Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, October 1, 2012

ခရီးသွားလမ်းညွှန် မိုဘိုင်း Application ကို အခမဲ့ ဖြန့်ချိ

iPhone နှင့် Android ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သော ခရီးသွားလမ်းညွှန် မိုဘိုင်း application ကို ရွှေပြည်သုခ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အများပြည်သူ ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် အခမဲ့ဖြန့်ချိလျက် ရှိကြောင်း  သိရသည်။ အဆိုပါ application ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များတွင် အသုံးပြုနိုင်ပြီး မြို့နယ်အလိုက်၊ အမျိုးအစားနှင့် ကဏ္ဍအလိုက် စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ စတိုးဆိုင်၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်စသည်တို့၏ ဖုန်းနံပါတ်များ၊ လိပ်စာများ၊ မြေပုံများ၊ ကားမှတ်တိုင်များနှင့် စီးရမည့် ကားနံပါတ်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။


ထို့အပြင် မိမိရောက်ရှိနေသော နေရာ အနီးအနားရှိ သတ်မှတ်အကွာအဝေးအတွင်းမှ အလိုရှိရာကို လျင်မြန်စွာ ရှာဖွေနိုင်ပြီး မိမိသွားရောက်လိုသော ဆေးခန်း၊ ဆိုင်၊ လုပ်ငန်းစသည်တို့ကို ရောက်ရှိနိုင်မည့် ယာဉ်လိုင်းများနှင့် ကားမှတ်တိုင်များကို ပြသသည့် မြေပုံထည့်သွင်းထားသောကြောင့် သွားလာရေးတွင် များစွာ အထောက်အကူဖြစ်ကြောင်း သိရသည်။ Application အတွင်း ပါဝင်ထည့်သွင်းထားသည့် ဆိုင်များ၏ ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ဖော်ပြပေးခြင်း၊ ဓာတ်ပုံများလည်း တင်ထားနိုင်သောကြောင့် မိမိလုပ်ငန်းခိုင်မာမှုကို ပြသနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို လုပ်ငန်းရှင်များဘက်မှ ပြန်လည်ရရှိနိုင်မည် ဖြစ်သောကြောင့် ထည့်သွင်းရန် ဆန္ဒရှိပါက မိမိတို့ကုမ္ပဏီ Logo,  ကြော်ငြာဌာနဓာတ်ပုံ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် (လေးလုံးအထိ) လိပ်စာအပြည့်အစုံ၊ အလုပ်ချိန်၊ လာလိုလျှင်စီးရမည့် ယာဉ်လိုင်းအမှတ်များနှင့် ကားမှတ်တိုင်များကို ရွှေပြည်သုခသို့ ပေးပို့ရမည်ဖြစ်သည်။

ခရီးသွားလမ်းညွှန် မိုဘိုင်း application ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဖုန်းဆိုင်များတွင် အခမဲ့ ထည့်သွင်းနိုင်ရန် ဖြန့်ဝေထားပြီး  http://www.myanmarmobileapp.com နှင့် www.mobileshwepyithukha.com တွင်လည်း download လုပ်၍ ရယူနိုင်သည်။ ထည့်သွင်းရန်အတွက် iOS 4 နှင့် Android 2.0 နှင့်အထက် ရှိရမည်ဖြစ်ပြီး အင်တာနက်လိုင်းနှင့် မြန်မာစာ ဖောင့်ရှိရန်လည်း လိုအပ်ကြောင်း သိရှိရသည်။

မေမြသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account