကိုဘဲဖြစ်ဖြစ် ကောင်လေးကိုဖြစ်ဖြစ် လုပ်ပေးလိုက်ကြဦး.အဆင်ပြေရင်တော့ ကျွန်တော့်ကို သတိရကြဦးနော်.ရွှေမန်းသားလေးကြောင့်လို့.
မလုပ်တတ်မှာလည်း မပူနဲ့.ဘယ်လိုလုပ်ရလဲဆိုတာ ပုံနဲ့တကွ ရှင်းပြထားတဲ့ စာအုပ်ပါတစ်ခါတည်း ထည့်ပေးလိုက်တယ်နော်.Ready Ready Made Software.ဘယ်နိုင်ငံကမှ အဲလိုမထုတ်ပေးဘူး.Made in Shwe Man Tar ပေါ့ဗျာ ဟဲ......ဟဲ........
ဒါကြောင့် ကျွန်တော်ရှာပြီးတင်လိုက်တာနော်.လိုတဲ့သူများ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 16MB ကျော်ကျော်လောက်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.
Download လုပ်ရန် လင့်များ
http://ifile.it/75t42uo
အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)
G talk အကြောင်းစုံစုံလင်လင်လေ့လာရအောင်
ကျွန်တော်တို့လို internet ကိုအသုံးပြုနေတဲ့သူတိုင်းမှာတော့ gmail အကောင့်တစ်ခုလောက်တော့ ရှိကောင်းရှိပါလိမ့်မယ်.ဒါပေမယ့် ဘယ်လိုစနစ်ကျစွာ အသုံးပြုရမလဲဆိုတာတော့ သိတဲ့သူရှားပါတယ်.အခုကျွန်တော်လည်း Gtalk နဲ့ ပတ်သက်တဲ့ စာအုပ်တော်တော်များများကို ရှာပြီးတင်ပေးလိုက်ပါတယ်.
Gtalk ကိုစနစ်တကျ သုံးစွဲတတ်စေချင်တဲ့စေတနာနဲ့ပါ.ကျွန်တော်လည်း ဒီစာအုပ်တွေကိုလေ့လာရင်း တတ်မြောက်ခဲ့လို့ ဘော်ဒါတို့ကိုလည်း ကျွမ်းကျင်စေချင်လို့ပါ.လိုချင်ရင်ကတော့ ယူသွားလိုက်ကြပါ.ဆိုက်ဒ်ကတော့ 5MB ကျော်ကျော်ဘဲ ရှိပါတယ်.အားလုံးပျော်ရွှင်ကြပါစေ.
အကယ်၍ Password တောင်းလာပါက waiyanlinnmdy လို့သာ ရိုက်ပေးလိုက်ပါ.အဆင်ပြေသွားပါလိမ့်မယ်.
Download လုပ်ရန် လင့်များ
http://ifile.it/6bsk3v5
အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး(နည်းပညာ)
အချစ်ရေးပြန်အဆင်ပြေစေဖို့
ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..
သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..
နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..“ အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ ”
အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
(၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..
ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..
မိမိချစ်သူက မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်း သစ္စာရှိနေဖို့.
အချို့ကတော့ ပင်ကို ဗီဇကောင်းပေမယ့် အခြေအနေနဲ့ ပတ်ဝန်းကျင်ကြောင့် ချစ်သူ(ရည်းစား)တစ်ယောက်ထက် ပိုထား မိတာမျိုး ကြုံတတ်ပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ်လေ မိမိချစ်သူ(ရည်းစား)က မိမိတစ်ဦးတည်းကိုသာ ချစ်ခင်စွဲလမ်းပြီး ထာဝရ သစ္စရှိနေဖို့ လိုအပ်တယ်ဆိုရင် ဒီ အစီအမံ ကို လုပ်ကြည့်ပါ.
အဓိက လိုအပ်တဲ့ပစ္စည်းကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်တစ်ရွက်သာဖြစ်ပါတယ်. စွယ်တော်ရွက်ရဲ့ အတွင်းဘက်မျက်နှာမှာ ဘောလ်ပင်နဲ့ အောက်ပါအတိုင်း စာရေးရပါမယ်.
အညှာဘက် စတင်ရေးရမယ်.စာရေးပြီးရင် အဲဒီနှစ်လွှာကို ပိတ်လိုက်ပါ စာရေးထားတဲ့ အတွင်းမှာ ရှိနေရမယ်.
“ ချစ်ခင်စွဲလမ်း” ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိရဲ့နာမည်ကိုရေးရမယ်.“ သစ္စာရှိစေ”ဆိုတဲ့ စာသားအပေါ်က အစက်ကလေးတွေပြထားတဲ့ နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ရေးရပါမယ်. စာရေးပြီး နှစ်လွှာပြန်ပိတ်ထားတဲ့ စွယ်တော်ရွက်ကို ပလတ်စတစ်အကြည်အိတ်ကလေးထဲ သေချာထည့်၊ ရေမွှေးနည်းနည်းဖျန်းပြီးမှ မိမိရဲ့ ခေါင်းအုံးအောက်(သို့မဟုတ်) မွေ့ရာ အောက်မှာ ထည့်ပါ.
နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အဲဒီ စွယ်တော်ရွက်အိတ်ကလေးကို ညာလက်နဲ့ အုပ်ထားပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ.
“ ချစ်သူ(--)မှ ကျွန်ုပ်အပေါ် သစ္စရှိပြီး ကျွန်ုပ်တစ်ဦးတည်းကိုသာ ချစ်ခင် စွဲလမ်းနေဖို့ ကူညီပေးပါ”
ကျွန်ုပ်ဆိုတဲ့ နာမ်စားနေရာမှ မိမိနာမည်ကို ထည့်နိုင်ပါတယ်.ဒါမှမဟုတ် ကျွန်တော်(သို့မဟုတ်)ကျွန်မကိုလဲ ထည့်နိုင်တယ်.အစက်ကလေးတွေ ပြထားတဲ့နေရာမှာတော့ မိမိချစ်သူရဲ့ နာမည်ကို ထည့်ရွတ်ရမယ်.(ညအိပ် ခရီးဝေးတွေသွားရင် ယူသွားပြီး ရောက်တဲ့နေရာမှာ လုပ်လို့ရတယ်.)
စွယ်တော်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်အခါက ဗုဒ္ဓဟူးနေ့ ညနေပိုင်း (၆)နာရီမှ (၈)နာရီအတွင်း ဖြစ်စေရမယ်.ဘယ်နေ့ဖွား မဆို လုပ်နိုင်ပါတယ်.
ဝန်ခံချက်။ ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..
ဘားကဲ့မ်ပ် မန္တလေး ၂၀၁၂
ဘားကဲ့မ်ပ် ဆိုတဲ့ဝေါဟာရ ပေါ်လာတာ ဆယ်စုနှစ်တစ်ခု မပြည့်သေးပါဘူး။ ပုံမှန်ကျင်းပရတဲ့ ထုံးတမ်းစဉ်လာ ညီလာခံတွေလို မဟုတ်တဲ့ ဆွေးနွေးပွဲ၊ မျှဝေပွဲ၊ ဖလှယ်ပွဲ၊ နှီးနှောပွဲ တစ်ခုသာ ဖြစ်ပါတယ်..ဒီနေ့ နည်းပညာခေတ်ကြီးထဲမှာ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အသစ်တွေ ပေါ်ထွက်လာနေပါတယ်..အဲဒီ ပေါ်လာသမျှ အသစ်တွေကို လူတိုင်း လက်လှမ်းမီဖို့ မလွယ်ပါဘူး။ နည်းပညာကို ရှာဖွေ စူးစမ်းတဲ့ လူကလည်း ဈာန်ဝင်ပြီး စူးစမ်းတယ်..ရသွားတဲ့ အခါမှာ မျှဝေချင်လာတယ်..လူတိုင်းကို အိမ်ခေါ်သင်ပေးဖို့ကလည်း မဖြစ်နိုင်။ ဒီတော့ နဲနဲစီ စုပြီး မျှဝေရရင်တော့ ကောင်းမှာပဲဆိုတဲ့ အကြံပေါ်လာတယ်..ဒီလိုနဲ့ပဲ ဘားကဲ့မ်ပ် ဆိုတာ ဖြစ်လာတာပါ..
Sunday, January 15, 2012
Timeline မှမူရင်းလက်ဟောင်းသို့ ပြန်ပြောင်းလိုကြသူများအတွက်........
ဒီ Post လေးကတော့ ကျွန်တော်ရေးလာခဲ့တာ 100posts ပြည့်တဲ့ post လေးပါ.
အမှတ်တရလေးအနေနဲ့ မစိမ့်စမ်းရေ ဆီကနေယူလိုက်တာပါ.
Timeline မှမူရင်းလက်ဟောင်းသို့ ပြန်ပြောင်းလိုကြသူများအတွက်........
Mozilla Firefox မှ Tools ကိုသွားပါ။
add on ကိုကလစ်ပါ။
Search all add ons တွင် User agent switcher ကိုရိုက်ထည့်ပါ။
User agent switcher 0.7.3 ကို install > Run လုပ်လိုက်ပါ။
Run ပြီးပါက > Tools ကိုပြန်သွားပါ။
Internet explorer 7 ကိုပြောင်းလိုက်ပါ။
ပြီးသွားရင်တော့ မူလလက်ဟောင်းလေးနဲ့ မျက်စိနောက်သက်သာပြီဖြစ်ပါကြောင်း။ :)
BarCamp Mandalay အစည်းအဝေးမှတ်တမ်း PR Team Part I ( 12.Jan.2012, 5:00-7:00 pm )
(1) Flyer = 2 ရက်အတွင်း ရမည်ဟု သိရ
(2) သတင်းစာကြော်ငြာ = ရတနာပုံသတင်းစာ booking ယူပြီး မန္တလေးနေ့စဉ် ဆက်သွယ်ဆဲ
(3) T-shirt = Sponsor များမှ Confirm လုပ်သည်နှင့် စတင်ရိုက်နိုင်
(4) Press release = ကျင်းပပြီးစီး (နေ့ရက် + အချိန် + နေရာ အတည်ပြုပြီး)
(5) Sticker = ယခင်နှစ်ကထက် ၁ ဆခွဲခန့် size ကြီးမည် (ပိုလှ၊ ပိုခန့် စေရန်)
(6) ရင်ထိုး = ယခုနှစ် အမှတ်တရ လက်ဆောင်သစ် (ဆရာ SMT မှ တာဝန်ယူပြီး)
(7) မှတ်သားရန် စာရွက်အလွတ် (Plain sheet with letter head and sponsor logo)
= ယခင်နှစ် မှတ်စုစာအုပ် အစား ပိုမိုများများ ဝေနိုင်ရန် ပြောင်းလဲစီစဉ်သည်
(8) Stemp = ယခုနှစ် တံဆိပ်တုံး အသစ် အသုံးပြုပြီး မှတ်တမ်းတင်နိုင်မည်ဖြစ်
(9) Invitation letter = letter head ထည့်ပြီးလျှင် International Barcamper များအား
ဖိတ်ကြားနိုင်ရန် web site တွင် တင်ပေးမည် ဖြစ်သည်။
Friday, January 13, 2012
Cambridge Advanced Learner’s Dictionary 3rd Edition
အစ်ကိုတစ်ယောက်ကလည်း လိုတယ်ဆိုတာနဲ့ ကျွန်တော့်ဆီမှာလည်း အဆင်သင့်မရှိသေးလို့ပါ။ တိုက်ရိုက်လင့်ခ်လေးတွေကနေပဲ တစ်ခါတည်းတင်ပေးသွားပါ့မယ်။ Cambridge Advanced Learner’s Dictionary 3rd Edition လေးဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်။ ကျွန်တော် Filesonic ရော၊ Uploading ကရော တင်ပေးလိုက်ပါတယ်။ Premium Accounts လေးတွေကိုတော့ ကျွန်တော့် ဆီမှာပဲ တစ်ခါတည်းတင်ပေးထားပါတယ်။ ဒီလင့်ခ်လေးမှာ ယူလိုက်ပါ။ Portable လေးဖြစ်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
Windows 7 Manager 3.0.8 Final (x86/x64)
ကျွန်တော်အခု ကျွန်တော့်ရဲ့ အစ်ကိုတွေအတွက်  Windows 7 Manager Update လေးထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ System  တွေနဲ့ hardware information တွေကိုလည်းအသေးစိတ်ကအစ ကြည့်ရှူနိုင်ခြင်း ၊မိမိတို့စက်ထဲမှာရှိတဲ့ running processes နဲ့ threads တွေရဲ့ အချက်အ လက်တွေ ကိုလည်းအသေးစိတ်ကြည့်နိုင်ခြင်း၊Windows 7 Manager မှာ 1-clicking cleans system automatically လည်းပါဝင်ခြင်း၊windows startup and shutdown speed ကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊ hardware တွေရဲ့ system speed နဲ့ performance တွေကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊မ        လိုအပ်တဲ့  system tasks တွေကိုလည်း Turn off လုပ်ပေးနိုင်ခြင်း၊ Registry Cleaner ကလည်း မိမိတို့ရဲ့ incorrectly linked registry entries အလိုအလျောက်ဖယ်ရှားပေးခြင်း နဲ့စတဲ့ Features လေးတွေတော်တော်များများကိုပါဝင်ပါတယ်။ ကျွန်တော်နောက်ထပ် Update လေးတွေထွက်လာတိုင်းလဲ ကျွန်တော်အချိန်မှီတင်ပေးသွားပါ့မယ်။
ကျွန်တော်နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့် လင့်ခ်လေးကနေ သာယူသွား လိုက်ပါဗျာ။အောက်က အဆင်ပြေမယ့် လင့်ခ်လေးကနေယူသွား လိုက်ပါဗျာ။ကျွန်တော်တို့ Keygen လေးကိုတော့ Window 7 Manager လေးတင်ပြီးမှသာ Run လို့ရပါတယ်။ ကျွန်တော်ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ်။ ကြည့်ကြည့်ပေးပါဗျာ။  အထဲမှာ 32 ရော 64 ပါတစ်ခါတည်း ထည့်ပေးထားပါတယ်။
LTE, WiMAX and WLAN Network Design, Optimization and Performance Analysis
ဒီစာအုပ်လေးကတော့  ကျွန်တော်တို့ရဲ့ Data Transmission ပိုင်းတွေ Network သမိုင်းကြောင်းတွေ ,Network Modeling,Network Layer, Protocols, Wireless LAN, WiMAX, Universal Mobile Telecommunication System – Long Term, Evolution (UMTS-LTE), Broadband Standards Comparison, Wireless Network Design စတဲ့ အသေးစိတ်အကြောင်းတွေကို Introduction ကနေစပြီးရှင်းပြပေးထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဗျာ။ စာများများဖတ်နိုင်ရင် ကျွန်တော်တို့ အတွက် အဆင်ပြေနိုင်ပါလိမ့်မယ်။  ဖိုင်ဆိုဒ်ကတော့ 16.3 MB ပဲရှိပါတယ်။ ကျွန်တော်ခဏခဏ ပြောသလိုပါပဲ။ မဖတ်ရင်တောင် ဆောင်ထားလိုက်တာ မမှားပါဘူးဗျာ။ အောက်မှာ ယူသွားလိုက်ပါ။
ကျွန်တော်အားလုံးအဆင်ပြေအောင် သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။
A4DeskPro Flash Website Builder 6.10
ဒါလေးကတော့ Websites သမားအများစုသိကြမယ်ထင်ပါတယ်။ Flash Website Builder လေးတစ်ခုပါ။ အထဲမှာ သူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်။ သူ့အတွက် Features လေးတွေကို အသေးစိတ်အထဲမှာ ထပ်ထည့်ပေးထားပါတယ်။ flash website တွေကို Browsers လေးတွေနဲ့ ကိုက်ညီအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Flash/programming skills တွေ Flash software တွေမလိုပါဘူး။  Windows 95/98/ME/2000/NT/XP/Vista/7 အားလုံး Support လုပ်ပေးပါတယ်။  အထဲမှာလည်း Features လေးတွေထပ်ထည့်ပေးထားပါသေးတယ်။ ဖတ်ကြည့်လိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 21.34 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဗိုလ်ချုပ်ခင်ညွန့် ပြောကြားချက် – talks
http://moemaka.com/2012/01/talks/
တောင်ငူထောင်မှ လွတ်လာသော ဦးခွန်ထွန်းဦး၏ ပြောကြားချက် – Eleven Weekly ဂျာနယ်
“နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ် ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီအပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ အတွက် ပြောင်းလဲလာတယ် လို့မြင်တယ်။
နိုင်ငံအနေနဲ့ အရမ်းကြီးကံဆိုးမှသာ ရှေ့ဆက် ဆိုးသွားနိုင်တယ်။ အခုလို အနေအထားအတိုင်း ဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ် ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လို ဆက်လုပ် မယ် ဆိုတာတော့
မသိသေးဘူး။
သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကိုမင်းကိုနိုင်၏ ပြောကြားချက် – Eleven Weekly ဂျာနယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။
ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။
ရှေ့ဆက်ပြီး ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊
သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မ ရှိဘူး။
သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။
ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြောကြားချက် – The Voice ဂျာနယ်
အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊ သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်မှာစိုးတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။ စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။ မိသားစုနဲ့ ၇ နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။
အခုကတော့ ဘုရားတရား အလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ်။
Barcamp ဗော်လန်တီယာအဖြစ်ပါဝင်ဆောင်ရွက်လိုပါက
ဘားကန့် အတွက်ကျွန်တော်တို့ ဗော်လန်တီယာတွေ စတင်ခေါ်ယူနေပါပြီ။ မနှစ်ကလူများအားလုံးကို ပြန်တွေ့ ချင်နေသလို အသစ်ပါဝင်အားဖြည့်မယ်သူငယ်ချင်းအသစ်တွေကိုလဲကျွန်တော်တို့ မြင်ချင်နေပါပြီ။  ဇန်နာဝါရီလ နှစ်ဆယ့်တစ်ရက်နေ့ မှာတွေ့ စုံပွဲရှိပါတယ်ခင်ဗျာ။ နေရာကတော့  ရွှေဖြူပလာဇာ MCPA အစည်းအဝေးခန်းမပဲဖြစ်ပါတယ်။
ဗော်လန်တီယာအဖြစ်ပါဝင်ဆောင်ရွက်ကူညီလိုပါက..
လက်တလော သတင်းများ (ညနေ ၃း၄၀ မိနစ်)
ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ ၁၀ ဦးနှင့် စစ်ထောက်လှမ်းဟောင်း ၃ ဦးအား နံနက် ၈ နာရီအချိန်တွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၁၀ ဦးမှာ ရွှေမောင်(ခ)ဆံရှည်၊ ဖြိုးမောင်မောင်စိုး(ခ)ဖြိုးကြီး၊ ၀င်းမော်(ခ)မော်ကြီး၊ ဇော်မင်း(ခ)ဘောင်းဘောင်း၊ အောင်ကျော်ကျော်(ခ)ဘောကြီး၊ မျိုးမင်း၊
ကရင်လေး၊ တင်အောင်စိုး(ခ) စိုးစိုး၊ စိုင်းလတ်အောင်နှင့် ခင်မောင်အေးတို့ဖြစ်ကြပြီး စစ်ထောက်လှမ်းရေးဟောင်း ၃ ဦးမှာ စိုးညွန့်၊ မောင်မောင်နိုင်နှင့် ဝေထွန်းဦးတို့ဖြစ်ကြသည်။
လက်တလော သတင်းများ (ညနေ ၃း၃၈ မိနစ်)
ကိုနေဘုန်းလတ်၊ကိုစည်သူဇေယျ တို့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ယနေ့လွတ်မြောက်လာကြောင်းသိရသည်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ဦနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်) ၏ သားမက် ဦးအေးဇော်ဝင်း နှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့ လွတ်မြောက်ကြောင်း သိရပါသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ရန်ကုန်လေဆိပ်သို့ ယနေ့မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင်ရောက်ရှိကြောင်း Messengerသတင်းထောက်ကမင်္ဂလာဒုံလေဆိပ်မှသတင်းပေးပို့သည်။
(Bar Camp Mandalay 2012) အတွက် Volunteer များအား ဖိတ်ခေါ်ခြင်း
လာမည့် ဖေဖော်ဝါရီ (၄) ရက်နှင့် (၅) ရက်နေ့များတွင်
မန္တလေးမြို့၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊
ရွှေဖြူပလာဇာ ဒုတိယထပ်တွင် ကျင်းပမည့်
ဘားကမ့်မန္တလေး ၂၀၁၂ (Bar Camp Mandalay 2012) အတွက်
Volunteer များအား ဖိတ်ခေါ်ပါသည်။
ယမန်နှစ် ပထမအကြိမ်ကျင်းပသည့်
ဘားကမ့်မန္တလေး ၂၀၁၁ က တက်ကြွစွာပါဝင်ခဲ့ကြသည့်
Volunteer များနှင့်အတူ လာမည့် ဘားကမ့်ကျင်းပရာတွင်
အောင်မြင်အဆင်ပြေချောမွေ့စေရေးအတွက်
ပါဝင်လုပ်အားပေးလိုကြသည့်
စိတ်ပါဝင်စားသူများအားလုံးကို ချစ်ခင်ရင်းနှီးစွာ
ဖိတ်ကြားအပ်ပါသည်။
Volunteer စာရင်းများကို ရွှေဖြူပလာဇာ ဒုတိယထပ်ရှိ
MCPA နှင့် MCIA အသင်းရုံးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ ...
၀၂-၆၉၃၁၃၊ ၆၉၃၁၅ ဖုန်းနံပါတ်များမှတဆင့်ဖြစ်စေ..
ဆက်သွယ်စာရင်းပေးသွင်းစေလိုပါသည်။
Volunteers များအားလုံးပါဝင်သည့် အစည်းအဝေးကို
လာမည့် ဇန်န၀ါရီ ၂၁ ရက် စနေနေ့ ညနေ ၄း၀၀ တိတိအချိန်တွင်
ရွှေဖြူပလာဇာ ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်သွားမည့်ဖြစ်၍ မပျက်မကွက်တက်ရောက်ပေးကြပါရန်လည်း
လေးစားစွာဖိတ်ကြားအပ်ပါသည်။
Barcamp is
ဘားကမ့် (barcamp) ဆိုတာ အများနဲ့ဆိုင်တဲ့နေရာပါ။ ကျေးလက်က လက်ဖက်ရည်ကြမ်းဝိုင်းလို အပြုသဘော ဆက်ဆံရေး၊ လိုသူမေး၊ ပိုသူပေး လို့ လူတိုင်းပါဝင်နိုင်တဲ့ အသိပညာ အတတ်ပညာ ဖလှယ်တဲ့ပွဲမျိုးပါ။
ပုံမှန် ဆွေးနွေးပွဲ ဟောပြောပွဲတွေလိုမျိုး ခေါင်းစဉ်တွေ အကြောင်းအရာတွေ ကြိုတင်စီစဉ်၊ကြော်ငြာထားခြင်း မရှိပဲ ဘားကမ့်ကို တတ်ရောက်လာတဲ့ သူတိုင်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။မည်သည့် ကဏ္ဍ ဟူ၍ ကန့်သတ်ထားခြင်း မရှိပဲ မိမိနှစ်သက်ရာ စိတ်ဝင်စားရာ အကြောင်းအရာများကို မိမိနှင့် စိတ်တူကိုယ်တူဝါသနာတူများ စု၍ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနိုင်ရန် ဘားကမ့်စီစဉ်သူများမှ အခန်းများ စီစဉ်ထားပေးမှာပဲဖြစ်ပါတယ်။ ပြောဆိုဆွေးနွေးလိုသူများ အဆင်ပြေ စေရန်အတွက်လည်း ဘားကမ့် ကျင်းပတဲ့နေ့မှာ ဆွေးနွေးကြမည့်ခေါင်းစဉ်တွေကို တစုတစည်းတည်း ဖော်ပြထားနိုင်ဖို့ ကြော်ငြာသင်ပုန်းတွေ စီစဉ်ပေးထားဦးမှာဖြစ်ပါတယ်။
ဘားကမ့်ကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲဆိုရင်  လူတိုင်းတက်ရောက်သင့်ပါတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။ ဘားကမ့်ဆိုတာ  တဦးချင်းတယောက်ချင်းအကျိုးအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲမဟုတ်ပဲ  အများအကျိုးအတွက် ပြုလုပ်တဲ့ ပွဲဖြစ်တာကြောင့် လူတိုင်းနဲ့ သက်ဆိုင်တဲ့ပွဲဖြစ်ပါတယ်။ ဘားကမ့်ရဲ့ အဓိက ရည်ရွယ်ချက်ကိုက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊နည်းပညာ အစရှိသဖြင့် နယ်ပယ်ပေါင်းစုံက လူပေါင်းစုံရဲ့ အမြင်တွေ အသိတွေကို အချင်းချင်း လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ရင်း ပိုမိုတိုးတက်တဲ့ လူမှုဝန်းကျင်ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဘားကမ့် ရဲ့ အကျိုးရလဒ်အဖြစ်ကတော့  ဒေသတွင်းရှိ ပြန့်ကျဲနေတဲ့ အားတွေကို တစုတစည်းတည်းအဖြစ် စုစည်းနိုင်ပြီး  ရလဒ်ကောင်းတွေကို တက်ညီလက်ညီဖြင့် ဆက်လက် ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။  လူ့စွမ်းအားအရင်းအမြစ်ရဲ့ တန်ဖိုးကို ဘားကမ့်မှာ  လက်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ယမန်နှစ် ဖေဖော်ဝါရီ ၁၁ရက် နှင့် ၁၂ရက်တွင် ပထမအကြိမ်အဖြစ် ဘားကမ့်မန္တလေး ကို ကျင်းပခဲ့ပါတယ်။ ခေါင်းစဉ်စုံစုံလင်လင် ဖြစ်ခဲ့ပြီး  တက်ရောက်သူ ဦးရေ စုစုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပါတယ်။
ဘားကမ့် ကိုတက်ရောက်ကြမည့်သူများအနေဖြင့် အသိပညာ ဗဟုသုတများသာ မကပဲ  ဘားကမ့်မန္တလေး အမှတ်တရ တီရှပ် နှင့် အခြား အမှတ်တရလက်ဆောင်များလည်း  ရရှိကြဦးမှာပဲဖြစ်ပါတယ်။ ဘားကမ့်ဟာ တက်ရောက်လာသူတွေ အတွက်  အကျိုးရှိစေမှာသေချာတဲ့ အတွက် ဖေဖော်ဝါရီ ၄ရက် နှင့် ၅ရက်တွင် ကျင်းပမယ့် ဒုတိယအကြိမ် ဘားကမ့် မန္တလေး သို့ ဝမ်းပန်းတသာ ဖိတ်ခေါ်လိုက်ပါတယ်။
 Barcamp Mandalay Website မှကူးယူဖော်ပြခြင်းဖြစ်ပါသည်.
အားလုံးကို ကျေးဇူးတင်လျက်........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
မင်္ဂလာရှိသော နေ့ရက်လေး
ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာပြည်ကြီးရဲ့ မင်္ဂလာရှိသော နေ့သစ်ကြီးပါ.အားလုံး မျှော်လင့်နေကြတဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေဟာ ပြည့်ဝလာခဲ့ပါပြီ. ရှေ့ဆက်လျှောက်လှမ်းမယ့် နိုင်ငံတော်သစ်ကြီးအတွက်လည်း
အောင်မြင်ခြင်း ရောင်နီတွေ ထွန်းလင်းလာပြီဟု ကျွန်တော်ထင်ပါတယ်.
ထွန်းလင်းလာတဲ့ ရောင်နီများရဲ့ ပုံရိပ်တွေကိုလည်း မျှဝေခံစားကြည့်ရအောင်ဗျာ.........
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အကျဉ်းထောင်မှလွတ်မြောက်လာစဉ်
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အကျဉ်းထောင်မှလွတ်မြောက်လာစဉ်
လွတ်လပ်စွာ ရယ်မောနေသည့် ဦးခင်ညွန့်တို့ ဇနီးမောင်နှံ
သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်
ဘားအံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုနေဘုန်းလတ်(ဘလော့ဂါ)အား တွေ့ရစဉ်
ဘားအံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုနေဘုန်းလတ်(ဘလော့ဂါ)အား တွေ့ရစဉ်
 မင်္ဂလာရှိသော နေ့ရက်များနှင့် တိုးတက်ပါစေ မြန်မာပြည်......
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
Adroit Photo Recovery 2012 (ဓါတ်ပုံချည်းသီးသန့် ပြန်ပြီး recovery လုပ်လိုသူများအတွက်ပါ)
နီတိုးအစ်ကိုရေ ကျွန်တော်က ဓါတ်ပုံဆရာပါ. အဲ့ဒါ Canon RAW CR2 သုံးပါတယ်. သူက auto format ချလိုက်မိတယ် ဘယ်လိုပြန်ယူရမလဲ ကူညီပါဦးအစ်ကိုရေ. ပြဿနာက အကြီးအကျယ် တက်နေလို့ပါ.
ညီလေးရေ အဆင်မပြေမှာစိုးလို့ နောက်ဆုံးထွက် version တင်ပေးလိုက်ပါတယ်. ဘာတွေရသလဲ အောက်မှာ ဖတ်ကြည့်ပေးပါ
Thursday, January 12, 2012
ကရင်အမျိုးသား အစည်းအရုံး ( KNU ) မှ တောင်းဆိုသည့် အချက် ( ၁၁ ) ချက်။
by The Voice Weekly on Thursday, January 12, 2012 at 2:55pm
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် အစီအစဉ်တွင် KNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်။
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
ပေါ့ပေါ့ပါးပါး Freeware လေးတွေ စုပေးထားတဲ့ နေရာ
Freeware Portable တွေကို စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
  အဲဒီဆိုက်မှာ ဆိုရင် အခမဲ့ ရယူနိုင်တဲ့ Portable Software တွေ အားလုံးကို တစ်နေရာတည်းမှာ တွေ့ရနိုင်ပါလိမ့်မယ်။ CrackVersion ကို သုံးရင် Crack Tools တွေထဲကနေ Torjan Virus တို့ တခြား Virus တို့ ကူးစက်တတ်လို့ Freeeware ကိုပဲ ရှာဖွေသုံးတဲ့သူတွေ ရှိတတ်တာမို့ပါ။ Software တွေကို အလွယ်တကူ ရှာလို့ရအောင် Search Box လေး ထည့်ပေးထားပါသေးတယ်။ Software အခု ၅၀၀ လောက် ရှိနေတာကြောင့် ကိုယ်လိုချင်တဲ့ဟာကို ရှာဖွေတွေ့နိုင် ပါလိမ့်မယ်။ သူ့ထဲမှာ အများဆုံး ရှာထားတဲ့ (Popular Serach)၊ အများဆုံးရှာတဲ့ ခေါင်းစဉ် (Popular Title)၊ နောက်ဆုံး တင်ထားတဲ့ Software (Recent Posts)၊  နောက်ဆုံးပေးထားတဲ့ မှတ်ချက် (Popular Comments) ဆိုပြီး ခွဲပေးထားတဲ့အတွက် ရှာရပိုလွယ်တာ တွေ့ရမှာ။ Software တွေကို အသုံးပြုပုံ နည်းလမ်းတွေကို သေချာရှင်းပြ ပေးထားလို့ စသုံးခါစ သူတွေအတွက် အဆင်ပြေမှာပါ။ ပြီးတော့ ဒီဟာလေးက Portable လေး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Stick ထဲမှာ ထည့်ပြီး ကြိုက်တဲ့နေရာကို ယူဆောင်သွားပြီး ကြိုက်တဲ့စက်မှာ သုံးနိုင်မှာပါ။ စမ်းသပ်ပြီး အသုံးပြုချင်တယ်ဆိုရင် http://www.portablefreeware.com/ မှာ သွားရောက် Download လုပ်ပြီး သုံးနိုင်ပါလိမ့်မယ်။   
Related Posts Plugin for WordPress, Blogger...
My Account