Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 31, 2012

Laptop များနှင့် Battery Life

Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့်...

နည်းပညာ ပစ္စည်းသစ်များ (http://www.gadgetlite.com)

http://www.gadgetlite.com နိုင်ငံတကာနည်းပညာသစ်တွေနဲ့ ထုတ်ကုန်ပစ္စည်းတွေအကြောင်း ဖတ်ရှုနိုင်မယ့် ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။  နည်းပညာသတင်း တိုတိုထွာထွာတွေ သာမကာ၊ နည်းပညာပစ္စည်းတွေ အကြောင်းကိုလည်း စုံလင်စွာ ဖတ်ရှုရမှာဖြစ်ပြီး အမြဲ update လုပ်ပေးနေတာကြောင့် သတင်းအသစ်တွေကို စဉ်ဆက်မပြတ် သိရှိ ဖတ်ရှုနေရမှာ ဖြစ်ပါတယ်။ အခမဲ့ newsletter တွေကိုလည်း ရယူနိုင်သလို...

Ubuntu OS ပေါ်တွင် VLC Player ကို Offline Install ပြုလုပ်နည်း

Ubuntu OS ကို အသုံးပြုသူများအတွက် Ubuntu OS ကို ထည့်သွင်းပြီးပြီဆိုရင် တခြား Application တွေကို ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက်  Update နဲ့ Upgrade အစရှိတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update သို့မဟုတ် Upgrade ပြုလုပ်ပြီးမှသာ တခြား Application တွေနဲ့ Built in ပါဝင်တဲ့ Application တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Ubuntu OS...

အွန်လိုင်းစာကြည့်တိုက် http://www.burmalibrary.org

http://www.burmalibrary.org ဗဟုသုတဖြစ်ဖွယ် စာအုပ်၊ စာစောင်တွေအပြင် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေ၊ အကြောင်းအရာ စတာတွေကို ရှာဖွေဖတ်ရှုနိုင်မယ့်  မြန်မာအွန်လိုင်း စာကြည့်တိုက် ဖြစ်ပါတယ်။ ရှာဖွေဖတ်ရှုနိုင်မယ့် အကြောင်းအရာ၊ ခေါင်းစဉ်တွေကို အက္ခရာစဉ်အလိုက် ဖော်ပြပေးထားတာကြောင့် အလွယ်တကူ ရှာဖွေနိုင်ပြီး တခြားထင်ရှားတဲ့ ဗဟုသုတဝက်ဘ်ဆိုက်...

အလှအပအတွက် ဝက်ဘ်ဆိုက်အညွှန်း

တစ်ကိုယ်ရေ လှပမှုနဲ့ ကျန်းမာသန်စွမ်းမှုအတွက် နည်းလမ်းတွေနဲ့ လမ်းညွှန်မှုတွေ ဖတ်ရှုရမယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။  ဒီ http://www.totalbeauty.com ဝက်ဘ်ဆိုက်မှာ အလှအပနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ၊ အကြံပေးချက်တွေ အပြင် တစ်ကိုယ်ရေ ကျန်းမာလှပမှုနဲ့ ပတ်သက်ပြီး ဗီဒီယိုတွေကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။   မိတ်ကပ်အကြောင်း၊ ဆံပင်နဲ့ ပတ်သက်တဲ့ ထိန်းသိမ်း စောင့်ရှောက်နည်းတွေ၊ အလှအပဆိုင်ရာ လမ်းညွှန်မှုတွေကို ကဏ္ဍတစ်ခုချင်းစီနဲ့ ဖတ်ရှုနိုင်မယ့်အပြင် အချိန်ရာသီနဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှု ပုံစံတွေကိုလည်း ဖော်ပြပေးထားပါသေးတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်း...

HTML5 အကြောင်း (http://www.html5tools.net)

http://www.html5tools.net HTML5 language အကြောင်းနဲ့ HTML5 tool တွေ အကြောင်းကို လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဝက်ဘ်ပိုင်းဆိုင်ရာ developer တွေနဲ့ designer တွေ အတွက် ဘာသာစကားရဲ့ ရင်းမြစ်တွေ၊ tool တွေအပြင်  review တွေကိုလည်း လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ HTML5 နဲ့ ပတ်သတ်ပြီး language သစ်မှာ ပါဝင်လာတဲ့ tool တွေအကြောင်းကို လေ့လာနိုင်မယ့်အပြင်...

ပြည်တွင်း ဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ

ဂျီမေးလ် အကောင့်အသစ် ပြုလုပ်လိုသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ် အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း  သတင်းရရှိသည်။ Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ် အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ယခင်က ပြည်တွင်းမှ အင်တာနက်...

Tuesday, March 27, 2012

Windows 8 တွင် Shutdown နှင့် reboot tile တစ်ခု ဖန်တီးခြင်း

Windows 8 မှာ Start ခလုတ် ပါဝင်လာခြင်း မရှိတဲ့အတွက် Windows 8 ကို ပိတ်လိုက်တဲ့အခါမှာ အနည်းငယ် ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် Widows 8 ပေါ်မှာ shutdown ဒါမှမဟုတ် reboot ပြုလုပ်ခြင်းကို Start screen ပေါ်ကနေ လွယ်ကူစွာ ပြုလုပ်နိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Desktop ပေါ်ရှိ နေရာလွတ်တွင် right-click နှိပ်ပြီး New ရှိ Shortcut ကို ရွေးပါ။ (၂) Location box...

Google က Android Market ကို အမည် ပြောင်းလဲထားသည့် Google Play အား မိတ်ဆက်

အင်တာနက်ကုမ္ပဏီကြီး ဖြစ်သော Google က ရုပ်ရှင်များ၊ app များ၊ သီချင်းများနှင့် ebook များ၏ ရင်းမြစ်ဖြစ်သော Google Music နှင့် Google eBook store တို့အား စတိုးတစ်ခုအဖြစ် ပေါင်းစပ်ကာ  အမည်သစ်ပေးထားသည့် Google Play ကို ဖန်တီးမိတ်ဆက် ပေးခဲ့ကြောင်း Google ၏ digital content မှ ဒါရိုက်တာဖြစ်သူ Jamie Rosenberg က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က...

Ubuntu OS ကို Backup ပြုလုပ်ချင်သူများအတွက် Backup ပြုလုပ်ပုံ

Ubuntu OS ကို Install ပြုလုပ်ပြီးတဲ့အခါမှာ Update တို့ Upgrade တို့ ပြုလုပ်ပြီး မိမိလိုအပ်တဲ့ Application တွေကို Install ပြုလုပ်ကြပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် Ubuntu OS ရဲ့ System ပျက်သွားတဲ့အခါမျိုးဖြစ်ဖြစ်  Ubuntu OS ကို ပြန်ဖြုတ်ချပြီး ပြန်တင်ချင်တဲ့အခါမှာ တင်ချင်သူတွေအတွက် OS ကို Install ပြုလုပ်ပြီးရင် Update, Upgrade...

Friday, March 23, 2012

တောင်ကြီးမြို့တွင် ဘားကမ့်တောင်ကြီး ၂၀၁၂ ကျင်းပပြုလုပ်မည်

တောင်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် Barcamp Taunggyi 2012 ဘားကမ့်တောင်ကြီး ၂၀၁၂ အား  ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျင်းပပြုလုပ်မည့် နေရာမှာ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ဖြစ်ပြီး မတ် ၂၄၊ မတ် ၂၅ နေ့ရက်များတွင် စိတ်ဝင်စားသူ မည်သူမဆို ဘားကမ့်စ်တောင်ကြီးတွင် ပါဝင်နိုင်ကြောင်း ပွဲစီစဉ်သူများ၏ ပြောပြချက်အရ သိရသည်။ ဘားကမ့်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး အားလုံး...

Sunday, March 18, 2012

ရန်ကုန်ပြည်လမ်း နယ်မြို့အချို့တွင် GSM, CDMA ဖုန်းလိုင်းများ ဆက်သွယ်မှုစွမ်းရည် ကျဆင်းနေ

ရန်ကုန် ပြည်လမ်းတွင်ရှိသော GSM, CDMA ဖုန်းလိုင်းများအချို့ ဆက်သွယ်ရေးစွမ်းရည် ကျဆင်းမှုများ  မကြာခဏ ကြုံတွေ့နေရသည်ဟု ယင်းဒေသများရှိ လက်ကိုင်ဖုန်း သုံးစွဲနေကြသူများ၏ ပြောဆိုမှုများ ဆက်တိုက် ကြားသိနေရသည်။ GSM စနစ်နှင့် CDMA စနစ်တွင် CDMA စနစ်ကပိုပြီး အဖြစ်များကြောင်းနှင့် ပဲခူးတိုင်း သုံးဆယ်မြို့သည် သာယာဝတီနှင့် ၂ မိုင်သာ ကွာဝေးသော်လည်း CDMA ...

Saturday, March 17, 2012

Internet Download Manager 6.10 Build 2 Final

Email This BlogThis! Share to Twitter Share to Facebook ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ Build 7  Beta Version လေးတင်ပေးလိုက်ပါတယ်။  ဒီနေ့ Build 5 ထပ်ထွက်ပါတယ်။ ကျွန်တော်လည်းနည်းနည်း လေးနောက်ကျသွားပါတယ်။    IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ ဖိုင်ဆိုဒ်ကတော့...

အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ )

Email This BlogThis! Share to Twitter Share to Facebook ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ...

Box

Box ဟာ Android Phone များမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် Application တစ်ခုဖြစ်ပါတယ်။  Box ဟာ Online Storage တစ်ခု ဖြစ်ပြီး 50 GB ပမာဏအထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Box ကို အသုံးပြုဖို့ အတွက် Connection နဲ့အတူ eMail Account တစ်ခုလို အပ်ပါတယ်။ Box ကို Install  ပြုလုပ်ပြီးချိန်မှာတော့ Box Mobile Guide, What is Box နဲ့ Video File တစ်ခုဖြစ်တဲ့ Box for Android...

ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် ပစ္စည်းတစ်မျိုး ဝင်ရောက်

ပြည်တွင်း နည်းပညာဈေးကွက် အတွင်းသို့ ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် Station+ အမည်ဖြင့် ပစ္စည်းတစ်မျိုး ဝင်ရောက်လာကြောင်း  သိရသည်။ “ဒီပစ္စည်းက ကွန်ပျူတာ တစ်လုံးကို တခြားအသုံးပြုသူတွေ ထပ်မံချိတ်ဆက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ တစ်ယောက် ချိတ်သုံးမယ်ဆိုရင် Device တစ်ခုအသုံးပြုရမှာ ဖြစ်ပြီး နှစ်ယောက် ချိတ်သုံးမယ်ဆိုရင်တော့ Device နှစ်ခု ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ခံရမယ့် ကွန်ပျူတာအနေနဲ့ Device ငါးခု အသုံးပြုမယ်ဆိုရင်တော့ Dual Core နဲ့ Memory 2GB...

Ytalk VoIP Softphone စနစ်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင် အသုံးပြုနိုင်ပြီ

မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော် ဝန်ဆောင်မှုပေးမည့် Ytalk VoIP Softphone, Ytalk Calling စနစ်ဖြင့်  မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင်အသုံးပြုနိုင်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ် မတ်လ (၁၁) ရက်၊ နေ့လည် (၃) နာရီ အချိန်က မန္တလေးမြို့ Hotel Mandalay ရှိ စံပယ်ဖြူ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် VMG TELECOMS Co.,Ltd မှ ဒါရိုက်တာကိုအောင်ထွန်း၊ MD ဖြစ်သူ သရုပ်ဆောင် စမိုင်းတို့နှင့်အတူ အဖွဲ့ဝင်များမှ Ytalk VoIP Softphone စနစ်သုံးစွဲမှု...

External Laptop Battery

Laptop များနဲ့ တွဲဖက်အသုံးပြုရတဲ့ External Laptop Battery ဖြစ်ပါတယ်။ အထူးသဖြင့် မိမိ Laptop Battery မကောင်းရင် အမြဲတမ်း ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။  Max Output Power မှာ 60W  ဖြစ်ပြီး Charging Time  မှာ 5  hrs  ဖြစ်ပါတယ်။ အဆိုပါ External Laptop Battery ရဲ့ Display မှာ Voltage, Switch, DC Output နဲ့ USB Port တို့ ပါဝင်တာမို့...

မြန်မာ၌ ကျင်းပမည့် ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်း အနည်းဆုံး 10 G ပေးမည်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အင်တာနက်မြန်နှုန်း အနည်းဆုံး 10G ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “မြန်နှုန်းတွေ တိုးမြှင့်ပေးဖို့အတွက် အပိုင်းလိုက် ဆောင်ရွက်သွားမှာပါ။ မြန်နှုန်း 20G အထိ ပေးသွားဖို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ကြားထားတာ ရှိပါတယ်။ လောလောဆယ် 3.5G ပထမအကြိမ် တိုးပေးထားပါတယ်။ ၂၀၁၃ ဆီးဂိမ်းရောက်ရင်တော့ အနည်းဆုံး 10G လောက် ရှိသွားမှာပါ။ အဲဒီလောက် မြန်နှုန်းမြင့်လာရင် အင်တာနက်သုံးစွဲမှု အဆင်ပြေသွားမှာပါ”...

ဂျီဖုန်းများ တစ်နိုင်ငံလုံး သယ်ဆောင်သုံးခွင့် မေ ပထမပတ် စတင်ရရှိမည်

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ မေလ ပထမအပတ်တွင် မြန်မာနိုင်ငံ နေရာဒေသမရွေး သယ်ဆောင် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ  သိရသည်။ လက်ရှိတွင် ဂျီဖုန်းများအား တန်ဖိုးနှုန်းထားများ လျှော့ချပေးပြီး ရောင်းချသွားမည်ဟု တရားဝင် ထုတ်ပြန်ပေးရာ၌ နယ်မြေဒေသ ကန့်သတ်သုံးစွဲခွင့်သာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ “ဒီလထဲမှာ ဂျီအက်စ်အမ်ဖုန်းတွေ နှုန်းထား လျှော့ချ ရောင်းချပေးပေမယ့် ဖုန်းသုံးစွဲမှု ပိုများတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေ မပါသေးဘူး။ ဧပြီလ ၉ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးကို ရောင်းချပေးမယ် ဆိုပေမယ့်လည်း တစ်နိုင်ငံလုံး...

ဗဟုသုတလေ့လာရန် http://www.askmen.com

ပြင်ပဗဟုသုတ အချို့ကို လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ ပြည်ပနိုင်ငံတွေက စံယူထိုက်သူတွေအကြောင်း၊ လူတိုင်းသိရှိထားသင့်တဲ့ ကျန်းမာရေးနဲ့ လူနေမှုအကြောင်းအရာ ကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ အနုပညာရှင်တွေအကြောင်း၊ ကားအကြောင်း စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ထိပ်တန်း အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီ ခွဲခြား ဖော်ပြပေးထားပြီး ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။ ထင်ရှားပြီး လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာတွေကို blog နဲ့ ဆောင်းပါးတွေအဖြစ် ဖော်ပြထားပြီး ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဆယ်ကျော်သက်တွေ သိထားသင့်တဲ့ အကြောင်းအရာတွေနဲ့ ကျန်းမာရေးနဲ့...

အချုပ်အလုပ်လေ့လာရန် http://www.sewdirect.com

အဝတ်အထည် ချုပ်လုပ်ခြင်းကို စိတ်ပါဝင်စားသူတွေ လေ့လာနိုင်စေမယ့် ဝဘ်ဘ်ဆိုက် ဖြစ်ပါတယ်။  အဝတ်အစား ဒီဇိုင်းတွေနဲ့ ချုပ်နည်းတွေကို ပြည့်စုံစွာ လေ့လာနိုင်မှာဖြစ်ပြီး ချုပ်လုပ်နည်း ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးတို့ကို အီးမေးလ်နဲ့ အွန်လိုင်းမှ တဆင့်ရရှိနိုင်ပါတယ်။ အဆင်ဒီဇိုင်းအမျိုးမျိုး၊ idea အမျိုးမျိုးတို့ကို တွေ့မြင်လေ့လာနိုင်မှာ ဖြစ်ကာ အွန်လိုင်းကနေလည်း...

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်း ငွေပေးချေမှု Myan Pay စနစ် စတင် ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်းငွေပေးချေမှု Myan Pay စနစ်က ပြည်တွင်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သော Myanmar SoftGate Technology ကုမ္ပဏီမှ စတင် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။  အဆိုပါ Myan Pay စနစ်ကို အသုံးပြု၍ အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချနိုင်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း အစရသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Myan Pay ဝန်ဆောင်မှုမှာ...

Google က Android app အရွယ်အစားကို 4GB အထိ တိုးမြှင့်ပေးခဲ့ By Internet Journal

Google ကုမ္ပဏီက Android app ၏ အများဆုံး အရွယ်အစား ပမာဏကို 50MB  မှ 4GB သို့ တိုးမြှင့်ပေးခဲ့ကြောင်း Android Developers blog တွင် ဖော်ပြခဲ့သည်။  မူလက Android application များ၏ အရွယ်အစားကို အများဆုံး 50MB  အထိသာ ကန့်သတ်ထားခဲ့ကြောင်း၊ ၎င်းသည် app အများစုအတွက် အဆင်ပြေကြောင်း၊ အရွယ်အစား သေးငယ်ခြင်းအတွက် အသုံးပြုသူများ download ပြုလုပ်ရာတွင် အဆင်ပြေစေသော်လည်း အရည်အသွေးမြင့် 3D interactive ဂိမ်းကဲ့သို့သော app များအတွက် ရင်းမြစ်များ လိုအပ်သောကြောင့် အရွယ်အစားပမာဏကို 4GB သို့ တိုးမြှင့်ရခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲဖန်တီးသူ Tim Bray က အထက်ပါ...

Thursday, March 15, 2012

အားလုံးပျော်ရွှင်ကြပါစေ...!!!

ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မိတ်ဆွေအပေါင်းတို့ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော်ကမ္ဘာပေါ်မှာ ရပ်တည်လာခဲ့တာ ၁၇နှစ်ပြည့်မြောက်တဲ့ နှစ်ပါ. ကျွန်တော့်ကို Facebook မှာရော၊ Google+ မှာရော၊ Mail ပေးပို့ပြီးတော့ မွေးနေ့ဆုတောင်းမေတ္တာ ပို့သပေးတဲ့သူတွေ အများကြီးပါ. ဒီအတွက်လည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်.ဒီကနေ့ကျရောက်တဲ့ မွေးနေ့ကလေးမှာ ဆုတောင်းမေတ္တာ ပို့သပေးကြသော ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့်...

Tuesday, March 13, 2012

ဝလုံးရိုက်နည်းလေးပါ(မသိသေးတဲ့သူတွေအတွက်ပါ)

ဒါကတော့ ကျွန်တော်တို့ Zawgyi နဲ့မြန်မာလိုရိုက်တဲ့အခါမှာ ကျွန်တော်အပါအဝင်တော်တော်များများက ဝလုံးကိုရိုက်တဲ့အခါမှာ အလွယ်တကူ သုည(၀)ကိုလှမ်းရိုက်ပြီးသုံးကြပါတယ်.အဲဒါက တကယ်တန်းပြောရရင် ရိုက်တဲ့နည်းမှားနေတာပါ. အဲလိုရိုက်လိုက်တာ သုည(၀)ကိုရိုက်တာနဲ့အတူတူပါဘဲ. ဝလုံးက ဝလုံးသက်သက် ရှိပါတယ်.သတိထားမိတဲ့သူတွေကတော့ သိကြမှာပါ. ဝလုံးအမှန်က Shift+, ပါ.ရိုးရိုး , ကိုရိုက်တဲ့အခါ ယ ပေါ်ပါလိမ့်မယ်.အဲဒါကိုမှ Shift တွဲပြီးနှိပ်လိုက်ပါက ဝလုံးပေါ်လာပါလိမ့်မယ်. အဲဒါက ရိုက်နည်းအမှန်ပါ. မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်. အားလုံးကိုကျေးဇူးတင်ရှိလျက်.... ရွှေမန်းသားလေး ဝေယံ(နည...

XP မှာ Drive ရှိသမျှကို bat File နဲ့ Defragment လုပ်နည်း

Windows တိုင်းမှာ Defragment လုပ်ရပါတယ်။ Hard Disk မှာရှိတဲ့ File တွေ များလာတာပဲဖြစ်ဖြစ်၊ Program တွေကို ထုတ်လိုက်သွင်းလိုက် လုပ်တာပဲဖြစ်ဖြစ် Program တွေက သူရှိနေကျ နေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေတတ်တာမို့ အဲဒီအတွက်  File တွေကို သူ့နေရာသူ နေရာတကျ ပြန်ရောက်အောင် Defrag  လုပ်ရတာပါ။ အခု ပြောပြပေးချင်တာက Windows XP မှာ Hard Drive တွေကို တစ်ခါတည်း Defrag လုပ်တာလေးကို ပြောပြချင်တာပါ။ Hard Disk ကို တစ်ခုပြီးတစ်ခု Defragment လုပ်ဖို့ အရမ်းကြာပါတယ်။ ပြီးတော့ အချိန်လည်း အရမ်း ကုန်ပါတယ်။ Drive သုံးခုလေးခုရှိတဲ့ Windows တွေဆိုရင် ပိုဆိုးပါတယ်။ ...

Myanmar Explore Map+ Business Directory အား Fullversion အဖြစ် အခမဲ့ စတင်ဖြန့်ဝေပေးမည်

  ရန်ကုန်မြို့၏ ဒီဂျစ်တယ်မြေပုံ၊ ဂြိုလ်တုမြေပုံနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်သည့် Myanmar Explore Map++ Business Directory နောက်ဆုံးထုတ် fullversion  အား ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ ကုန်းဘောင်တကောင်း ခန်းမတွင် အခမဲ့ စတင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

Monday, March 12, 2012

file တွေကို ကူးတဲ့ နေရာမှာ မြန်ဆန်စေမည့် tear copy 2.12

ကွန်ပျူတာကနေ flash drive, sd card, phone, external HDD, စတဲ့ device တွေကို copy ကူးရင်ဖြစ်ဖြစ်၊ အဲ့ဒီ့ device ကနေ ကွန်ပျူတာထဲကို copy လုပ်ရင်ပဲဖြစ်ဖြစ် အရမ်းကို မြန်ဆန်စေမယ့် software ဖြစ်ပါတယ်။ သီချင်းသွင်းတဲ့သူ software တွေ ကူးပေးတဲ့သူတွေ၊ data တွေကို copy ကူးတဲ့သူတွေအတွက် မရှိမဖြစ် တင်ထားရမယ့် software ဆိုရင်လည်း မမှားပါဘူး။ ရိုးရိုးအတိုင်း သာကူးနေမယ်ဆိုရင်တော့...

Format မျိုးစုံကိုပြောင်းပေးနိုင်တဲ့ Format Factory

ဒီကောင်လေးကတော့ Mp3, Mp4, Mpeg , 3GP , Picture .... , အစ ရှိတဲ့ format ပေါင်းများစွာကို လျင်မြန်စွာ Convert ပြုလုပ်ပေးပါတယ်။ ထွက်တာတော့ ကြာပါပြီ။ ဒီမှာ မရှိလို့တင်ပေးလိုက်တာပါ။ သိတဲ့လူများရှိသလို.. မသိတဲ့လူလဲ ရှိမှာဘဲလေ..။ ကျနော်လဲ အရမ်းကြိုက်တယ်.။ သုံးရတာလဲ လွယ်ကူတယ်..။ အဆင်ပြေတယ်.။ လိုချင်သူများအောက်မှာဒေါင်းလော့လုပ်ယူလိုက်နော်..။ အဆင်ပြေပါစေ။ Download Format Factory အားလုံးခင်မင်လေးစားလျက်...ရွှေမန်းသားလေး ဝေယံ (နည်းပညာ)...

Internet ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖုန်းတွေကို SMS ပို့ရအောင်

ဒီပိုစ့်လေးကတော့ ကျွန်တော်အမြဲတမ်းလိုလိုရောက်နေတဲ့ Kp-3 နည်းပညာဆိုက်က တွေ့လာတာပါ. တစ်ကမ္ဘာလုံးကို SMS ပို့လို့ရတယ်တဲ့.လုပ်ကြည့်လိုက်ကြပါဗျာ.ရမရတော့ ကျွန်တော်လည်း မစမ်းရသေးဘူးနော်. ဒီမှာ သွားပြီးပို့ချင်တဲ့နိုင်ငံကိုသွားပို့လိုက်ကြပါတော့နော...အားလုံးကိုခင်မင်လေးစားလျက်...ရွှေမန်းသားလေး ဝေယံ(နည်းပညာ)...

Photoshine 4.0 ( Full Version ) -Software

  Photoshine ဆိုတာကတော့ Photo တွေကို Frame တွေနဲ့ ကွဲပြားခြားနား တဲ့ ပြုပြင်မှု ပုံစံတွေကို ဖန်တီးနိုင်မယ့် Software တစ်ခုပဲဖြစ်ပါတယ်။ Built-in အနေနဲ့ 9 themes (styles) နဲ့ လှပတဲ့ templates ပေါင်း 680 ပါဝင်ပါတယ်။ ကျနော် အောက်မှာ နမူနာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ကလစ်တစ်ချက် နှိပ်ရုံနဲ့ လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ အောက်မှာ ယူသွားလိုက်ကြပါ။...

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

G-Mail ကနေ Free SMS ပို့တဲ့နည်းတဲ့ဗျာ.ကျွန်တော်လည်း ကိုနေမင်းမောင်တင်ထားတာတွေ့လို့ ယူတင်ပေးလိုက်ပါတယ်ဗျ. အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး...

The Lady ဇာတ်ကား ဒေါင်းလုပ် လုပ်နိုင်ပြီ

အခုတလော ကျွန်တော်အလုပ်များနေတဲ့အတွက် Post သိပ်မရေးဖြစ်တာ နားလည်ပေးကြပါခင်ဗျာ. အခုတင်ပေးလိုက်တဲ့ ပိုစ့်ကတော့ လူတိုင်းသိပြီးဖြစ်တဲ့ The Lady ဇတ်ကားပါ.ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကိုအခြေခံပြီးရိုက်ထားတဲ့ ဇာတ်ကားပါ. ကျွန်တော်မူရင်းဆိုက်ကရေးထားတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်ဗျ..... The story of pro-democracy activist Aung San Suu Kyi and the academic and writer Michael Aris; a true...

CDMA 800 နောက်ထပ်လေးမြို့ သုံးစွဲနိုင်အောင် ဆောင်ရွက်နေ

CDMA 800 MHz ဖုန်းများ နောက်ထပ်မြို့ကြီးလေးမြို့တွင် သုံးစွဲနိုင်ရန် ဆောင်ရွက်နေကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “CDMA 450 MHz သုံးစွဲနိုင်တဲ့ မြို့တွေအားလုံးနီးပါး ၈၀၀ ဖုန်းတွေ သုံးစွဲနိုင်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လက်ရှိ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာ ၁၄ မြို့ရှိပါတယ်။ ထက်ဝက်ကျော်လောက်တော့ ဆောင်ရွက်ပြီးပါပြီ။ နောက်ထပ် ကျန်တဲ့မြို့တွေကိုတော့ သူ့အပိုင်းနဲ့သူ တဖြည်းဖြည်း ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။   ထပ်မံ သုံးစွဲခွင့်ပေးရန် ဆောင်ရွက်နေသည့်...

Thursday, March 8, 2012

Ubuntu OS ပေါ်တွင် Wine Application ထည့်သွင်းအသုံးပြုပုံ

Wine Application ဆိုတာကတော့ Linux Platform ပေါ်မှာ Windows Application တွေကို ထည့်သွင်း အသုံးပြုချင်တဲ့ သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။  Ubuntu OS ပေါ်မှာ Pagemaker Application ကဲ့သို့လိုမျိုး Photoshop တို့လို Application တွေ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။ Wine Application ကို ထည့်သွင်း...

Related Posts Plugin for WordPress, Blogger...

My Account