Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 1, 2012

လျှပ်တပြက်သတင်းဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ရ

ရန်ကုန်၊ သြဂုတ် ၁

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ဇွန်လ တတိယပတ်ခန့်မှ စတင်ကာ ထုတ်ဝေခွင့် ယာယီ ရပ်နားခံထားရသော လျှပ်တပြက်သတင်းဂျာနယ်ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှ စတင်၍ ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားသည်။

“၉ ရက်နေ့ သို့မဟုတ် ဒီတစ်ပတ် ၁၀ ရက်နေ့ ထွက်ဖြစ်မယ်လို့ ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ပိတ်ခံရတာချင်း မတူဘူး။ အားလုံးကတော့ ကျင့်ဝတ်အတိုင်း ရေးကြတာပဲ။ သူတို့ကတော့ စာပေစိစစ်ရေးရဲ့ စည်းကမ်းတွေကို မလိုက်နာလို့ လို့တော့ ပြောတယ်။ ဘာစည်းကမ်းတွေမှန်း မသိဘူး။ ကျွန်တော် ၂ လတောင် ကြာသွားတယ်။ အရင်ကလည်း ထောက်လှမ်းရေးခေတ်ကလည်း ၉ နှစ်တောင် အပိတ်ခံရဖူးတယ်” ဟု ဦးမြတ်ခိုင်က ဆိုသည်။

ဦးမြတ်ခိုင်၏ Facebook စာမျက်နှာတွင် ၁၊ သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေစိစစ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးတို့က၂လ ပိတ်ပင်တားမြစ်ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက်သတင်းဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက်နေ့တွင် ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ကြောင်း အသိပေးပြောကြားခဲ့သည့်အတွက် လျှပ်တစ်ပြက်သတင်း ဂျာနယ်နှင့်ပတ်သက်၍ ကူညီခဲ့ကြသူများ၊ ၀ိုင်းဝန်းခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ကြသူများ၊ ဖေးမပေးခဲ့ကြသူများ၊ ရပ်တည်ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကိုအထူးကျေးဇူးတင်ဂါရ၀ပြုပါကြောင်းမှတ်တမ်း တင်အပ်ပါသည် ဟု ရေးသားထားသည်။

လျှပ်တစ်ပြက်သတင်းဂျာနယ် အယ်ဒီတာချုပ်ဦးမြတ်ခိုင်အား ပုဇွန်တောင်မြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် (၁၈၈) ဖြင့် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ကို ကျူးလွန်ကြောင်း စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် (၂၅-၆-၂၀၁၂) ရက်၊ နံနက် (၁၁) နာရီတွင် ကိုယ်တိုင်လာရောက်ရန် သမ္မန်စာဆင့်ထားသည်။ တရားသူကြီးမှာ ဒေါ်နိုင်နိုင်အောင် (LL.B)၊ (အထူးအာဏာ) မြို့နယ်တရားသူကြီး၊ ပုဇွန်တောင်မြို့နယ်တရားရုံးဖြစ်သည်။ ထိုအမှုကို ဇွန်လ (၂၅) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီတွင် ပုဇွန်တောင်မြို့နယ်တရားရုံးက အာမခံပေးလိုက်ကြောင်း၊ ဇွန်လ (၂၉) ရက်နေ့၊ နံနက် (၁၁) နာရီတွင် နောက်ထပ်ရုံးချိန်းရှိကြောင်း၊ ခံဝန်ပစ္စည်းနှင့်ပတ်သက်၍ မူလက ကျပ်သိန်း (၈၀၀၀) တင်ရာတွင် မြို့နယ်တရားရုံးက ကျပ်သိန်း (၄၀၀၀) ထက်မပိုစေရဟုဆုံးဖြတ်သဖြင့်ဦးညွန့်ဆွေ(သံအမတ်ကြီး-ငြိမ်း မောင်ဆွေသက်) နှင့် အဆိုတော်မောင်မောင်အေး(အလင်္ကာဝတ်ရည်-မောင်ဟေမာ)တို့က ကျပ်သိန်း (၂၀၀၀) စီ ခံဝန်ပစ္စည်းပေးအပ်ခဲ့ကြောင်း သတင်းဂျာနယ်များတွင် ဖော်ပြထားချက်အရ သိရသည်။
 
The Voice Weekly

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account