Black List စနစ်ကို ဆော့ဖ်ဝဲ သက်သက်ထည့်ပြီး အသုံးပြုဖို့ မလိုအပ်ဘဲနဲ့
တစ်ခါတည်းနဲ့ ကီးဘုတ်ဆော့ဖ်ဝဲထဲမှာတင် အသုံးပြုနိုင်ပါတယ်။ Touchpal
Dialer ဆော့ဖ်ဝဲရဲ့ Setting ထဲမှာ Block Call ဆိုတဲ့ စနစ် ရှိနေပါတယ်။
အဲဒီစနစ်ထဲကို ဝင်လိုက်မယ် ဆိုရင်တော့ စနစ်တွေကို အများကြီး မြင်တွေ့ရမှာ
ဖြစ်ပါတယ်။ Only Block Black List, Block Non, Only Allow Contact, End
Call, Turn Silence, Book History, Black List, White List အစရှိတဲ့
စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်အသုံးပြုချင်တဲ့
ပုံစံအတိုင်း ပြုပြင်ပြောင်းလဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Black List စနစ်အပြင် White List စနစ်လည်း ပါဝင်ပါတယ်။ ကိုယ်အဆင်ပြေသလို
အသုံးပြုနိုင်ပါတယ်။ Black List စနစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Black
List ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အပေါင်းလက္ခဏာ ပုံလေး ပါတဲ့ Interface
တစ်ခုကို မြင်တွေ့ရမှာပါ။ ဒီအပေါင်းလက္ခဏာလေးက ထပ်ပေါင်းမယ် ဆိုတဲ့
သဘောပါပဲ။ ဒါကို နှိပ်လိုက်ရင်တော့ Box တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီထဲမှာတော့ Add From Phone နဲ့ Add From Call Log ဆိုတဲ့ စနစ်နှစ်ခုကို
မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ် အသုံးပြုချင်တဲ့ စနစ်နဲ့
ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Black List စနစ်ထဲမှာ ကိုယ်ကကိုယ် တိုက်ရိုက်နှိပ်ပြီး အသစ် ထည့်သွင်းလို့တော့ မရပါဘူး။ အသစ်ထည့်သွင်းချင်တယ် ဆိုရင်တော့ ဖုန်းရဲ့ Call Log ထဲကို အရင်ဆုံး ထည့်သွင်းပြီး အသုံးပြုတာ အကောင်းဆုံးပါပဲ။ ဒါကတော့ Black List စနစ် အသုံးပြုပုံပဲ ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ White List စနစ်ပဲ ဖြစ်ပါတယ်။ White List စနစ်မှာလည်း ဒီလိုပဲ ဖြစ်ပါတယ်။ White List စနစ်မှာလည်း Add From Phone နဲ့ Add From Call Log ဆိုတဲ့ စနစ်နှစ်ခုပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ White List နံပါတ်တွေကို ဖုန်းထဲမှာ ရွေးချယ်ပြီး ဖြည့်စွက် ထည့်သွင်းနိုင်ပါတယ်။ Black List စနစ်နဲ့ White List စနစ်တွေမှာ ကိုယ်ထည့်သွင်းထားတဲ့ နံပါတ်တွေကို ပယ်ဖျက်ချင်တယ် ဆိုရင်တော့ ကိုယ်မှတ်သားထားတဲ့ နံပါတ်ကို လက်နဲ့ ခဏလေး ဖိထားလိုက်မယ် ဆိုရင် Box တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ Box ထဲမှာတော့ No Block နဲ့ Add To Black List နဲ့ Add To White List ဆိုတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖျက်ချင်တယ် ဆိုရင်တော့ No Block ကို နှိပ်နိုင်ပြီး တခြားစာရင်း တစ်ခုမှာ ဖြည့်စွက်ချင်တယ် ဆိုရင်တော့ Add To Black List နဲ့ Add To White List ဆိုတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ကိုယ်မှတ်ထားတဲ့ White List ထဲမှာဆိုရင် Blacck List ထဲကို ပြောင်းရွှေ့နိုင်ပြီး Black List ဆိုရင်လည်း White List ထဲကို ရွှေ့ပြောင်းနိုင်ပါတယ်။
Touchpal Dialer ထဲက နောက်ထပ်စနစ် တစ်ခုကတော့ Update ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ Update ဆိုတဲ့ စနစ်ထဲမှာတော့ Touchpal Diale စတင် ထည့်သွင်းထားတဲ့ ရက်ကို ဖော်ပြထားမှာဖြစ်ပြီး ကိုယ်တင်ထားတဲ့ နောက်ဆုံး ဗားရှင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဘက် မှာ Auto Update Setting ဆိုတာ ရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ် ဆိုရင်တော့ Manual, Every Three Day, Every Seven Day, Every Fourteen Day အစရှိတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဆော့ဖ်ဝဲရဲ့ Update စနစ်ကို ကိုယ်တိုင်လုပ်ချင်တဲ့ အချိန်ကျမှ Manual လုပ်မလား၊ ဒါမှမဟုတ် ၃ ရက်တစ်ခါ၊ ၇ ရက်တစ်ခါ၊ ၁၄ ရက်တစ်ခါ အစရှိသဖြင့် အချိန် ဘယ်လောက်ကြာကြာမှာ တစ်ခါ Update လုပ်မယ်ဆိုတာကို မှတ်သားထားနိုင်ပါတယ်။ နောက်ထပ် စနစ်တစ်ခုကတော့ Share With Your Friend ဆိုတဲ့ စနစ်ပါပဲ။ ဒီစနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲကို တခြား ဖုန်းတစ်လုံးကို ပြောင်းရွှေ့ပေးချင်တယ် ဆိုရင် ပေးနိုင်ဖို့အတွက် ထည့်သွင်းထားပေးတာပါ။ ဒီစနစ်ကို နှိပ်လိုက်မယ် ဆိုရင်တော့ Bluetooth နဲ့ ပို့မလား၊ မေးလ်နဲ့ပို့မလား၊ Message နဲ့ ပို့မလား အစရှိတာတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါကတော့ ဒီဆော့ဖ်ဝဲတွေထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။

0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)