Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, January 28, 2012

အချစ်စစ်အချစ်မှန်ရှာဖွေနေသောသူများအတွက်

တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးရှိရာသို့ အသက်အားဖြင့် (၂၄)နှစ် ခန့်ရှိသော ရုပ်ရည်ချောမောလှပသော အင်ကြင်းမေဟုအမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြ၍ အကူအညီတောင်းလေ၏။ ဆရာရေ ကျွန်မကတော့ စကားပြောရင် ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အခုလည်း ကျွန်မဆရာကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဟု ပြောလေ၏။ထိုအခါကျွန်ုပ်ကလည်း...

အိပ်မက်လှလှမက်ပါစေ

(မူရင်း-အဘမင်းသိင်္ခ) ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။ မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ...

မိမိအပေါ် စိတ်ကုန်နေသောချစ်သူ- ပြန်လာစေဖို့

မိမိအခန်းထဲမှာ ညဘက်ပြုလုပ်ပါ။ လင်ဗန်းတစ်ချပ်ထဲမှာ သဲထည့်ပါ။ အဲဒီသဲထဲကို ရေထည့်ပြီး ညီညာအောင် ညှိပါ။ ၎င်း သဲပေါ်တွင် မိမိ၏ ချစ်သူအမည်ကိုရေးပါ။ ချစ်သူ၏အမည်ပေါ်တွင်နှင်းဆီပန်းတစ်ပွင့်တင်လိုက်ပါ။ ၎င်းနှင်းဆီပန်းပေါ်တွင် ရေခဲတုံးတထွာလောက်တစ်တုံးတင်ပြီး ကျွန်မရဲ့မေတ္တာရေအေးအေးလေးတွေကြောင့် မောင် .. အေးချမ်းပါစေလို့ ဆုတောင်ပေးပါ။ ရေခဲတုန်းအရည်ပျော်အောင်စောင့်ပါ။ ပြီးရင် နှင်းဆီပန်းကို မိမိ၏ခေါင်းအုန်းအောက်တွင် (၃)-၇က်ဆက်တိုက်ထားအိပ်ပါ။ သဲတွေကိုတော့ စွန့်ပစ်လိုက်ပါ။ အဲဒီလိုဆောင်ရွက်လိုက်မယ်ဆိုရင် သင့်ကိုမေ့လျော့-အချစ်ပေါ့နေတဲ့ သင်၏ချစ်သူဟာ သင့်ဆီကို အမြန်ဆက်သွယ်လာပါလိမ့်မည်။ အားလုံးအဆင်ပြေနိုင်ကြပါစေ..................

ထီပေါက်ကံ၊ချဲပေါက်ကံကောင်းစေသောနည်းစနစ်

တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်း၌ တစ်ယောက်ထဲ ထိုင်၍ အကြောင်းအရာ တစ်ခုကို လေးလေးနက်နက် စဉ်းစားနေမိလေသည်။ ထိုအကြောင်း အရာမှာ ကျွန်ုပ်၏ ဗေဒင် ဟောခန်အတွင်းသို့ အကြောင်းအမျိုးမျိုးနှင့် ရောက်လာကြသော သူများသည် များသောအားဖြင့် ဘယ်အရာကို အများဆုံး အလိုရှိကြသနည်း။ ဘာတွေကို အကူအညီ လိုအပ်၍ အဝေးတစ်နေရာမှ အပင်ပန်းခံ၍ ရောက်လာကြသနည်း။ ငါကကော သူတို့ လိုအပ်သော...

လူချစ်လူခင်များပြီး စန်းပွင့် လာဘ်ရွှင် အောင်မြင်ချင်သူများအတွက်...

ကျွန်တော်တို့ ဗေဒင်ဆရာအခန်းကို ဗေဒင်မေးရန် ရောက်လာကြသူများတွင် လူအများစု မဖြစ်မနေ မေးလေ့မေးထရှိသော မေးခွန်းတစ်ခုမှာ “လူချင်လူခင်များအောင် ဘယ်လိုလုပ်ရပါမလဲ” ဟူသော မေးခွန်း ဖြစ်သည်။ လူချစ်လူခင်များသည် ဆိုသောဝေါဟာရမှာ အတော်ပင် ထူးဆန်းသော အရာပင်ဖြစ်သည်။ ချစ်ခင်သူများ သည်ဆိုသော ဝေါဟာရနှင့် တွဲယှက်လာသော စကားမှာ လူမုန်းမျာသည်ဟူသော စကားပင်ဖြစ်သည်။ ထိုအရာနှစ်ခုသည် ကျွန်တော်တို့ လူ့ပါတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ မဖြစ်မနေ ကြားနေရ တွေ့နေရ မြင်နေရသော စကားလုံး နှစ်လုံးပင် ဖြစ်ပါသည်...။ သင်... သည် သင့်ပတ်ဝန်းကျင်အား အနည်းငယ် သတိထားပြီး စောင့်ကြည့်မည်ဆိုပါက...

ချစ်လူမိုက် (သို့) အချစ်သူရဲကောင်း

ပုံပေါ်တွင်ကလစ်နှိပ်၍ကြည့်ပါ ကျွန်ုပ်၏ ဘ၀တွင် မကြာခန ဆိုသလို အင်မတန် ထူးဆန်းသော မိန်းမ တော်တော်များများနဲ့ ကြုံတွေ့ ရတတ်လေ၏။ ကျွန်ုပ်တွေ့ဘူးသော မိန်းမများတွင် လွန်စွာချစ်တတ်သော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှလည်း အမုန်းကြီး၍ ရက်စက်တတ်သော မိန်းများလည်း ပါ၏။ လွန်စွာ သနားကျင်နာတတ်၍ စိတ်နှလုံး ဖြူစင်လှသော မိန်းမများလည်းပါ၏။ ထို့အတူ လွန်စွာမှ စိတ်ကောင်း လုံးဝမရှိသော...

Barcamp Mandalay 2012 Sponsors List

မန္တလေး ဘားကန့်  ၂၀၁၂ အားဖြစ်မြောက်ရန် အားပေးကူညီခဲ့သော အောက်ပါ စီးပွားရေး လုပ်ငန်းရှင်များ ၊ အဖွဲ့ အစည်းများအား မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။Diamond SponsorYatanarpon TeleportPlatinum Sponsor MCC.iGold Sponsors Aung Thamardi Golds & Jewellery ShopExcellent Softwares And Games International English School eTmZarni ElectrionicRedLink Silver Sponsors  CAD...

Welcome from Barcamp Mandalay 2012 !

  ကျွန်တော်ရွှေမန်းသားလေးက နိုင်ငံအသီးသီးမှာ ရှိကြတဲ့ သူငယ်ချင်းများကို ဒီဖိတ်စာလေးနဲ့ Barcamp Mandalay ကိုတက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ.... အားလုံးကိုခင်မင်လေးစားလျက်......ရွှေမန်းသားလေး ဝေယံ (နည်းပ...

Thursday, January 26, 2012

“ရမ်နစ်” ဗိုင်းရပ်စ်ကြောင့် Facebook ပါ့စ်ဝါ့ဒ် အမြောက်အမြား အခိုးခံရ

ပုံစံသစ်ရမ်နစ် ကွန်ပျူတာ ဗိုင်းရပ်စ်သည် Facebook ပါ့စ်ဝါ့ဒ်များကို ထောင်နှင့်သောင်းနှင့် ချီ၍ ခိုးယူခဲ့ကြောင်း သိရသည်။  များသောအားဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှ အသုံးပြုသူများ၏ ပါ့စ်ဝါ့ဒ်များ အခိုးခံရကြောင်း သုတေသီများက ဆိုကြသည်။ ယင်းကွန်ပျူတာ ဗိုင်းရပ်စ် သဘောဆောင်သည့် ထိန်းချုပ် စေခိုင်း၍ ရသော ကွန်ပျူတာ ပရိုဂရမ်တစ်ခု အင်တာနက်ထဲတွင် ပေါ်ပေါက်နေကြောင်းကို...

သင်ရဲ့ ညစ်ပေနေတဲ့ hardware တွေကို သန့်ရှင်းရေးလုပ်မယ်

စီးကပ်ညစ်ပတ်နေတဲ့ mouse နဲ့ ခနော်ခနဲ့ keyboard တွေက သင့် PC ရဲ့ စွမ်းဆောင်ရည်တွေကို ကျစေပါတယ်။  ဒါတွေကတော့ သင်ညစ်ပတ်နေတဲ့ hardware တွေ သန့်ရှင်းဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ Monitor screen တွေ ရစေဖို့ Monitor တွေကို သန့်ရှင်းရေးလုပ်ဖို့ နည်းတွေအများကြီး ရှိပါတယ်။ သန့်ရှင်းရေးလုပ်ဖို့အတွက် monitor ကို အရင်ပိတ်ပါ။ စိုထိုင်းထိုင်း အဝတ်ပျော့တစ်ခုကိုယူပြီး...

မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင်သည့် ဆော့ဖ်ဝဲအခမဲ့ ရယူနိုင်

မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာများတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင် ဖော်ပြပေးနိုင်သည့် ဆော့ဖ်ဝဲကို  အခမဲ့ ထည့်သွင်းပေးလျက် ရှိကြောင်း ၎င်းဆော့ဖ်ဝဲ ထည့်သွင်းပေးသည့် Myanmar Explore မှ ၁၈-၁-၂၀၁၂ ရက်က သိရသည်။ “ဒီဆော့ဖ်ဝဲကို စတင်လုပ်ဆောင်တာက ၂၀၀၉ ကပါ။ တကယ်တမ်း သုံးဖို့ ချပေးခဲ့တာက ဒီနှစ်ဆန်းပိုင်းမှာပါ။ ဒီဆော့ဖ်ဝဲ လုပ်ရတဲ့ ရည်ရွယ်ချက်က...

ဒုတိယအကြိမ်မြောက် Barcamp Mandalay တွင် အကြောင်းအရာစုံ ပါဝင်ဆွေးနွေးကြမည်

MCIA (မန္တလေး) နှင့် MCPA (မန္တလေး) တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် Barcamp Mandalay ကို လာမည့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ရွှေဖြူပလာဇာ အပေါ်ထပ်ရှိ ၎င်းအသင်းများ၏ ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။  "Barcamp ဆိုတာ ဆီမီနာလို ဟောပြောပွဲ မဟုတ်ပါဘူး။ ကိုယ်ပြောချင်နေတာတွေ၊ ကိုယ်သိချင်နေတာတွေကို အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ စုစုစည်းစည်း ပေးနိုင်ရနိုင်တာမို့ လာရောက်တဲ့...

သေဆုံးပြီးနောက် နှုတ်ဆက် Message လွှင့်တင်နိုင်မည့် Facebook App လေးတစ်ခု

ကွယ်လွန်သေဆုံးသွားသူ တစ်ဦးက ၎င်း၏ Facebook ပေါ်တွင် နှုတ်ဆက်စကားကို လာရောက် ရေးသားမည် ဆိုပါက မြင်ရသူတိုင်း သရဲခြောက်သည်ဟု ထင်မြင်ကြမည်  ဖြစ်သည်။ သို့သော် ထိုကိစ္စသည် ယခုအခါ Facebook တွင် လွှင့်တင်ထားသည့် App တစ်ခုကြောင့် အမှန်တကယ် ဖြစ်လာတော့မည်ဟု သိရသည်။ လူတစ်ဦး မသေဆုံးမီ ၎င်းယုံကြည် စိတ်ချရကြောင်း ထောက်ခံထားသူ (၃) ဦးထံမှ အဆိုပါပုဂ္ဂိုလ် ကွယ်လွန်ကြောင်း အတည်ပြု ထောက်ခံပေးလျှင်...

Wednesday, January 25, 2012

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။ ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊...

Monday, January 23, 2012

Tricks to Open Things

တစ်ခါတစ်ရံ သင်မောပန်းနေချိန်မှာဖွင့်ရခက်တဲ့ ဖန်ပုလင်းအဖုံး၊ အချိုရည်ပုလင်းဖုံးနဲ့ ၀ိုင်ပုလင်းဖုံးတို့ကို သိပ်အားစိုက် စရာမလိုဘဲ ပွင့်စေချင်တယ်ဆိုရင် အောက်ဖော်ပြပါနည်းလမ်းတွေကအသုံးဝင်စေမှာပါ။သင့်အနေနဲ့ အဖုံးလုံအောင် ပိတ်ထားတဲ့ ဖန်ပုလင်းတစ်ခုကို ချက်ချင်းအလွယ် တကူဖွင့်နိုင်ဖို့က သိပ်မလွယ်ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဖုံးနားမှာ သားရေကွင်း ခပ်ထူထူကို အပတ်ပေါင်း များစွာပတ်...

အွန်လိုင်းမှာ 50-GB အလားကားရတဲ့ဆိုဒ်လေးပါ

ဒီဟာလေးကတော့ အွန်လိုင်းမှာ 10_GB အလကားပေးထားတဲ့ဆိုဒ်လေးပါ ကျွန်တော်သိသလောဆိုရင် Dropbox ထက်တောင်ပိုကောင်းပါတယ်။ သူငယ်ချင်းတွေကို ထပ်ဖိတ်မယ်ဆိုရင် 1-GB ဆီပေးပြီး 50-GB အထိပေးပါတယ်။ ကွှန်တော့်လို တွေ့ကရာ စုချင်တဲ့သူငယ်ချင်းများအတွက်တော့ တော်တော်လေးအသုံးဝင်ပါတယ်။ Virus ကိုက်မှာကိုလည်း မကြောက်ရတော့ဘူးပေါ့။ ပျက်သွားမှာလည်းစိုးရိမ်စရာမလိုဘူး။ ရောက်တဲ့အရပ်ကနေ လိုချင်တဲ့အချိန် လိုချင်တဲ့ ဖိုင်ကို ပြန်ဒေါင်းလိုက်ရုံပဲ။ လိုချင်တဲ့သူငယ်ချင်းများ register သွားလုပ်ကြပေါ့နော်.. http://minus.com/mmiteb ကိုနှိပ်လိုက်ရင် ကျွန်တော့်ရဲ့နေရာကိုရောက်သွားလိမ့်မယ် အခုလောလောဆယ်မှာတော့...

ခွန်အား စိတ်ဓာတ် (၂)

တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင် အောင့်အီးမထားပါနဲ့တော့ မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။ တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင် တိတ်ဆိတ်မနေပါနဲ့တော့ ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။ တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင် ခေါင်းမာတင်းခံမနေပါနဲ့တော့ လက်လွတ်သင့်ချိန်...

အချစ် ခံစားချက် (၃)

စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ် ဒါပေမယ့် စောင့်မျှော်ရင်းနဲ့ ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ် လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။ တကယ်တော့ စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့...

အချစ် ခံစားချက် (2)

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။ မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။ နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။ ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။ နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။ နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။ လှပတဲ့နွေဦးရာသီလို...

Sunday, January 22, 2012

Barcamp Mandalay Volunteers Meeting

၂၄-၁-၂၀၁၂ Barcamp Mandalay Volunteers Meeting ကို ၂၅-၁-၂၀၁၂ ရက်နေ့ညနေ ၅း၃၀ သို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပါကြောင်း....

ကမ္ဘာ.အဆိပ်ပြင်းဆုံးသတ္တ၀ါ(၁၀)မျိုး

1.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး) ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားပါတဲ.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)ဖြစ်ပါတယ်။ဂျယ်လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊အာရုံကြောစုစည်းမူ.စနစ်၊အရေပြားဆဲလ် စတာတွေကိုချက်ခြင်းစီးဝင်ပျံနှံနိုင်ပါတယ်။ဂျယ်လီငါးရဲ.အညံဆုံးကိုခန္တာအစိတ်အပိုင်းတခုသည်ပင် လူတယောက်အား  မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား...

Related Posts Plugin for WordPress, Blogger...

My Account