Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 8, 2012

ကျွန်တော့်အတွက် အားဆေးလေးတစ်ခွက် (သို့) မိုးသူ(တောင်ကြီး)ရဲ့ စာတစ်စောင်


ကျွန်တော်က ပိုစ့်အသစ်တင်ဖို့ဘဲဖြစ်ဖြစ်၊ဒါမှမဟုတ် Internet ကိုဖွင့်ဖွင့်ခြင်းဘဲဖြစ်ဖြစ် ပထမဦးဆုံး ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို အရင်ဆုံးဖွင့်ကြည့်ပြီးတော့မှ ကျန်တာတွေကို ဆက်ပြီး ပြုလုပ်ဆောင်ရွက်တာပါ။ တကယ်လို့အရေးကြီးကိစ္စရှိရင်တောင်မှ ကျွန်တော့်ဆိုက်ကိုအရင်ကြည့်ဖြစ်ပါတယ်။ ဒီနေ့အတွက် ဘယ်နှစ်ယောက် လာကြည့်ကြသလဲ၊ ဘယ်သူတွေက ဘယ်ကဏ္ဍတွေကို ပိုကြိုက်ကြသလဲ ဆိုတာတွေကို ကျွန်တော်ကကြည့်ရင်းနဲ့ ပီတိဖြစ်မိပါတယ်။ တစ်ခါတစ်လေဆိုရင် တစ်ရက်ထဲနဲ့ အယောက် ၅၀ကျော်လောက်လာကြည့်သွားကြရင်တောင် ကျွန်တော်ကပိုပြီးပျော်ရွှင်သလို လိုအပ်သူတွေအတွက်လည်း ပိုပြီးဖြည့်ဆည်းပေးချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်.
တကယ်တန်းပြောရရင် လက်ရှိကျွန်တော့်အသက်က ၁၇နှစ်ထဲရှိသေးတာပါ။ကျွန်တော် တစ်နေ့တစ်နေ့လုပ်တဲ့အလုပ်ကများပါတယ်။ ကွန်ပြုတာသင်တန်းမှာ ဆရာအနေနဲ့လည်းလုပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့ ပရဟိတအသင်းလေးအတွက်လည်း လိုအပ်တာ ဆောင်ရွက်ပေးရပါတယ်။ နောက်ပြီးတခြားသော အဖွဲ့အစည်းတွေက အကူအညီတောင်းရင်လည်း ပြုလုပ်ပေးနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့သိတဲ့သူတိုင်းဟာ ပြောကြပါတယ်.မင်းငယ်ငယ်လေးနဲ့ ဒီလောက်လုပ်နေတာ အလုပ်တွေနိုင်ပါ့မလားတဲ့။ ကျွန်တော်ကတော့ ခံယူချက်တစ်ခု ရှိပါတယ်။ ဘာမဆိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာကိုဘဲ။ ကျွန်တော်အခုလည်း တော်တော်လေးပီတိဖြစ်မိပါတယ်။ C-Box ထဲမှာ မိုးသူ(တောင်ကြီး)ရေးထားတဲ့စာကို တွေ့လိုက်ရလို့ပါ.

"" မိုးသူ(တောင်ကြီး): ရွှေမန်းသားလေး ဝေယံ လိုမျိုးနည်းပညာဆိုဒ်က မိုးသူတို့ နိုင်ငံက လူငယ် လူကြီးမရွှေးလိုအပ်တဲ့  ဆိုဒ်လေးပါ စေတနာရှေ့ ထားပြီး အခုလို ဆိုဒ်တွေအတွက် ဂုဏ်ယူပါတယ် လင့်လေးလဲ ယူသွားပါတယ် ""

ကျွန်တော်သူရေးထားတဲ့အတိုင်း ဖော်ပြပေးလိုက်တာပါ. ကျွန်တော့်ရဲ့ရင်ထဲမှာ ဒီဆိုက်လေးနဲ့ပတ်သက်ပြီးတော့ခံယူချက်တစ်ခုရှိပါတယ်. ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို ရောက်လာခဲ့ရင် တစ်ခုမဟုတ်တော့တစ်ခုတော့ ရကြပါစေဆိုတဲ့ ခံယူချက်ပါဘဲ. ကျွန်တော့်ရဲ့ဆိုက်က (နည်းပညာ)ဆိုက်လို့သာ အမည်တပ်ထားပေမယ့် အရူးလွယ်အိတ်လိုပါဘဲ. လာရောက်သူတွေလိုချင်တာ အနည်းဆုံးတော့ ရသွားစေချင်လို့ပါ.ဒါကြောင့်လည်း ဒီဆိုက်လေးကို သံယောဇဉ်မပြတ်နိုင်သလို ဆက်လက်ပြီးတော့လည်း ဒီထက်မက အောင်မြင်အောင် ကြိုးစားသွားမှာပါ။ ဒီလိုအားတက်တဲ့စာလေးတွေလည်း အများကြီးရောက်လာခဲ့ရင်လည်း ကျွန်တော့်အတွက် ဒီထက်ပိုပြီးအားလေးတက်လာမှာပါ။ လာရောက်သူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိသလို Post များကို စေတနာဖြင့် share လုပ်ခွင့်ပြုပေးသော Blogger အကိုအမများ အားလုံးကိုလည်း ကျွန်တော်ဒီနေရာလေးကနေ Credit လုပ်ပါကြောင်း ကျေးဇူးအထူးလည်း တင်ရှိပါကြောင်း ပြောကြားပါရစေ...
အများအတွက် အကျိုးရှိနိုင်သော စာပေများ၊ဗဟုသုတများ၊ဆော့ဝဲလ်များ ရှိရင်လည်း ကျွန်တော့်ထံမျှဝေ ပေးပါရန် တောင်းခံအပ်ရင်းနဲ့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ.....

ဝေယံလင်း
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account