Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, August 26, 2012

Windows 8 စမတ်ဖုန်းကို ထုတ်လုပ်မည်

ဖင်လန်ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Nokia နှင့် Microsoft တို့သည် အမေရိကန်ဆော့ဖ်ဝဲ Windows 8 လည်ပတ်မောင်းနှင်မှု စနစ် (Operation system)  ကို အသုံးပြုထားသည့် စမတ်ဖုန်းးကို စက်တင်ဘာ ၅ ရက်တွင် နယူးရောက်မြို့၌ ပွဲထုတ်ပြသမည်ဟု သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ Nokia သည် ထိုပွဲတွင် ယင်းကုမ္ပဏီထုတ် ပထမဆုံး သင်ပုန်း ကွန်ပျူတာကို မိတ်ဆက်ပြသရန် စီစဉ်နေသည်ဟု ဆိုသည်။
ကုမ္ပဏီ၏ နည်းဗျူဟာ အသစ်အရ Microsoft နှင့် ပူးပေါင်းကာ Symbian စမတ်ဖုန်းများကို ထုတ်လုပ်ခြင်း ဖြစ်သည်။ ထိုသို့ ပူးပေါင်းပြီး ပထမဦးဆုံး အနေဖြင့် Lumia စမတ်ဖုန်းများကို ထုတ်လုပ်သည်။ ယခုအကြိမ်တွင် RIM ၏ Blackberry, Apple iPhone နှင့် Google ၏ Android စနစ်သုံး ဟန်းဆက်များကို ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ယခု လက်ရှိ Lumia ဖုန်းများတွင် Windows 8 ကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်၍ မရကြောင်း Microsoft က ကြေညာခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဟန်းဆက် အမျိုးအစားသစ် ထုတ်လုပ်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ကမ္ဘာ့မိုဘိုင်းဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ခဲ့သော ထိုကုမ္ပဏီသည် ယခုကဲ့သို့ Microsoft နှင့် ပူးပေါင်းကာ ယင်း၏ နေရာကို ထိန်းသိမ်းရန် ကြိုးစားခြင်းလည်း ဖြစ်သည်။ Nokia သည် ကမ္ဘာ့မိုဘိုင်းဈေးကွက်တွင် ဝင်ဆံ့လာသည့် နောက်ပိုင်းတွင် အဆင့် ၂၀ နေရာသို့ ကျဆင်းသွားခဲ့သည်။

ဝေနိုင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account