ရန်ကုန် ပြည်လမ်းတွင်ရှိသော GSM, CDMA ဖုန်းလိုင်းများအချို့ ဆက်သွယ်ရေးစွမ်းရည် ကျဆင်းမှုများ မကြာခဏ ကြုံတွေ့နေရသည်ဟု ယင်းဒေသများရှိ လက်ကိုင်ဖုန်း သုံးစွဲနေကြသူများ၏ ပြောဆိုမှုများ ဆက်တိုက် ကြားသိနေရသည်။ GSM စနစ်နှင့် CDMA စနစ်တွင် CDMA စနစ်ကပိုပြီး အဖြစ်များကြောင်းနှင့် ပဲခူးတိုင်း သုံးဆယ်မြို့သည် သာယာဝတီနှင့် ၂ မိုင်သာ ကွာဝေးသော်လည်း CDMA 450 မီဂါဟတ်(စ်) လိုင်းများမှာ စွမ်းရည်နိမ့်ကျမှုတွေ ဖြစ်နေကြောင်း နံနက် ၇ နာရီမှ ၁၀ နာရီ အတွင်းဆိုလျှင် ဆက်သွယ်၍ မရသည်ကများကြောင်း၊ ဥက္ကံမြို့ဆိုလျှင် တစ်နေ့လုံးနီးပါး CDMA 450 ဆက်သွယ်၍ မရရှိကြောင်း၊ ကြို့ပင်ကောက်မြို့တွင်လည်း မရတဲ့အချိန်များကြောင်း ထောက်ကြံ့အထွက် မင်္ဂလာဒုံတစ်ဝိုက်တွင်လည်း ဆက်သွယ်ရခက်ခဲကြောင်း ထိုမြို့နယ်များရှိ CDMA 450 လိုင်းသုံးစွဲသူများက ပြောဆိုနေကြကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်လည်း CDMA 450 ကိုင်တွယ် သုံးစွဲနေကြသူများမှာ အများနှင့်မတူ သိသာထင်ရှားစွာဖြင့် ကြီးကြီး၊ သေးသေး အင်တာနာတိုင်များ တောက်လျှောက်ထောင်၍ သွားလာပြောဆိုနေကြရသည်ကို နေ့စဉ် တွေ့ရှိနေကြရသည်။ အထက်ပါ မြို့နယ်များတွင် ဈေးအတက်အကျရှိသော ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားသူ ကုန်သည်များမှာ လက်ကိုင်ဖုန်းများကို အားထား၍ ဈေးနှုန်း စုံစမ်းရောင်းဝယ်ကြသည်။ ယခုအခါ နံနက်ပိုင်း CDMA များ လိုင်းဆွဲအားကျဆင်း၍ ဆက်သွယ်မှု ပြတ်တောက်စဉ် ဖြစ်ပေါ်လာသော တက်ဈေးကျဈေးများကြောင့် အချို့ကုန်သည်များ သိန်းနှင့်ချီ၍ နစ်နာဆုံးရှုံးမှုများရှိသည်ဟု ကုန်သည်များက ညည်းညူ ပြောဆိုနေကြကြောင်း သိရသည်။
ဥယျာဉ်မှူး
ဥယျာဉ်မှူး
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)