Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, October 15, 2012

ကျွန်တော် မန္တလေးကို ပြန်ရောက်ပါပြီ..

လာရောက်သူအားလုံး မင်္ဂလာပါဗျာ...

ကျွန်တော် လွန်ခဲ့တဲ့ ၃ရက်လောက်က ကိစ္စတစ်ခုနဲ့ ရှမ်းပြည်ကို သွားခဲ့ပါတယ်. ရှမ်းတောင်တန်းကြီးတွေကလည်း လှ ရာသီဥတုကလည်း အေးအေးနဲ့ မန်းလေးကိုတောင် မပြန်ချင်ဘူးဗျာ. ဒါပေမယ့်လည်း အလုပ်ကိစ္စတွေကလည်းရှိတော့ မနေ့ကပြန်လာခဲ့ပါတယ်. ရောက်ရောက်ချင်း ပင်ပန်းနေတာနဲ့ ပိုစ့်မတင်ဖြစ်ဘူးဗျာ.. ကဲ.. အခု ကျွန်တော် ပြန်ရောက်ပြီဆိုတော့ နေ့တိုင်း ပိုစ့်တွေတင်နိုင်အောင် ကြိုးစားသွားမှာပါ.
နောက်ပြီး ပရိသတ်ကြီးကို ပြောစရာ ရှိပါတယ်. အခုတလော ကျွန်တော့်ရဲ့ gamemaster.master007@gmail.com ကို လာတိုက်ခိုက်တာ များနေတဲ့အတွက် shwemantarlaywaiyan@gmail.com ကိုပြောင်းသုံးနေပါတယ်။ ဒါကိုမှ နောက်ထပ်လာပြီး တိုက်ခိုက်ပြန်ပါတယ်။ ကျွန်တော့်အထင်တော့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ တိုက်ခိုက်နေတာပါ။ ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော် ဒီရွှေမန်းသားလေးဆိုက်ကိုတော့ မည်သည့်အခကြေးငွေမှမရဘဲ စေတနာသန့်သန့်နဲ့ ပညာမျှဝေပေးနေတာပါ. ဘယ်သူ့ကိုမဆို ဗဟုသုတမျိုးစုံရရှိနိုင်အောင်လို့ကို ပိုက်ဆံအကုန်ခံပြီးတော့ကို ရေးပေးနေတာပါ။ အဲဒီအတွက်လည်း လာရောက်သူများထံမှ ကျွန်တော် မည့်သည့်အရာကိုမျှ ပြန်မလိုချင်ပါဘူး။ တောင်းလည်း မတောင်းပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုတော့ နားလည်ပေးစေချင်ပါတယ်. ကျွန်တော့်ကို တန်ပြန်မေတ္တာတွေ ပြန်ပေးနေကြတယ်လို့ဘဲ ကျွန်တော်ထင်ပါတယ်။ လာရောက်သူ အသက်ကြီးငယ်မရွေး အားလုံးကို ကျွန်တော် လေးစားပါတယ်။ အခု ကျွန်တော်လည်း အခြေခံမရှိသူတောင် ဘယ်အပိုင်းဘယ်လိုလုပ်ရသလဲ ဘယ်ဆော့ဝဲလ်ကို ဘယ်လိုသွင်းရတယ် ဘယ်လိုသုံးရတယ်ဆိုတာကိုတောင် ပုံတွေနဲ့ ရေးပေးနေပါတယ်. ဆက်ပြီးတော့လည်း ရေးပေးသွားမှာပါ. အဓိက ရည်ရွယ်ချက်ကတော့ မသိသေးတဲ့သူတွေ သိစေချင်လို့ပါ။ သိပြီးသားသူတွေကတော့ ကျော်ကြည့်လိုက်ကြပေါ့ဗျာ.ဝါသနာပါလို့ လုပ်နေတာကိုတော့ ကျွန်တော်နဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်. အခု ကျွန်တော် လက်ရှိသုံးနေတဲ့ အကောင့်တွေကို အောက်မှာရေးပေးထားပါတယ်. ကျွန်တော့်ဆီ ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်. ချက်ချင်းအကြောင်းမပြန်နိုင်ရင်တော့ နားလည်ပေးဖို့လည်း ကြိုပြောထားပါရစေ....

Facebook - http://facebook.com/waiyanlinnmdy
Google Plus - https://plus.google.com/u/0/109045266403145899462
Gmail - shwemantarlaywaiyan@gmail.com
Twitter - https://twitter.com/mrwaiyanlinn
Linkedin - http://www.linkedin.com/pub/mr-waiyanlinn/5a/73/a8

ဒီဆိုက်ရေးတာ မကြာခင် တစ်နှစ်ပြည့်တော့မှာပါ. အဲဒီအခါကျရင်လည်း အမှတ်တရ အခွေလေးဘဲဖြစ်ဖြစ် စာအုပ်လေးဘဲဖြစ်ဖြစ် ထုတ်ဝေဖို့ အစီအစဉ်လေးလည်း ရှိပါတယ်. အဲဒီအတွက်လည်း စီစဉ်နေတဲ့အတွက် နည်းနည်းလေးတော့ မအားဘူးဖြစ်နေပါတယ်ဗျာ.
လာရောက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ...

အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account