Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 14, 2013

Valentine အမှတ်တရ

သြော်......ချစ်သူများနေ့ ချစ်သူများနေ့

အတွဲရှိတဲ့သူတွေက မိမိချစ်သူနဲ့ လျှောက်လည်လို့
ကျွန်တော်တို့လို ပရဟိတ စိတ်ဝင်စားတဲ့သူတွေကတော့
ပရဟိတ သွားလုပ်ကြလို့....

သြော် သူတို့လေးတွေရဲ့ ဘဝ ကျွန်တော်တို့တတွေ လက်ဖက်ရည်တစ်ခွက် သောက်နေချိန်မှာ သူတို့လေးတွေက ကော်ဖီသောက်ဖို့အနိုင်နိုင်
ပိုက်ဆံမရှိရင် ကျွန်တော်တို့က မိဘတွေဆီကို လက်ဖြန့်တောင်းလို့ ရပေမယ့် သူတို့ဆီမှာ အဖေရယ် အမေရယ်လို့ ခေါ်စရာမရှိ.....
သူတို့လေးတွေကို မုန့်ကျွေးချိန်မှာ ဆုတောင်းပေးတဲ့အသံကြားတော့ ကျွန်တော့်ရဲ့နှလုံးသားက ဆတ်ဆတ်ကိုတုန်လို့....
သြော် ကလေးတို့ရေ.... မင်းတို့တွေ ဘဝမှာ မိဘမရှိကြပေမယ့် မိဘရှိတဲ့သူ တွေကတော့ တစ်ခါတစ်လေ ကိုယ့်မိဘကို မိဘလို့ မသတ်မှတ်တဲ့သူတွေ အများကြီးပါ...
ကလေးတို့ရေ... မင်းတို့ အနာဂတ်တွေမှာ ပျော်ရွှင်ကြပါစေ.....
ရင်ထဲက ခံစားချက်တွေက စာမစီနိုင်အောင် ခံစားရပေမယ့် ကျွန်တော့် နှလုံးသားမှာတော့ ဒီနေ့ဟာ ကျွန်တော့်အတွက် Valentine နေ့
Mandalay Volunteers Group(MVG) နဲ့ သုခရိပ်မြုံ ဂေဟာက သဘာဝရဲ့ ရင်သွေးငယ်တို့နဲ့အတူတူ.....

လင်းယံခ (မြန်မာစာ)
14.2.2013 5:04Pm

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account