Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, June 30, 2012

Adobe Premiere Pro CS4 Version 4


Adobe Premiere Pro CS4 software, the start-to-finish solution for video production that includes Adobe OnLocation CS4 and Encore CS4 software. Save time with a tapeless workflow, project intelligence with new XMP metadata support, dozens of editing enhancements, and tight integration with other Adobe software. Reach a wide audience by delivering your content to virtually any screen.
    Create high-quality visual and editorial effects directly within the editing timeline; edit faster with powerful editing tools that give you precise control and real-time feedback; add color correction and other effects, audio filters, and more
   

Water Your Body

Water Your Body ဆိုတဲ့ Application ကတော့ Android အသုံးပြုသူတွေ အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ် အလေးချိန်နဲ့ တွက်ချက်ပြီး ရေဘယ်လောက် ပမာဏကို ဘယ်အချိန်မှာ သောက်ရမယ် ဆိုတာကို အချက်ပေးတဲ့ Application ဖြစ်ပါတယ်။

Cartoon Camera

Catoon Camera Application ကတော့ ဖုန်းမှာရှိတဲ့ Camera ကနေပြီး ကာတွန်းပုံတွေနဲ့ အခြား Effect  ပါဝင်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးချင်သူများ အတွက် အသုံးဝင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ 

SMS ပေးပို့ရုံဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် အလှူငွေ ပေးအပ်နိုင်မည့် အစီအစဉ်ကို ပြန်လည်စတင်မည်

ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများအနေဖြင့် Yatanarpon Call Center သို့ Donate ဟူသော စာသားကို SMS တစ်ကြိမ် ပေးပို့လိုက်သည်နှင့်  ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေ ၅ဝဝ ကျပ် အလိုအလျောက် လှူဒါန်းပြီးဖြစ်မည့် အစီအစဉ်ကို ပြန်လည် စတင်သွားမည်ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အနာဂတ်ကာလတွင် အသုံးပြုလာမည့် World Wide Web နည်းပညာများ” ဟောပြောပွဲကျင်းပမည်"

နော်ဝေးနိုင်ငံရှိ Opera Software Company Ltd မှ Chief Technical Office တစ်ဦးဖြစ်သူ Mr. Hakon Wium Lie မှ “အနာဂတ်ကာလတွင် အသုံးပြုလာမည့် World Wide Web နည်းပညာများ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။

Friday, June 29, 2012

msi AE 2071 All in One PC



Photo
msi AE 2071 All in One PC ကတော့ Intel &JU H61 Chipset ကို အသုံးပြုထားပါတယ်။ Intel Pentium Processor G630 က 2.7GHz နှုန်းနဲ့ အလုပ်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။  Memory ကတော့ DDR3 2GB  ထိပါရှိပြီး 8GB ထိ အမြင့်ဆုံး တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

iM2 Mic



Photo
iPad,iPhone အပြင် iPod များနဲ့ပါ တွဲဖက်ပြီး High Quality Recording  ပြုလုပ်လိုသူများအတွက် iDevices များနဲ့ တွဲဖက် သုံးစွဲနိုင်မယ့်  TASCAM အမှတ်တံဆိပ် iM2 model mic ဖြစ်ပါတယ်။

iPhone များတွက် 3 in 1 Photo lens changer



Photo
iPhone များတွင် ကင်မရာ lens ကို ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲ ရိုက်ယူသုံးစွဲနိုင်သည့် ollo clip 3 in 1 photo lens changer ဖြစ်ပါတယ်။  ဒီကင်မရာ lens changer မှာ ဘောလုံးကွင်း တစ်ခုလုံးအား အပေါ်စီးက ခြုံငုံရိုက်ယူနိုင်စွမ်းရှိတဲ့ Fish eye model ပန်းဝတ်မှုံလေးများနဲ့ သေးငယ်တဲ့ 

Viva Case



Photo
New iPad အတွက် အသစ်ထပ်မံ ထုတ်လုပ်လိုက်တဲ့ Viva အမှတ်  တံဆိပ် Case ဖြစ်ပါတယ်။  သားရေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အေးမြမှု ရှိတဲ့အပြင် တုန်ခါမှုကိုလည်း ကာကွယ် ပေးတယ်လို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network Operation Center တည်ထောင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက Network Operation Center (NOC) ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။  အဆိုပါ ဆောင်ရွက်ချက်အတွက်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ “ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ Network ချို့ယွင်းမှုတွေကို လှမ်းကြည့်နိုင်အောင် Network Operation Center တည်ထောင်တာ ဖြစ်ပါတယ်။ ဘယ်ဆက်သွယ်ရေးစခန်းမှာ ဘယ်လိုအမှား (Fault) ဖြစ်နေတယ်ဆိုတာကို စင်တာက နေလှမ်းကြည့်နိုင်မှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NOC နှင့် ပတ်သက်၍ ပြောကြားသည်။

Acer ASM 193 System Unit



Photo
Acer ASM 1935 System Unit ကတော့ Branded Desktop တစ်မျိုးဖြစ်ပြီး Second Generation Processor ဖြစ်တဲ့ Intel Dual Core G630 (2.7GHz) ကို တပ်ဆင်ထားပါတယ်။ 

ကမ္ဘာ့အပါးလွှာဆုံး Acer Aspire S5 Notebook



Photo
CES 2012 ပြပွဲတွင် ကမ္ဘာ့အပါးလွှာဆုံး notebook အဖြစ် မိတ်ဆက်ခဲ့သည့် Acer Aspire S5 ultrabook နှင့် ပတ်သက်ပြီး တန်ဖိုးနှင့် အသေးစိတ် အချက်အလက်များကို  ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

Windows Phone 8 ကို Microsoft တရားဝင် မိတ်ဆက်



Photo
Microsoft  ကုမ္ပဏီမှ ၎င်း၏ မိုဘိုင်း platform  သစ်တစ်ခုဖြစ်သည့် Windows Phone 8 operating system ကို ဆန်ဖရန်စစ္စကို၌ စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း  သိရသည်။

Ubuntu OS ပေါ်တွင် Download Manager များ ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Application တွေ များစွာရှိရာ အင်တာနက် အသုံးပြုတဲ့ Ubuntu User တွေအတွက် အင်တာနက်နဲ့ ဆက်စပ်ပြီး သုံးရမယ့် Application တွေ များစွာ ရှိပါတယ်။  အင်တာနက် အသုံးပြုတဲ့ Application တွေထဲမှ ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ စွမ်းအားပြည့် ဒေါင်းလုပ်ပြုလုပ်နိုင်မယ့် Ubuntu OS ပေါ်မှာ အသုံးပြုနိုင်မယ့် Download Manager အချို့ ထည့်သွင်း အသုံးပြုပုံကို ရွေးချယ်တင်ပြလိုက်ပါတယ်။

Android OS ဖုန်းများတွင် Ubuntu OS တက်၍ အသုံးပြုနိုင်မည်



Photo
လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိကြသော Android OS ဖုန်းအချို့ပေါ်တွင် ကွန်ပျူတာများ၌ အသုံးပြုသော Ubuntu OS အား ထည့်သွင်းကာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Android OS ပေါ်တွင် Ubuntu အားထည့်သွင်း အသုံးပြုရာ၌ ဖုန်းတွင်ပါဝင်သော Android OS အား ဖျက်ရန် မလိုအပ်ဘဲ ကွန်ပျူတာများတွင် Windows  နှစ်ခုတင်ကာ အသုံးပြုသကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Orient Tablet ဝယ်ယူသူတိုင်း Micro SD 8GB (Silicon Power) အခမဲ့ ထည့်သွင်း ထပ်တိုးပေးမည်



Photo
Orient Tablet (M 70027) ဝယ်ယူသူတိုင်း Storage 12GB ထိ အသုံးပြုနိုင်ရန် Micro SD 8 GB (Silicon Power) အခမဲ့ ထည့်သွင်း ထပ်တိုးပေးထားမည်ဟု သတင်းရရှိသည်။  Orient Tablet သည် A10 Cortex A8.10 GHz ကို အသုံးပြုထားပြီး  Andriod OS 4.0.3 ပါဝင်ကာ Memory 512 MB ရှိပါတယ်။

Sony ICD- AX412 Recorder



Photo
Sony အမှတ်တံဆိပ် Model- ICD- AX412 ဖြင့် Recorder တစ်မျိုး ဝင်ရောက်လာပါတယ်။ Recorder မှာ မိုက်နှစ်လုံး ပါဝင်ပါတယ်။  ဒါ့အပြင် အသံဆူညံမှုကို ဖယ်ရှားပေးတဲ့ Noise Cut စနစ် ပါဝင်ပါတယ်။

လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်မည့် Motion Game Stick



Photo
လှုပ်ရှားမှုနဲ့ ဆော့ကစားနိုင်တဲ့ Genius အမှတ်တံဆိပ် Motion Game Stick ဖြစ်ပါတယ်။  G-sensor ပါဝင်တဲ့အတွက် ကြိုးမဲ့ ချိတ်ဆက် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံလုပ် IP ကင်မရာ ဝင်ရောက်



Photo
မန်းဈေးကွက်ကို အမေရကန်နိုင်ငံလုပ် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တဲ့ လုံခြုံရေး IP ကင်မရာများ ဝင်ရောက်လာပါတယ်။ 

Nikon Coolpix L24



Photo
ဈေးနှုန်း ကျပ် ၇၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူ အသုံးပြုနိုင်မယ့် Nikon Coolpix L24 (Original) ကင်မရာ ဖြစ်ပါတယ်။  14.0 Megapixels ပါဝင်ပြီး Optical Zoom ကို ၃.၆ ဆ အထိ ဆွဲယူ အသုံးပြုနိုင်ပါတယ်။

Reader Speaker



Photo
Multi-Function MP3 speaker အမျိုးအစားဖြစ်ပြီး သွားလေရာ သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  BQ-20 မော်ဒယ်အမျိုးအစား ဖြစ်ပြီး iPod/MP3/MP4/PC/Phone စတာတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ FM ရေဒီယိုလည်း ဖမ်းယူ အသုံးပြုနိုင်ပါတယ်။ MiniSD ကတ်ပေါက် ပါဝင်တဲ့အတွက် SD ကတ်ထဲက သီချင်းတွေကိုလည်း နားထောင်နိုင်မှာ ဖြစ်ပါတယ်။

LiteOn External Slim DVD/CD Writer



Photo
LiteOn အမှတ်တံဆိပ် My Disk Suite External Slim DVD/CD Writer ကိုတော့ DVD Writer ဟာ အမြန်နှုန်း 8x နဲ့ ရေးဖတ်နိုင်မှာ ဖြစ်ပြီး  iPhone, iPad များနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Thursday, June 28, 2012

“ တောင်တမန်သက်သေ မောင့်မျက်ရည် ”


လေပြေရူးတို့ တိုက်ကာမြူး
လက်ပံကြွေတဲ့ ဒီနွေဦး...
သစ်ရွက်ခြောက်တွေ မြေမှာပြေး
တမ်းတမိတယ် မျက်နှာလေး...
အတူသွားခဲ့ ကျောက်တော်ကြီး
ထိုင်ကာငိုင်ကာ မျှော်နေမိ...
အတူလျှောက်သည့် မြေနီလမ်း
မှန်းကာတမ်းဆ လျှောက်ခါလွမ်း...
အတူထိုင်တဲ့ သစ်ပင်အောက်
ပြန်ရောက်မိတော့ အလွမ်းတွေပေါက်...
ချစ်သူ ဘယ်ဆီရောက်နေနေ
မောင့်ရင်ထဲက အချစ်ဟာလေ
တောင်တမန်သက်သေ မောင့်မျက်ရည်...

လင်းယံခ (မြန်မာစာ)

နန်းဆန်တော်ဝင် ပန်းသဇင်

နန်းဆန်တော်ဝင် ပန်းသဇင်

ဆံနွယ်ရှည် ကျောမှာချလို့
လှပါတဲ့ ပျိုကညာ
ချီးမွမ်းကာမှ ငြင်းရက်တယ်
တော်ဝင်နန်းထိုက် ပန်းသခင်မလေးရယ်.......
မြင်သူတိုင်း စွဲလမ်းလောက်တယ်ကွယ်.....

လင်းယံခ (မြန်မာစာ)
21/6/2012
6:00PM

Facebook ဒါရိုက်တာအဖွဲ့တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို ခန့်အပ်



Photo
စတင်တည်ထောင်ချိန်မှ စတင်ကာ Facebook ၏ ဒါရိုက်တာ အဖွဲ့ဝင်များ စာရင်းတွင် အမျိုးသားများကိုသာ ခန့်အပ် တာဝန်ပေးခဲ့သော်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးကို စတင် ခန့်အပ်လိုက်သည်။ Facebook ဒါရိုက်တာအဖွဲ့ရှိ နံပါတ် ၂ နေရာအား ရယူလိုက်သော အမျိုးသမီးမှာ ရှယ်လီဆန်းဘတ်ခ်ဆိုသူ ဖြစ်ပြီး သူမမှာ ၂၀၀၈ ခုနှစ်မှ စတင်၍ ကုမ္ပဏီသို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ အသက် ၄၂ နှစ် အရွယ်ရှိ ဆန်းဘတ်ခ်မှာ ကုမ္ပဏီ၏ chief operating officer ရာထူးကို စတင် ထမ်းဆောင်ခဲ့ပြီးနောက် ကြော်ငြာလုပ်ငန်းကိုလည်း တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
 

Related Posts Plugin for WordPress, Blogger...

My Account