Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, January 29, 2013

မအိမွန်သင်းကြူ၏ Barcamp အမှတ်တရစကား

Barcamp Mandalay 2013 ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ….

Barcamp ဆိုတာ ဘာလဲ ဒီနှစ်မှ ကျကျနန သိတဲ့ ကျွန်မအတွက်တော့ ဒီပွဲဟာ အတွေ့အကြုံအသစ်အဆန်းတွေ အများကြီးရတဲ့ပွဲဖြစ်ခဲ့ပါတယ် … Title registration မှာ volunteer လုပ်ရတာ လွယ်မယ်ထင်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်မှန်း ပွဲအဖွင့်မှာတင် သိလိုက်ရပါတယ် …. ဒီနှစ်မှ volunteer စလုပ်ဖူးတဲ့ ကျွန်မတို့တွေ အတွေ့အကြုံကမရှိတော့ ယောင်လည်လည် တုံ့နှေးတုံ့နှေးနဲ့ Speaker တွေကို ဘာပြောလို့ပြောရမှန်းမသိ ဘယ်အခန်းပေးလို့ ပေးရမှန်းမသိ ….

“ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ရှင့်” “ အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်ရှင့်” ဆိုတာချင်း မိုးမွှန်အောင်ပြောပြီး ယောက်ယတ်ခတ်ခဲ့ရပါတယ် … အခန်းတွေ အချိန်တွေထပ်ကုန်လို့ Speaker တွေကို တောင်းပန်ရ …. စာရင်းမပေးပဲ ကိုယ့်ဘာသာကိုယ်ဲ့ Board မှာ စာရွက် သွားကပ်တဲ့ Speaker တွေကို ပြန်ခေါ်ရ …. “ဒီမှာက စပြောတော့မယ် …. Projector မရသေးဘူး” ဆိုပြန်လို့ Tech support ကို အော်ခေါ်ပြီး ရှာရ …. Team တစ်ခုလုံး ပြေးပြေးလွှားလွှားနဲ့ ပျော်လည်းပျော် …. မောလည်းမောခဲ့ရပါတယ် ….

ရန်ကုန် Barcamp မှာ Medical support ပါတယ် … မန္တလေးမှာလည်း ထည့်ရအောင်ဆိုပြီး လုပ်ကြတော့ … organizer တွေ စီစဉ်ပေးဖို့မအားတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ အိမ်ကဆေးအိတ်ကလေး ‘မ’လာရတယ် …. ဒီကြားထဲ ချောင်းဆိုးပျောက်ငုံဆေးပြားလေး စားကောင်းလိုက်တာဆိုပြီး volunteer တွေ တစွတ်စွတ်လာစားလို့ ငေါက်လွှတ်ရတာလည်း အမော …

Speaker တွေက အားကြိုးမာန်တက်ပြော … Barcamper တွေကလည်း စိတ်ဝင်တစားနားထောင် … ကိုယ်ကဘေးကကြည့်ပြီး အားကျလာတာနဲ့ ပြောဖို့ဆုံးဖြတ်လိုက်မိတယ် … ကိုယ်သိကိုယ်နားလည်တဲ့ဆေးပညာအကြောင်းပဲ ပြောဖို့စဉ်းစားမိတာနဲ့”မေးလိုရာမေး ကျန်းမာရေး” ဆိုပြီး ခေါင်းစဉ်တစ်ခုနဲ့ ဆွေးနွေးဖြစ်ခဲ့တယ် … မေးလိုရာမေးဆိုတဲ့ အတိုင်း Barcamper တွေ မေးသမျှ သိတာဖြေတာပေါ့ဆိုပြီး ပေါ့ပေါ့ပါးပါးစီစဉ်ခဲ့ပါတယ် …. တကယ်ဆွေးနွေးကြတော့ ဆေးတက္ကသိုလ် PSM ဌာနက ဆရာဦးဝင်းခိုင်ဝင်လာပါတယ် …. ကျွန်မ မသိတာတွေ .. ကျွန်မ ပြောဖို့လိုအပ်နေတာတွေ ဆရာကဝင်ဆွေးနွေးပေးသွားတော့ ကျွန်မတို့ ဆွေးနွေးဝိုင်းကလေးက ပိုပြီးအဆင်ပြေပြေလေး ဖြစ်ခဲ့ပါတယ် .. ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ် ….

ရန်ကုန်က Barcamper တွေ စကားအရ မန္တလေး Barcamp က ခေါင်းစဉ်ပိုစုံပါတယ်တဲ့ … ကျွန်မ ရန်ကုန် Barcamp မတက်ဖူးပေမယ့် မန္တလေး Barcamp ခေါင်းစဉ်တွေကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ် …. ဥပမာပေးရရင် …

“ကျော်ဟိန်းကို လူတိုင်းကသိဖို့လိုတယ်”
“စုန်းကဝေဗေဒ”
“လက်ဖက်ရည်ဆိုင်”
“Facebook ပေါ်မှာ လုံလုံခြုံခြုံ”
“နောင်တတို့နဲ့ ဝေးရာဆီ”
“တရားထိုင်ခြင်းနှင့် ကျန်းမာရေး”
“သိပ္ပံနည်းကျ အဆီကျနည်းများ”
“အင်ဂျင်နီယာ ၊ စိတ်ပညာနှင့် အသုံးချဗုဒ္ဒအဘိဓမ္မာ”
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ”
“ရသစာပေရေးရအောင်”
“Baby Sign Language”
“ယာဉ်ကြောပိတ်ဆို့မှုအကြောင်း”
“ယမာကာ လုလင်တို့ ပျော်မွေ့ရာဘုံ”
“Discrimination on sexual orientation”
“ဘာကြောင့် မငြိမ်းချမ်းရသလဲ”
“Next 2015”
“Myanmar Youth Forum”
“Mandalay Youth”
“Easy English, Happy English”
“လူငယ်တွေကို မှာချင်တာလေးတွေ”

စတဲ့ စတဲ့ များပြားလှသော ခေါင်းစဉ်တွေနဲ့ ဆရာသိုက်ထွန်းသက် ၊ ဆရာဂျော်နီကျော်မိုး ၊ ကိုနေဘုန်းလတ် ၊ ကိုညီလင်းဆက် ၊ ကိုမောင်လှ ၊ မနန်းညီ ၊ ကိုထက် ၊ ဒေါ်နန္ဒာမြင့်သိန်း ၊ ဦးအောင်ကျော်ဥာဏ်ဝေ ၊ ကိုကိုးအိမ် ၊ ရွှေမန်းသားလေး ဝေယံ စတဲ့ Speaker တွေက ဦးဆောင်ဆွေးနွေးသွားကြပါတယ် …. မတူတဲ့ နယ်ပယ်တွေဆီက မတူတဲ့ အသိဥာဏ်ဗဟုသုတတွေကို တစ်ချိန်တည်းမှာ တစ်ခါတည်းရလိုက်သလိုပါပဲ …. ကိုယ်စိတ်ဝင်စားတဲ့ခေါင်းစဉ်ကို ဝင်နားထောင်လိုက် … ပြီးရင်ပြန်ထွက်လာလိုက်နဲ့ … Barcamper တွေကို ကြည့်ရတာလည်း တကယ်ကို အားရစရာကောင်းလှပါတယ် … ကျွန်မတို့ Team ကတော့ အမြဲလိုလို ရှုပ်ရှတ်ခပ်နေလို့ ကိုယ်နားထောင်ချင်တဲ့ ခေါင်းစဉ်ကို အလှည့်ကျ လူခွဲပြီးသွားနားထောင်ရပါတယ် ….

အဆင်မပြေတာတွေ အများကြီးရှိခဲ့ကြပေမယ့် ကျွန်မတို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှတစွာနဲ့ Speaker တွေကို အဆင်ပြေအောင် စီစဉ်ပေးနိုင်ခဲ့လို့ တကယ်ဝမ်းသာရပါတယ် … ကံစမ်းမဲဖောက်ပေးတဲ့ Skynet ကြီး မရလိုက်ပေမယ့် အတွေ့အကြုံ အသစ်အဆန်းတွေ … မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရခဲ့လို့ Barcamp Mandalay ကို ကျေးဇူးအများကြီးတင်ပါတယ်

Ei Mon Thinn Kyu

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account