Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, January 28, 2012

Barcamp Mandalay 2012 Sponsors List

မန္တလေး ဘားကန့်  ၂၀၁၂ အားဖြစ်မြောက်ရန် အားပေးကူညီခဲ့သော အောက်ပါ စီးပွားရေး လုပ်ငန်းရှင်များ ၊ အဖွဲ့ အစည်းများအား မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။

Diamond Sponsor

Yatanarpon Teleport
Yatanarpon Teleport

Platinum Sponsor


MCC.i
MCC.i

Gold Sponsors


Aung Thamardi Golds & Jewellery Shop
Aung Thamardi Golds & Jewellery Shop
Excellent
Excellent Softwares And Games
 International English School
International English School


eTm
eTm
Zarni Electrionic
Zarni Electrionic
RedLink
RedLink




Silver Sponsors 


CAD Construction and Decoration
CAD Construction and Decoration

Bronze Sponsors


centralmdy.net
centralmdy.net
HARMONY Construction & Decoration
HARMONY Construction & Decoration
Unity Education Centre
Unity Education Centre


Future Link
Future Link
San Stationery
San Stationery
KMC Education
KMC Education
Win Lae` Shwe Yee
Win Lae` Shwe Yee

MyanmarGemmologicalInstitute
MyanmarGemmologicalInstitute
MASA
MASA Company

MCG Agency
MCG Agency
Myanmar Engineer Society
Myanmar Engineer Society
Alpha Mandalay Computer
Alpha Mandalay Computer

iNet Academy
iNet Academy
NTG Center
NTG Computer Training Center
MAT Computer Sales and Service
MAT Computer Sales and Service
ANS Training Center
ANS Computer Training Center

  1. Diamond Sponsor များအနေဖြင့် ကျပ်သိန်းနှစ်ဆယ်
  2. Platinum Sponsor များအနေဖြင့် ကျပ်ဆယ်သိန်း
  3. Gold Sponsor များအနေဖြင့် ကျပ်ငါသိန်း
  4. Silver Sponsor များအနေဖြင့် ကျပ်နှစ်သိန်းငါးသောင်း
  5. Bronze Sponsor များအနေဖြင့် ကျပ်တစ်သိန်း
စသဖြင့် စပွန်ဆာ ကြေးများ သတ်မှတ်ထားပါသည်။

Welcome from Barcamp Mandalay 2012 !


ကျွန်တော်ရွှေမန်းသားလေးက နိုင်ငံအသီးသီးမှာ ရှိကြတဲ့ သူငယ်ချင်းများကို ဒီဖိတ်စာလေးနဲ့ Barcamp Mandalay ကိုတက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ....

အားလုံးကိုခင်မင်လေးစားလျက်......
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Thursday, January 26, 2012

“ရမ်နစ်” ဗိုင်းရပ်စ်ကြောင့် Facebook ပါ့စ်ဝါ့ဒ် အမြောက်အမြား အခိုးခံရ



Photo
ပုံစံသစ်ရမ်နစ် ကွန်ပျူတာ ဗိုင်းရပ်စ်သည် Facebook ပါ့စ်ဝါ့ဒ်များကို ထောင်နှင့်သောင်းနှင့် ချီ၍ ခိုးယူခဲ့ကြောင်း သိရသည်။  များသောအားဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှ အသုံးပြုသူများ၏ ပါ့စ်ဝါ့ဒ်များ အခိုးခံရကြောင်း သုတေသီများက ဆိုကြသည်။ ယင်းကွန်ပျူတာ ဗိုင်းရပ်စ် သဘောဆောင်သည့် ထိန်းချုပ် စေခိုင်း၍ ရသော ကွန်ပျူတာ ပရိုဂရမ်တစ်ခု အင်တာနက်ထဲတွင် ပေါ်ပေါက်နေကြောင်းကို ၂၀၁၀ ဧပြီလ ကတည်းက သိရှိခဲ့ခြင်း ဖြစ်သော်လည်း မျိုးကွဲများ ထပ်ဆင့် ပေါ်ပေါက်လာသဖြင့် နှိမ်နင်းရေးသမားများ အခက်တွေ့ နေကြရသည်။ ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာများတွင် လောလောဆယ် ကူးစက်ခံနေရသမျှ မသမာသော ကွန်ပျူတာ ပရိုဂရမ် အားလုံး၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းမျှပင် ရှိနေသည်။ ၂၀၁၁ ခုနှစ် နောက်ဆုံးသုံးလ အတွင်းတွင် ကွန်ပျူတာရှစ်သိန်း အထိ ကူးစက်ခံရပြီး ဖြစ်ကြောင်း သုတေသီတို့က ဆိုကြသည်။ အဆိုပါ ဗိုင်းရပ်စ်အား ထိန်းချုပ် ကြိုးကိုင်နေသူတို့ ရှိကြပြီး ခိုးယူသမျှ ပါ့စ်ဝါ့ဒ်များနှင့် အီးမေးလ်လိပ်စာများကို ဗိုင်းရပ်စ်က ထိုသူတို့ထံသို့ အစဉ်ပင် ပေးပို့လျက် ရှိကြသည်။ ထို့ကြောင့် ပေးပို့သော အီးမေးလ်များ၊ မိမိမသိသော ဝက်ဘ်ဆိုက်များ၊ မိမိအား မိတ်ဆွေပြုရန် ဆိုလာသူများအား သေချာစွာ စိစစ်သင့်ကြောင်း ကျွမ်းကျင်သူတို့က ဆိုကြသည်။    
 
  

PN-002,
Ref:THN

သင်ရဲ့ ညစ်ပေနေတဲ့ hardware တွေကို သန့်ရှင်းရေးလုပ်မယ်



Photo
စီးကပ်ညစ်ပတ်နေတဲ့ mouse နဲ့ ခနော်ခနဲ့ keyboard တွေက သင့် PC ရဲ့ စွမ်းဆောင်ရည်တွေကို ကျစေပါတယ်။  ဒါတွေကတော့ သင်ညစ်ပတ်နေတဲ့ hardware တွေ သန့်ရှင်းဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ Monitor screen တွေ ရစေဖို့

Monitor တွေကို သန့်ရှင်းရေးလုပ်ဖို့ နည်းတွေအများကြီး ရှိပါတယ်။ သန့်ရှင်းရေးလုပ်ဖို့အတွက် monitor ကို အရင်ပိတ်ပါ။

စိုထိုင်းထိုင်း အဝတ်ပျော့တစ်ခုကိုယူပြီး screen ကို သုတ်ပါ။ screen ပေါ်ရေချက်ချင်း မဖြန်းသေးဘဲ acetone အရက်ပြန်နဲ့ ammonia ပါတဲ့ ဘယ်သန့်ရှင်းဆီကိုမှလည်း မဖြန်းမိပါစေနဲ့။

screen ပေါ်ကို လက်သည်းတွေနဲ့လည်း မခြစ်မိအောင် သတိထားရမှာဖြစ်ပြီး ထိမိရင် pixel တွေ ထိခိုက်တတ်ပါတယ်။

Keyboard သန့်ရှင်းရေး လုပ်မယ်

keyboard တစ်ခုဟာ toilet seat တစ်ခုထက် အဆ (၁၀၀) ပိုပြီး bacteria တွေ ခိုအောင်းနိုင်ပါတယ်။ လက်နဲ့ ထိရုံနဲ့တင် ရောဂါပိုးတွေ ကူးစက်နိုင်ပြီး သုံးစွဲသူတွေ ဘာထိတွေ့ရတဲ့ bacteria တွေ decompose ဖြစ် mini eco-system တွေက တစ်ဆင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာ ဖြစ်ပါတယ်။

keyboard ကို သန့်ရှင်းရေး လုပ်ဖို့ဆိုရင် keyboard ကို ဇောက်ထိုးလှုပ်ခါပြီး။ key တွေကို နှိပ်ကြည့်ပါ။ ဖုန်တွေကျလာတာ သင်တွေ့ရပါလိမ့်မယ်။ key တွေကြားထဲကို ဝါဂွမ်းချောင်းတွေကို သန့်ရှင်းရေးအဆီထဲ နှစ်ပြီးသားနဲ့ သန့်ရှင်းရေးလုပ်ပါ။ အပေါ်ဖက်တွေကိုတော့ ရေစိုအဝတ်နဲ့ ပွတ်ပေးပါ။ ဒါတောင်ချေးတွေကို ကြိုကြားကြိုကြား တွေ့နေရသေးရင် stick tape (သို့) စာရွက်ချွန်လေးတွေနဲ့ air spray ဘူးကို အသုံးပြုပြီး သန့်ရှင်းပါ။

Mouse ကို သန့်ရှင်းမယ်

ခုနောက်ပိုင်း mouse တွေဟာ optical တွေမို့ အရင်လို ရော်ဘောလုံးထည့် mouse တွေထက်တော့ ညစ်ပတ်တာ သက်သာပါတယ်။

ဒါပေမယ့် နာရီပေါင်းများစွာ အသုံးပြုပြီးရင်တော့ မျက်နှာပြင်တွေ စီးကပ်ကပ် ဖြစ်လာတတ်ပတယ်။ ဒါတွေက pointing နဲ့ clicking တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။

mouse ကို သန့်ရှင်းဖို့ကတော့ စိုထိုင်းထိုင်း အဝတ်စတစ်ခုပဲ လိုပါတယ်။ အောက်ဖက်က သိပ်နူးညံ့တဲ့ optical lens အတွက်ကတော့ cutton bud ကလေးတွေနဲ့ပဲ သန့်ရှင်းမှ ရပါလိမ့်မယ်။

သင်က rubble-ball mouse အဟောင်းသုံးသူဆိုရင်တော့ ဇောက်ထိုးလုပ် ဘောလုံးကို ဖယ်ပြီး အထဲကို သန့်ရှင်းရေး လုပ်ပါ။ Ball ကို ရေစို အဝတ်ပျော့လေးနဲ့ပဲ သန့်ရှင်းရေးလုပ်ပါ။

Printer ကို အရောင်တင်မယ်

သင် printer အပြင်က ဖုန်တွေ အတွက်တော့ စိုထိုင်းတဲ့ အဝတ်ငယ်နဲ့ပဲ သန့်ရှင်းလို့ ရပါတယ်။ အတွင်းပိုင်းကတော့ သန့်ရှင်းထားမယ် ဆိုရင် printing quality တွေ တိုးတက်လာနိုင်ပါတယ်။

Inkjet printer တွေက သင့်စက် control panel ကတဆင့် catridge တွေကို ရှင်းနိုင်ပြီး file တွေကို print ထုတ်တော့မယ်ဆိုရင် ပုံမှန်လိုပဲ File>Print ကို နှိပ်ပြီး Options button ကို နှိပ်ပါ။ ပြီးရင် head cleaning button ကို နှိပ်ပြီး၊ Nozzle check (သို့) clean print catridge ကို နှိပ်ပြီး instruction တွေ အတိုင်း လိုက်လုပ်ပါ။

ခိုင်လင်း (စက်မှုတက္ကသိုလ်)

မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင်သည့် ဆော့ဖ်ဝဲအခမဲ့ ရယူနိုင်



Photo
မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာများတွင် မိမိရှာဖွေလိုသည့် လိပ်စာများ၊ လမ်းညွှန်များကို အလွယ်တကူ ရှာဖွေနိုင် ဖော်ပြပေးနိုင်သည့် ဆော့ဖ်ဝဲကို  အခမဲ့ ထည့်သွင်းပေးလျက် ရှိကြောင်း ၎င်းဆော့ဖ်ဝဲ ထည့်သွင်းပေးသည့် Myanmar Explore မှ ၁၈-၁-၂၀၁၂ ရက်က သိရသည်။

“ဒီဆော့ဖ်ဝဲကို စတင်လုပ်ဆောင်တာက ၂၀၀၉ ကပါ။ တကယ်တမ်း သုံးဖို့ ချပေးခဲ့တာက ဒီနှစ်ဆန်းပိုင်းမှာပါ။ ဒီဆော့ဖ်ဝဲ လုပ်ရတဲ့ ရည်ရွယ်ချက်က သူများနိုင်ငံမှာလည်း စီးပွားရေးလမ်းညွှန်တွေ တော်တော်လေး ရှိတယ်လေ။ အဓိကကတော့ သွားချင်တဲ့ နေရာ၊ သိချင်တဲ့ လိပ်စာကို အလွယ်တကူ ရှာနိုင်အောင်ပါ။ ဒီဆော့ဖ်ဝဲမှာက သိချင်တဲ့ လိပ်စာ၊ ဒါမှမဟုတ် လမ်းရှာချင်ရင်လည်း Find Street ဆိုပြီး ရိုက်ထည့်လိုက်ရင် မြေပုံမှာ တစ်ခါတည်းပြတယ်။ အဲဒီကို ဘယ်လိုသွားရမယ်ဆိုတာလည်း ပြတယ်” ဟု Myanmar Explore မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 
၎င်းဆော့ဖ်ဝဲကို Map++Digital လမ်းညွှန်ဟုခေါ်ပြီး Myanmar Explore ရုံးတွင် အခမဲ့ လာရောက်ယူနိုင်ကြောင်း၊ ထို့ပြင် အွန်လိုင်းတွင်လည်း www.myanmarexplore.com တွင် အသုံးပြုနိုင်ကြောင်း၊ မိုဘိုင်းဖုန်းတွင် ထည့်သွင်း အသုံးပြုရခြင်းမှာ သွားလေရာ ယူဆောင်၍ အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များကလည်း မိမိတို့၏ ရုံးခန်းလိပ်စာများကို www.myanmarexplore.com\website တွင် မှတ်ပုံတင်ပြီး add business address တွင် ဝင်ရောက်၍ ထည့်သွင်း ရေးသား ဖော်ပြနိုင်ကြောင်း သိရသည်။

နှင်းနုဝေ

ဒုတိယအကြိမ်မြောက် Barcamp Mandalay တွင် အကြောင်းအရာစုံ ပါဝင်ဆွေးနွေးကြမည်



MCIA (မန္တလေး) နှင့် MCPA (မန္တလေး) တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် Barcamp Mandalay ကို လာမည့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ရွှေဖြူပလာဇာ အပေါ်ထပ်ရှိ ၎င်းအသင်းများ၏ ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။  "Barcamp ဆိုတာ ဆီမီနာလို ဟောပြောပွဲ မဟုတ်ပါဘူး။ ကိုယ်ပြောချင်နေတာတွေ၊ ကိုယ်သိချင်နေတာတွေကို အချိန်တိုတိုနဲ့ တစ်နေရာတည်းမှာ စုစုစည်းစည်း ပေးနိုင်ရနိုင်တာမို့ လာရောက်တဲ့ သူတွေအတွက် အင်မတန် အကျိုးရှိစေပါတယ်။ သင်ပုန်းပေါ်က အစီအစဉ် အတိုင်း သက်ဆိုင်ရာ အခန်းတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တပြိုင်တည်း ဆွေးနွေးကျင်းပနေမှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ သူတွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အခန်းမှာ ဝင်ပြီးတော့ နားထောင် ဆွေးနွေးရုံပါပဲ” ဟု  Mandalay Barcamp ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။    
 
လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် အတွက် အခန်း ၈ ခန်း ဖန်တီးပေးထားမည်ဖြစ်ရာ ဆွေးနွေးသူ တစ်ဦးလျှင် အချိန်တစ်နာရီ ပေးထားပြီး နည်းပညာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်မည် ဖြစ်သည်။ မန္တလေးမြို့၏ ပထမဦးဆုံး အကြိမ် Barcamp တွင် လူပေါင်း ၁၈၀ က ဆွေးနွေးခဲ့ရာ ယခုတစ်ကြိမ်တွင် နိုင်ငံခြား ပညာရှင်များလည်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။                     
 
ခွန်စိုင်းအောင်

သေဆုံးပြီးနောက် နှုတ်ဆက် Message လွှင့်တင်နိုင်မည့် Facebook App လေးတစ်ခု




Photo
ကွယ်လွန်သေဆုံးသွားသူ တစ်ဦးက ၎င်း၏ Facebook ပေါ်တွင် နှုတ်ဆက်စကားကို လာရောက် ရေးသားမည် ဆိုပါက မြင်ရသူတိုင်း သရဲခြောက်သည်ဟု ထင်မြင်ကြမည်  ဖြစ်သည်။ သို့သော် ထိုကိစ္စသည် ယခုအခါ Facebook တွင် လွှင့်တင်ထားသည့် App တစ်ခုကြောင့် အမှန်တကယ် ဖြစ်လာတော့မည်ဟု သိရသည်။ လူတစ်ဦး မသေဆုံးမီ ၎င်းယုံကြည် စိတ်ချရကြောင်း ထောက်ခံထားသူ (၃) ဦးထံမှ အဆိုပါပုဂ္ဂိုလ် ကွယ်လွန်ကြောင်း အတည်ပြု ထောက်ခံပေးလျှင် Facebook ပေါ်၌ နောက်ဆုံး နှုတ်ဆက် Message ကို လွှင့်တင်ပေးမည် ဖြစ်သည်။

အဆိုပါ App ကို If I Die ဟု အမည်ပေးထားသည်။ ထို App သည် လူတစ်ဦး သေဆုံးပြီးပါက ကျန်ရစ်သူများအတွက် ပြောချင်သည့် Message ကို ချန်ထားပေးနိုင်မည် ဖြစ်သည်။ လူတစ်ဦး သေဆုံးသွားသည်နှင့် အဆိုပါ ချန်ရစ်ထားသော Message သည် အလိုလို Wall ပေါ် ရောက်လာမည် မဟုတ်ချေ။ သို့သော်လည်း ယုံကြည်စိတ်ချရသူ (၃) ဦးက ၎င်းသေဆုံးကြောင်း ထောက်ခံပေးပါကမူ App က အသက်ဝင် လှုပ်ရှားလာမည် ဖြစ်သည်။ ထိုအခါ သေသူချန်ထားသည့် စာသားကိုဖြစ်စေ၊ ဗီဒီယိုကိုဖြစ်စေ ကျန်ရစ်သူများ တွေ့မြင်နိုင်မည်ဖြစ်သည်။

အဆိုပါ App ကို ယခုအခါ Like လုပ်ထားသူ (၆,၀၀၀) ကျော်သွားပြီဟု သိရသည်။ Facebook က ကွယ်လွန်သွားသည့် အသုံးပြုသူများအတွက် အမှတ်တရ ဖြစ်စေမည့် ဝန်ဆောင်မှု တစ်ခု ပေးထားသော်လည်း ယခု App ကမူ သေသူကိုယ်တိုင် ၎င်းကွယ်လွန်ပြီးမှ Message တစ်ခု ချန်လှပ်နိုင်ရန် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။

အားလုံးကိုခင်မင်လေးစားလျက်......
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Wednesday, January 25, 2012

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။




မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။
ဝ-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။



ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။


ကိုးကား ။ ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ

Monday, January 23, 2012

Tricks to Open Things

တစ်ခါတစ်ရံ သင်မောပန်းနေချိန်မှာဖွင့်ရခက်တဲ့ ဖန်ပုလင်းအဖုံး၊ အချိုရည်ပုလင်းဖုံးနဲ့ ၀ိုင်ပုလင်းဖုံးတို့ကို သိပ်အားစိုက် စရာမလိုဘဲ ပွင့်စေချင်တယ်ဆိုရင် အောက်ဖော်ပြပါနည်းလမ်းတွေကအသုံးဝင်စေမှာပါ။
သင့်အနေနဲ့ အဖုံးလုံအောင် ပိတ်ထားတဲ့ ဖန်ပုလင်းတစ်ခုကို ချက်ချင်းအလွယ် တကူဖွင့်နိုင်ဖို့က သိပ်မလွယ်ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဖုံးနားမှာ သားရေကွင်း ခပ်ထူထူကို အပတ်ပေါင်း များစွာပတ် လိုက်ခြင်းအားဖြင့် သင့်လက်ကို ချော်မထွက်စေဘဲ ကိုင်ရတာပိုမို မြဲမြံစေပြီး ဖွင့်ရလွယ်ကူ စေပါတယ်။ အဲဒါမှ ဖွင့်မရဘူးဆိုရင် ရာဘာလက်အိတ် စွပ်ပြီးဖွင့်ကြည့်ပါ။

1

ဒီနည်းလမ်း တွေကအလုပ် မဖြစ်ရင်လဲ ဇွန်းတစ်ချောင်းက အလုပ်ဖြစ်စေ ပါလိမ့်မယ်။ လက်တစ်ဖက်က ဖန်ပုလင်းကို မြဲမြဲကိုင်ထားပြီး တစ်ဖက်က ဇွန်းတစ်ချောင်းကိုင်ပါ။ ဖန်နဲ့အဖုံး ကြားလေးထဲက လမ်းကြောင်းထဲမှာ ဇွန်းကိုထည့်ပြီး ရှေ့နောက် တွန်းပြီးကလန့် လိုက်ပါ။ အဖုံးတွေ ချောင်သွားအောင်လို့ပါ။ လေထွက် လာတဲ့အသံကြားမှ ရပ်လိုက်ပြီး အဖုံးကို လှည့်ဖွင့်ကြည့်ပါ။    အလွယ်တကူ ပွင့်သွားပါ လိမ့်မယ်။

1

တချို့ကတော့ ဖန်ပုလင်းကို ဇောက်ထိုးထားပြီး အဲဒီလို လုပ်ကြပါတယ်။ အဲဒါတောင်မှ မပွင့်သေးရင် နောက်တစ်နည်း ရှိပါသေးတယ်။ အဖုံးကို အပူပေးတဲ့နည်းပါ။ သတ္တုတွေကို အပူပေးရင် ကျယ်ပြန့်လာတတ် တဲ့သဘောကြောင့် ဖွင့်ရတာ လွယ်သွားပါလိမ့်မယ်။ အပူပေးဖို့အတွက် ရေနွေးထဲမှာ အဖုံးကို တစ်မိနစ် လောက်ဖြစ်ဖြစ် နှစ်ထားပေး လို့ရပါတယ်။ ရေနွေးအလွယ် တကူမရရင် မီးခြစ်က မီးတောက်ကို သုံးပြီးတော့လဲ အပူပေးနိုင်ပါတယ်။

jars

ဖောက်တံဝက်အူ အလွယ်တကူ မရချိန်မှာ ၀ိုင်ပုလင်းအဖုံး ကိုဘယ်လိုဖွင့်မလဲ? နည်းသိရင် လွယ်လွယ်လေးပါ။ ရှူးဖိနပ်တစ်ဖက် တော့လိုပါလိမ့်မယ်။ ၀ိုင်ပုလင်းရဲ့ အောက်ခြေကို ဖိနပ်ရဲ့ နောက်ပိတ်ထဲ ထည့်ပြီးနံရံနဲ့ ရိုက်ပေးရပါမယ်။ အောက်က video မှာ လုပ်ပုံလုပ်နည်းကို လက်တွေ့ ပြသထားတာ တွေ့ရပါတယ်။ ဒီနည်းက ပုလင်းထိပ်က ဖော့ဆို့ကို  ကျွတ်ထွက်လာအောင် ပုလင်းအောက်ကို နံရံနဲ့ ရိုက်ရာမှာ ပုလင်းမကွဲအောင် ကြားခံတစ်ခု ထည့်လိုက်တဲ့ သဘောပါပဲ။


ဒါဆို ဖောက်တံမရှိဘဲ အချိုရည်ပုလင်း ဖုံးတွေကို ရောဘယ်လိုဖွင့်မလဲ။ လွယ်ပါတယ်။ အဖုံးရဲ့ အစွန်းကို စားပွဲ ဒါမှမဟုတ် အင်္ဂတေမျက်နှာပြင် တစ်ခုခုမှာ ထိထားပြီး သင့်လက်နဲ့ အပေါ်က ရိုက်ချရုံပါပဲ။ (ဒါကိုတော့ တော်တော်များများ လုပ်နေကျ မဟုတ်လား)။ ဒီနည်းက အားနည်းနည်း သုံးဖို့လိုပြီး အင်္ဂတေမျက် နှာပြင်တွေ ပွန်းပဲ့သွားမှာတော့ သတိထားရပါမယ်။


နောက်တစ်နည်း ကတော့ ပုလင်းနှစ်လုံးရဲ့ အဖုံးအချင်းချင်း ကလန့်ပြီး ဖွင့်တဲ့နည်းပါ။ ပုလင်းနှစ်လုံးကို ခေါင်းချင်းဆိုင် တေ့ထားပြီး သန်တဲ့လက်နဲ့ ပုလင်းတစ်လုံး ကိုမြဲမြဲ ဆုပ်ကိုင်ထားပြီး နောက်တစ်လုံးရဲ့ အဖုံးကို ကလန့်ရပါမယ်။ အောက်က video မှာလက်တွေ့ပြ ထားပါတယ်။

ဖွင့်ရခက်တဲ့ အဖုံးတွေ ဖွင့်ဖို့ သင့်မှာတခြား tip and trick တွေရှိသေးရင်လဲပြောပြခဲ့ပါဦး။

အွန်လိုင်းမှာ 50-GB အလားကားရတဲ့ဆိုဒ်လေးပါ

ဒီဟာလေးကတော့ အွန်လိုင်းမှာ 10_GB အလကားပေးထားတဲ့ဆိုဒ်လေးပါ
ကျွန်တော်သိသလောဆိုရင် Dropbox ထက်တောင်ပိုကောင်းပါတယ်။
သူငယ်ချင်းတွေကို ထပ်ဖိတ်မယ်ဆိုရင် 1-GB ဆီပေးပြီး 50-GB အထိပေးပါတယ်။
ကွှန်တော့်လို တွေ့ကရာ စုချင်တဲ့သူငယ်ချင်းများအတွက်တော့ တော်တော်လေးအသုံးဝင်ပါတယ်။ Virus ကိုက်မှာကိုလည်း မကြောက်ရတော့ဘူးပေါ့။ ပျက်သွားမှာလည်းစိုးရိမ်စရာမလိုဘူး။ ရောက်တဲ့အရပ်ကနေ လိုချင်တဲ့အချိန် လိုချင်တဲ့ ဖိုင်ကို ပြန်ဒေါင်းလိုက်ရုံပဲ။ လိုချင်တဲ့သူငယ်ချင်းများ register သွားလုပ်ကြပေါ့နော်..
http://minus.com/mmiteb ကိုနှိပ်လိုက်ရင် ကျွန်တော့်ရဲ့နေရာကိုရောက်သွားလိမ့်မယ်
အခုလောလောဆယ်မှာတော့ software လေးတွေကိုပဲ Public လုပ်ထားပါတယ်။ ကျန်တာတွေကတော့ ဒီတိုင်းပဲထားထားတယ် ။နောက်ပိုင်း ကျွန်တော်သိသမျှ လိုအပ်တဲ့ Software တွေကိုတင်ပေးဘို့စိတ်ကူးထားပါတယ်။ သူငယ်ချင်းတွေကိုလဲ ဖိတ်ခေါ်ပါတယ်နော်။

မှတ်ချက်။ ။ တစ်ယောက်ယောက်က ဖိတ်လို့ဝင်တယ်ဆိုရင် ကိုယ့်အတွက်လည်း 1-GB ရတယ်။
ဖိတ်တဲ့သူအတွက်လည်း 1-GB တိုးပါတယ်။ကဲနောက်မကျခင် သွားလိုက်ကြရအောင်ဗျာ.......

အားလုံးကိုခင်မင်လေးစားလျက်......
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

ခွန်အား စိတ်ဓာတ် (၂)

တကယ်လို့ ငိုကြွေးခြင်းက ရင်ဖွင့်နည်းတစ်မျိုးဆိုရင်
အောင့်အီးမထားပါနဲ့တော့
မျက်ရည်က တစ်ခါတလေမှာ ပျော့ညံ့ခြင်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။

တကယ်လို့ အထီးကျန်ခြင်းက အခြေအနေတစ်မျိုးဆိုရင်
တိတ်ဆိတ်မနေပါနဲ့တော့
ကိုယ်ကိုယ်တိုင်အသံထွက်မှ ကိုယ့်နေရာ၊ ကိုယ့်တန်ဖိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။

တကယ်လို့ စွန့်လွှတ်ခြင်းက လွှတ်မြောက်မှုတစ်မျိုးဆိုရင်
ခေါင်းမာတင်းခံမနေပါနဲ့တော့
လက်လွတ်သင့်ချိန် လွှတ်ချရက်မှ၊ လှည့်ထွက်သင့်ချိန် လှည့်ထွက်ရက်မှ
ရှေ့ဆက်လမ်းကို လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လှမ်းနိုင်မှာဖြစ်တယ်။

ဘဝကို မျက်ရည်အဝဲသားနဲ့ ငါတို့ခရီးဆက်ရလည်း
မထင်မှတ်တဲ့အချိန်မှာ ဘဝက ငါတို့ကို အပြုံးတွေပေးပါလိမ့်မယ်။
.

အချစ် ခံစားချက် (၃)

စောင့်မျှော်ရတာက အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ
စောင့်မျှော်ရင် ရောက်လာလိမ့်မယ်လို့ ခပ်ရိုးရိုးပဲ တွေးထားခဲ့မိတယ်
ဒါပေမယ့် စောင့်မျှော်ရင်းနဲ့
ပျော်ရွှင်ရမယ့်အပျော်တွေကို ငါတို့လက်လွတ်ခဲ့ကြတယ်
လက်လွတ်ခဲ့ပြီးမှ ဘာကြောင့် အစကတည်းက မဖမ်းဆုပ်လိုက်သလဲလို့ ငါတို့နောင်တရတယ်။
တကယ်တော့
စောင့်မျှော်တယ်ဆိုတာ နဂိုကတည်းက ရယ်စရာကောင်းတဲ့အမှားတစ်ခုပါ
ရောက်လာနိုင်မှန်း၊ မရောက်လာနိုင်မှန်းမသိတဲ့ ပျော်ရွှင်ခြင်းတစ်ခုကို
စောင့်မျှော်ဖို့ ငါတို့အကျင့်ပါနေခဲ့တယ်...
.

အချစ် ခံစားချက် (2)

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။
မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။
နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။
ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။
နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။
နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။
လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်..
.

Sunday, January 22, 2012

Barcamp Mandalay Volunteers Meeting


၂၄-၁-၂၀၁၂ Barcamp Mandalay Volunteers Meeting ကို ၂၅-၁-၂၀၁၂ ရက်နေ့ညနေ ၅း၃၀ သို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ပါကြောင်း...။

ကမ္ဘာ.အဆိပ်ပြင်းဆုံးသတ္တ၀ါ(၁၀)မျိုး

1.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)



ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားပါတဲ.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)ဖြစ်ပါတယ်။ဂျယ်လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊အာရုံကြောစုစည်းမူ.စနစ်၊အရေပြားဆဲလ် စတာတွေကိုချက်ခြင်းစီးဝင်ပျံနှံနိုင်ပါတယ်။ဂျယ်လီငါးရဲ.အညံဆုံးကိုခန္တာအစိတ်အပိုင်းတခုသည်ပင် လူတယောက်အား  မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ   သေဆုံးရတတ်သည်။ မြန်မာနိုင်ငံရှိကမ်းခြေများ မိုးတွင်းကာလ တွင် ရေတန်းငါးတခါတရံကျရောက်တတ်ပြီး ထိုငါးနှင်.ထိမိပါက မီးလောင်ဒဏ်ရာကဲ.သို. ဖြစ်ပေါ်တတ်သည်။အဆိပ်ပြင်းလှတဲ. ဂျယ်လီငါးကတော. အာရှနဲ.သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါတယ်


2. King Cobra


 လူသိများလှတဲ မြွေဟောက်ဘုရင် ဟာ အဆိပ်ရှိမြွေသတ္တ၀ါတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါတယ်။သူ.ရဲ.အခြားနာမည်တခုကတော.Ophiophagus hannah  ဖြစ်ပါတယ်။Ophiophagus ကို လုံးစေ.ပတ်စေ.   ပြောရမယ်ဆိုရင်   မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။တချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။အာရှတိုက်   တောင်ပိုင်းနှင်.အရှေ.တောင်အာရှတောနက် များတွင်တွေရတတ်သည်။


3. Marbled Cone Snail



စကျင်ကျောက်ပုံစံနှင်ခရုဖြစ်ပါတယ်။ကြည်.လှသလောက်အဆိပ်ပြင်းလှတဲ.အကောင်တွေထဲမှာ သူလဲပါပါတယ်။သူ.အဆိပ်ရည်တစက်  နှင်.ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါတယ်။ဆားငံရည်ပျော်ဝင်နေတဲ.ရေနွေးရှိရာဒေသတွေမှာ တွေရတတ်ပါတယ် သူဆူးထိမိခဲရင်အနှေးနှင်အမြန်ကြီးမားစွာဒုက္ခပေးတဲ.အကျိုးခံစားရမှာဖြစ်ပါတယ်။ ရောင်ရမ်ခြင်း၊မလူပ်ရှားနိုင်ဘဲတဆစ်ဆစ်ခံစားရပြီးဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ် သွပ်ချာပါဒ လိုက်သလို တုံဆိုင်းသွားပြီး အသက်ရူရခက်လာပြီး စသည်.ရောဂါလက္ခဏာ  များပြတတ်ပါတယ်။


4. Blue-Ringed Octopus


အပြာရောင်လပ်စွပ်ကွင်းပုံစံလေးနဲ.ရေဘ၀ဲပါ။အရွယ်အစားကတော.ဂေါက်သီး တလုံးရဲ . အရွယ်ခန်.ရှိ.ပါတယ် ။ သူ.လဲလူတယောက်ကို လွယ်လွယ်သေစေနိုင်ပါတယ်။လူ၂၆ခန်.ကို မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ.အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ.လက်တံနဲ.ထိမိ.တာနဲ.အာရုံကြောများမှတဆင်အဆိပ်ပြန်.၀င်ပြီးကြွက်သားများ  ပျောညံအားနည်းလာပြီးလေးလံထုံထိုင်းလာကာ အသက်ရူရပ် သေဆုံးတတ်ပါသည်။ဂျပန်နှင်သြစတေးလျှရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ၀င်ရောက်တဲ.ရေကန်များ မှာတွေ.နိုင်ပါတယ်။

5. Death Stalker Scorpion



 ဒီကင်းမြီးကောက်ကတော.ကိုက်ခံရပြီဆိုအာရုံကြောများမှအဆိပ်ပြန်.ပြီး လေငန်းစွဲသလို ဖြစ် မေးမြှောသေဆုံးနိုင်ပါတယ်။ သူ.ကိုတော.အာဖရိကတောင်ပိုင်းနှင်.အရှေ.အလယ်ပိုင်းတွေမှာတွေရတတ်ပါတယ်


6. Stonefish



 ဒီကျောက်ငါးကတောအလှပြိုင်ပွဲမှာဝင်ပြိုင်ရင်ဆုမရနိုင်ဘူးလား။သူလဲကမ္ဘာ.အဆိပ်ပြင်းငါးတမျိုးပါပဲ ထိတ်လန်.ပြိးတစ်ရူးတွေသေဆုံးကာနာရီးအနည်းငယ်အတွင်းမှာ ဆေးကူသမူမပြုလုပ်ရင် သေဆုံနိုင်ပါတယ် ပိစိဖိတ်နှင်အိန္ဒိယသမုဒ္ဒရာအပူပိုင်းရေတိမ်သောနေရာနှင်.ပင်လယ်နီqueensland  သောင်ခုံကျောက်တန်းများ တွင်    တွေ.ရှိနိုင်သည်။


7. The Brazilian wandering spider



ဘရာဇီးမှာလှည်.လည်သွားလာနေတဲ.ဒီငှက်ပျောသီးပင်.ကူဟာလူကိုအန္တရာယ်ပေးနိုင်ဆုံးဖြစ်ပြီး   နေ.ပိုင်းတွေမှာ အိမ်ရဲ.အတွင်းပိုင်း အင်္ကျီင်္ ၊ဖိနပ်၊ကားစသည်ဆို.မှာ ပုန်းခိုတတ်ပါတယ်


8. Inland Taipan



အပူပိုင်းမြွေဒေသမှ အဆိပ်ပြင်းလှတဲ. မြွေပါပဲ ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါတယ်

9. Poison Dart Frog



 အဆိပ်လက်နက်နဲ.ဖားလှလှလေးပါ။မိုးမျာတဲ.တောနက်ထဲမှာပြောလွားနေတတ်ပြီးတခါတရံ တောင်အမေရိကအလယ် ပိုင်းမှာတွေရပါတယ်။၂လက်မခန်အရှည်ရှိပါတယ်။လူနဲ.အခြားနို.တိုက်သတ္တ၀ါတွေကို  သေစေနိုင်ပါတယ်


10. Puffer Fish




 pufferငါးအကိုက်ခံ ပြီဆိုရင် ရေစီကြမ်းတဲ.နှလုံးကိုအရိုက်ခံရသလိုပါပဲသူ.ရဲ.နုတ်ခမ်းထူထူနဲ.လျှာတွေက လဲအဆိပ်ရှိပါတယ်အကိုက်ခံရတဲ.လူဟာကြွက်သားတွေတုန်.ဆိုင်းသွားမယ်ရင်ဘက်ပိုင်းနှင်.၀မ်းဗိုက်ပိုင်းကြား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါတယ်၊၊


http://wwwlinnzawhtike.blogspot.com/

ခံစားတတ်တဲ့ နှလုံးသား

ချစ်သူရယ်.....
သစ်ပင်တစ်ပင်မှာ ဓါးနဲ့ရေးခြစ်ခဲ့တဲ့စာတွေဟာ
စူးစူးနစ်နစ်နဲ့ ဖျောက်ဖျက်ဖြစ်ဖို့ မလွယ်နိုင်သလို
မင်းကိုချစ်တယ်ဆိုတဲ့ အကြောင်းတွေရေးခြစ်ထားတဲ့
ငါ့နှလုံးသားဟာလည်း ငါသေသွားခဲ့ရင်တောင်
နောင်နှစ်ပေါင်းများစွာတိုင် ငါနှလုံးသားထက်မှာ
တည်နေမှာပါ........

                                        Black Rose (Lover Poem)

Barcamp Mandalay Volunteers Meeting မှ ပုံရိပ်များ


၂၁.၁.၁၂ ညနေ ၄နာရီအချိန်က MCPA အသင်းရုံး၌ Barcamp Mandalay 2012 Volunteers Meeting ကျင်းပပြုလုပ်ခဲ့သည်။၎င်း ဆွေးနွေးပွဲတွင် တက်ရောက်လာသော ဗော်လန်တီယာများအနေဖြင့်
၁. လက်ကမ်းကြော်ငြာ ဝေခြင်း ကိစ္စ
၂. ပွဲနေ့တွင် Organizer များ Volunteer များစုပေါင်းကာ အခမ်းအနားပြင်ဆင်ရေး ကိစ္စ
၃. ပွဲလာရောက်သူများကို အမှတ်တရလက်ဆောင် ပေးဝေရေး ကိစ္စ
၎. အခန်းများတွင် တာဝန်ခံများချထားရေး ကိစ္စ တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။ထို့နောက် Organizer များ၊volunteerများက ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြရာ ပွဲနေ့တွင် (Organizer ၊ volunteerများသာ)
၁. တူညီဝတ်စုံ ၀တ်ဆင်ရေး (ဥပမာ- T Shirt နှင့်အတူ)
၂. ရင်ထိုးတပ်ဆင်ရေး
၃. ကဒ်ပြားများ ချိတ်ဆွဲရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်. ထို့နောက် အစည်းအဝေးကို ညနေ ၅း၃၀ တွင်ရုပ်သိမ်းခဲ့သည်.
ယခုအချိန်ထိ Barcamp Mandalay 2012 အတွက် ရထားသော sponsor ဦးရေများမှာ
1. Diamond Sponsor  - Available!
2. Platinum Sponsors -1 ဦး
3. Gold Sponsors      -3 ဦး
4. Silver Sponsors     -1 ဦး
5. Bronze Sponsors   -7 ဦး တို့ဖြစ်သည်.

    Diamond Sponsor များအနေဖြင့် ကျပ်သိန်းနှစ်ဆယ်
    Platinum Sponsor များအနေဖြင့် ကျပ်ဆယ်သိန်း
    Gold Sponsor များအနေဖြင့် ကျပ်ငါသိန်း
    Silver Sponsor များအနေဖြင့် ကျပ်နှစ်သိန်းငါးသောင်း
    Bronze Sponsor များအနေဖြင့် ကျပ်တစ်သိန်း

စသဖြင့် စပွန်ဆာ ကြေးများ သတ်မှတ်ထားပါသည်။ Sponsor ပေးလိုသူများအနေဖြင့် ကျွန်တော်တို့ MCPA အသင်းရုံးခန်းဖြစ်သော အခန်းအမှတ် D-226၊ ရွှေဖြူပလာဇာ ဒုတိယထပ် ၃၃လမ်းနှင့် ၇၇လမ်းထောင့် ဖုန်း ၀၂-၆၉၃၁၃၊၀၂-၆၉၃၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်. Volunteer အနေဖြင့် ပါဝင်လိုပါက MCPA အသင်း သို့လည်းကောင်း ၊ ဝေယံလင်း 09-910 42 825 သို့လည်းကောင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။






အားလုံးကိုကျေးဇူးတင်လျက်........
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Thursday, January 19, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF ) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း။

by TheMessenger NewsJournal on Thursday, January 19, 2012 at 2:28pm
 
၁။ ဒေါ်ဘောက်ဂျာ       ပြည်သူ့လွှတ်တော်       ဖားကန့်မြို့နယ်၊ ကချင်ပြည်နယ်။
၂။ ဦးမြတ်မိုးမြင့်          ပြည်သူ့လွှတ်တော်       မိုးကောင်းမြို့နယ်၊ ကချင်ပြည်နယ်။
၃။ ဦးဝင်းထွန်း            ပြည်သူ့လွှတ်တော်       တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၎။ ဒေါ်နန်းကြူသန်းဝင်း ပြည်သူ့လွှတ်တော်       လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
၅။ ဦးကျော်အောင်        ပြည်သူ့လွှတ်တော်       မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၆။ ဦးကျော်စိန်ဟန်       ပြည်သူ့လွှတ်တော်       မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
၇။ ဒေါ်ခင်ဖြူဖြူငြိမ်း      ပြည်သူ့လွှတ်တော်       မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၈။ ဦးကြီးမြင့်              ပြည်သူ့လွှတ်တော်       ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၉။ ဦးကြည်သန်း            ပြည်သူ့လွှတ်တော်       သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၀။ ဦးအောင်မျိုးလှိုင်    ပြည်သူ့လွှတ်တော်       မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
၁၁။ ဦးတင်ဝင်း           ပြည်သူ့လွှတ်တော်       ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
၁၂။ ဒေါ်ခင်စုစုအောင်   ပြည်သူ့လွှတ်တော်       မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။

ခွန်အား စိတ်ဓာတ်

ဆုံးရှုံးတယ်ဆိုတိုင်း သင်ဘယ်တော့မှ မအောင်မြင်နိုင်တော့တာမဟုတ်ဘူး။
စိတ်ဓာတ်ကျတယ်ဆိုတိုင်း သင့်ဘဝတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားတာမဟုတ်ဘူး။
နာကျင်ဝမ်းနည်းတယ်ဆိုတိုင်း သင်မပျော်ပိုက်နိုင်တော့တာ မဟုတ်ဘူး။
အကူအညီမဲ့တယ်ဆိုတိုင်း တလောကလုံးက သင့်ကိုလျစ်လျူရှုလိုက်တာမဟုတ်ဘူး။

တစ်ခါတလေမှာ...
သင့်ခံစားချက်၊ သင့်ထင်မြင်တွေးတောချက်တွေက
အမှန်တကယ်ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူကျမနေဘူးဆိုတာ သင်နားလည်စေချင်ပါတယ်။
.

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှတစ်လအတွင်း ထွက်ခွာရန် တိုင်းသံဃာ့နာယကအဖွဲ့ကဆုံးဖြတ်

by 7Day News Journal on Thursday, January 19, 2012 at 3:01pm
 
ရန်ကုန် - ဇန်န၀ါရီ ၁၉
ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာပေးရန် တိုင်းသံဃာ့နာယကအဖွဲ့ကယနေ့မွန်းလွဲ ၂နာရီခွဲတွင်ဆုံးဖြတ်ချက်ချခဲ့ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဇန်န၀ါရီ ၁၉ရက်မှ ဖေဖ၀ါရီ ၁၉ရက်အတွင်း ကျောင်းတိုက်မှထွက်ခွာပေးရန်နှင့်ကျောင်းမှ မထွက်ခွာမီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်သွားရန်လည်း နာယကအဖွဲ့ကမိန့်ကြားခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို တိုင်းသံဃာ့နာယကအဖွဲ့ဥကဌဆရာတော်နှင့် အကျိုးတော်ဆောင်အဖွဲ့ဝင်ဆရာတော် များစုစုပေါင်း သံဃာတော်၁၀ပါးက ယနေ့အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလူမှု့ရေးဝန်ကြီးနှင့် တိုင်းသာသနာရေးမှူးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

Lover Poem ကဗျာအသင်းမှ အဖွဲ့သားအသစ် ခေါ်ယူခြင်း

 အားလုံးဘဲ မင်္ဂလာပါဗျာ. ကျွန်တော်ဒီနေ့ အရမ်းကိုဝမ်းသာမိပါတယ်ဗျာ. ဘာလို့လဲဆိုတော့ ကျွန်တော်တို့အဖွဲ့ရဲ့ google account ပြန်လည်ရရှိလို့ပါ. အခိုးခံလိုက်ရတာ တော်တော်ကြာပါပြီ. အခုသူငယ်ချင်းတစ်ယောက်အကူအညီနဲ့ပြန်လည်ရရှိတာပါ.ဒါကြောင့် ကဗျာချစ်သူများ ဆုံစည်းနိုင်စေရန်အတွက်လည်း ကျွန်တော် စဉ်းစားထားပါတယ်.ကျွန်တော် အထက်တန်းကျောင်းသားဘ၀တုန်းက ကဗျာတွေစရေးလာခဲ့တာပါ.နောက်ပိုင်းမှာတော့ ခံစားချက်ခြင်းတူညီကြတဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး ဒီ Lover Poem အဖွဲ့လေးကို ထောင်ဖြစ်ခဲ့တာပါ. ကျွန်တော် blog လေးတစ်ခုတော့ ဖွင့်ထားပြီးပါပြီ. အဲဒီ blog လေးမှာ ကဗျာဆရာတွေရဲ့ ကဗျာလက်ရာမွန်လေးတွေကို ဖော်ပြပေးဖို့ စိတ်ကူးထားပါတယ်. ဒါကြောင့် ကဗျာချစ်သူများ မိမိတို့၏ ကဗျာလက်ရာလေးတွေကို ဖော်ပြချင်ရင်တော့ ...............

Related Posts Plugin for WordPress, Blogger...

My Account