Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 25, 2012

တန်ဖိုးနည်း မိုဘိုင်းဖုန်း အင်တာနက် မျှသုံးစဉ် ဖုန်းပူလာလျှင် ဆက်မသုံးသင့်



Photo
တန်ဖိုးနည်း 3G စနစ်ဖြင့် ပေးထားသည့် မိုဘိုင်းဖုန်း အင်တာနက် မျှဝေသုံးစွဲမှုပြုနေစဉ် ဖုန်းပူလာပါက ဟန်းဆက် ပျက်စီးတတ်ကြောင်း  IT ပညာရှင် ကိုမင်းမင်းက ပြောသည် “3G နဲ့ အင်တာနက် ဖုန်းအလုံးရေ ၄ လုံးလောက်အထိ သုံးနိုင်ပါတယ်။ သုံးတဲ့ ပင်မဖုန်းရဲ့ မြန်နှုန်းကတော့ ကျဆင်းသွားမှာပါ။ အဓိက ဖြစ်နိုင်တဲ့ ပြဿနာကတော့ ကြာကြာသုံးရင် မိန်းဖုန်းမှာ ပူလာပြီး အထဲမှာရှိတဲ့ IC လောင်ကျွမ်းသွားလိမ့်မယ်။ ဒါကြောင့် ဖုန်းပူလာတာနဲ့ ပြန်ပြီး ဖြုတ်ထားသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုဘိုင်းဖုန်း ကြိုတင်ငွေပေးကတ် ပြောင်းလိုသူများ လစဉ်တိုင်း မက်ဆေ့ခ်ျ ပေးပို့နိုင်



Photo
ဖုန်းဘီလ် ဆောင်သည့်စနစ်ဖြင့် အသုံးပြုသော မိုဘိုင်းဖုန်းများ ကြိုတင်ငွေပေးကတ် ပြောင်းလိုပါက လစဉ်တိုင်း မက်ဆေ့ခ်ျ ပေးပို့နိုင်မည် ဖြစ်ပြီး လစဉ် ၁၅ ရက်ထက် နောက်မကျဘဲ  ပေးပို့နိုင်ပြီး လကုန်တိုင်းတွင် ကြိုတင်ငွေပေးစနစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

Online ပေါ်ကနေ Video Format ပြောင်းကြမယ်...

www.videotoolbox.com

ဗီဒီယိုဖိုင် ဖော်မက်ပြောင်းတာ၊ ဖြတ်တောက်တာမျိုး လုပ်ဆောင်ချက်တွေကို ဘာဆော့ဖ်ဝဲမှ မလိုဘဲ အွန်လိုင်းမှာ လုပ်လို့ရတဲ့ဆိုက် ရှိပါတယ်။  အရင်ဆုံးဒီဆိုက်မှာ ရီဂျစ်စတာ လုပ်ရပါတယ်။ ဗီဒီယိုတင်ဖို့ ပမာဏ 300MB ရပါမယ်။

အိမ်အလှဆင်ရအောင်...

www.homeplans.com

အိမ်အပြင်အဆင်ဆိုတာ တကယ်တမ်းသာ လေ့လာမယ်ဆိုရင် အင်မတန်ကောင်းမွန်တဲ့ လုပ်ငန်းရပ်တစ်ခု ဖြစ်ပါတယ်။  သင်နေထိုင်တဲ့ အိမ်လေးကို အကောင်းဆုံး ဒီဇိုင်းလေးနဲ့သာ တည်ဆောက်လိုက်မယ်ဆိုရင် ဘယ်လောက်များ ကြွားဝါချင်စရာ ကောင်းလိုက်မလဲ။

Online Football Game

www.power-challenge.com

ဘောလုံးပွဲကြည့်ရတာ အားမရလို့ ကိုယ်တိုင် ဝင်ကန်ချင်တဲ့သူတွေ အတွက် အွန်လိုင်းဂိမ်းဆိုက် ကောင်းလေး တစ်ခုကို လက်တို့ ညွှန်းလိုက်ချင်ပါတယ်။  ဝက်ဆိုက်ကို ဝင်ရောက် ဆော့ကစားမယ်ဆိုရင် အပြင်မှာ ကစားနေတဲ့အတိုင်း ကစားသူ မြောက်မြားစွာနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ စသဖြင့် ပြိုင်ပွဲပေါင်းစုံ ရှိပါတယ်။

Design မျိုးစုံလေ့လာမယ်

www.inpasserella.com

ဒီဇိုင်းပညာရပ်နဲ့ ပတ်သက်လို့ လေ့လာနေတဲ့သူတွေအတွက် နေရာကောင်းလေး တစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။  ကမ္ဘာကျော် Designer တွေရဲ့ Design မျိုးစုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒီဇိုင်းတစ်ခု ဖန်တီးပုံတွေကို သေချာ လေ့ကျင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Cartoon Animation လုပ်ရအောင်

www.Catoonsmart.com

 ကာတွန်းရုပ်ရှင်ဟာ တစ်ပုံချင်းမှာ ကောင်းဖို့ လိုအပ်သလို ရှေ့နောက်ပုံတွေ ပေါင်းစပ် ဖော်ပြတဲ့နေရာမှာလည်း အသက်ဝင်အောင် ဖော်ပြနိုင်ဖို့ လိုအပ်ပါတယ်။  ကာတွန်းရုပ်ရှင် စတင် ဖန်တီးခဲ့သူတွေကို ချီးကျူးဖို့ကောင်းသလို တကယ်လည်း အတုယူဖို့ ကောင်းလှပါတယ်။ သူတို့တွေသာ ဖန်တီးမှုကို စတင် အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့ရင် ယနေ့အချိန်မှာ ကာတွန်းရုပ်ရှင် ကောင်းကောင်းတွေ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ သက်မဲ့ရုပ်သေတွေကို အမှန်တကယ် လူစိတ်ဝင်စားတဲ့ အသက်ဝင်တဲ့ အရုပ်လေးတွေ လုပ်တယ်ဆိုတာ animation ပညာရပ်ပါပဲ။ အခု ဒီဝက်ဆိုက်လေးမှာတော့ Video သင်ခန်းစာတွေကို အခမဲ့ ပေးအပ်ထားပြီး အထူးပြုလုပ်ချက် အတော်များများလည်း ရှိနေပါတယ်။ မိနစ်ပိုင်းအတွင်း animation အသေးစားလေးတစ်ခုကို ပြုလုပ်နိုင်မယ်လို့ အာမခံထားပါတယ်။

Wednesday, May 23, 2012

Cobian Backup (Free)



Photo
ဆော့ဖ်ဝဲအမျိုးအစား              - Backup Software
ထုတ်လုပ်လိုက်သည့် ဗားရှင်း    - 11.2.0.556
ဖိုင်အရွယ်အစား                  - 18.68 MB
အသုံးပြုနိုင်သည့် OS            - Windows XP/2003/Vista/Server 2008/7
ဒေါင်းရန်လင့် -

http://download.cnet.com/Cobian-Backup/3000-2242_4-10071828.html

Cygwin



Photo
Cygwin tool ဟာ GNU development tool တွေနဲ့ utilities တွေကို စုပေါင်း ထည့်သွင်းပေးထားတာ ဖြစ်ပြီး UNX system တွေအတွက် လိုအပ်တဲ့ စနစ်တွေကို  ယင်းရဲ့ library ကနေတစ်ဆင့် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဘာသာစကားများလေ့လာရန်



Photo
စိတ်ပါဝင်စားရာ ဘာသာစကားပေါင်းစုံကို အွန်လိုင်းကနေပြီး အခမဲ့လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ (http://www.busuu.com) ဒီဝက်ဘ်ဆိုက်မှာ register ပြုလုပ်ထားရုံနဲ့ လေ့လာသိရှိလိုတဲ့  ဘာသာစကားတွေကို ရွေးချယ် လေ့လာနိုင်မှာ ဖြစ်ကာ အကျိုးရှိပြီး ထိရောက်မှုရှိတဲ့ သင်ရိုးညွန်းတမ်းတွေနဲ့ အတူလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Toolwiz Care (Free)



Photo
Toolwiz Care ဟာ ကွန်ပျူတာစနစ်တွေကို လျင်မြန်စွာ အသုံးပြုနိုင်စေဖို့ ဖန်တီး ထုတ်လုပ်ထားတဲ့ tool တစ်ခုဖြစ်ပြီး စနစ်အားလုံးကိုလည်း ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ 

TrulyMail Portable (Free)



Photo
TrulyMail Portable ဟာ အလွယ်တကူနဲ့ အခမဲ့ အသုံးပြုနိုင်တဲ့ tool တစ်ခုဖြစ်ပြီး  အီးမေးလ်တွေနဲ့ voice mail တွေကို လုံခြုံစွာ ပို့ဆောင်ပေးမှာဖြစ်သလို built-in encryption စနစ်လည်း ထည့်ပေးထားပါတယ်။

MP3 များ ရယူရန် ဝက်ဘ်ဆိုက်အညွှန်း



Photo
နိုင်ငံတကာက ထင်ရှားတဲ့ mp3 သီချင်းတွေနဲ့ album တွေကို အခမဲ့ download ပြုလုပ်ရယူနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။  ဆိုက်မှာ register ပြုလုပ်ထားရုံနဲ့ sign in ဝင်ရောက်ပြီး အလွယ်တကူ download ပြုလုပ်နိုင်မှာ ဖြစ်ကာ ဒီဆိုက်မှာဆိုရင် ရောင်းအား အကောင်းဆုံး album တွေနဲ့ အသစ်ထွက် တေးသီးချင်းသစ်တွေကို အမြဲတမ်းပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာမိုဘိုင်းစတိုး (http://www.myanmarmobileapp.com)



Photo

မြန်မာနိုင်ငံက မိုဘိုင်းဖုန်းအသုံးပြုကြသူတွေအတွက် မိုဘိုင်းဖုန်းဆိုင်ရာ ဆွေးနွေးချက်တွေ၊ မေးမြန်းချက်တွေနဲ့ အခမဲ့ app တွေကို ဝေမျှပေးနေတဲ့ ဆိုက်တစ်ခု  ဖြစ်ပါတယ်။

အော်တိုတယ်လီဖုန်း သုံးစွဲသူများ သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ဌာနမှ ဆက်သွယ်မှု ယာယီ ဖြတ်တောက်မည်



Photo
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ အော်တိုတယ်လီဖုန်း သုံးစွဲသူများ အနေဖြင့် သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ဌာနမှ ဆက်သွယ်မှု ယာယီ ဖြတ်တောက်မည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာချက် ထုတ်ပြန်ကြောင်း သိရှိရသည်။

Panaorama Photo Stitcher ကို Ubuntu OS တွင် ထည့်သွင်းပုံ



Photo
Panaorama ဆိုတာ ဓာတ်ပုံတွေကို ဆက်ပြီး တစ်ပုံထဲနဲ့ မြင်ကွင်းကျယ်ဖြစ်အောင် ပြုလုပ်တဲ့ Function ဖြစ်ပါတယ်။  Panaorama ကို Adobe က ထုတ်လုပ်တဲ့ Photoshop ပေါ်မှာ အလွယ်တကူ ပြုလုပ်နိုင်သလို အချို့ကင်မရာတွေမှာလည်း ရိုက်ကူးတဲ့ပုံတွေကို အလိုအလျောက် ပြုလုပ်ပေးနိုင်မယ့် Application တွေ ထည့်သွင်းပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ရုပ်ပြောင်များ ကြည့်ရှုရန် (http://www.stupidvideos.com)



Photo

ကမ္ဘာတစ်ဝန်းလုံးက ဝက်ဘ်ပေါ်တယ်နဲ့ ရုပ်မြင်သံကြား ဖျော်ဖြေရေး အစီအစဉ်တွေမှာ ထင်ရှားကျော်ကြားတဲ့ ရုပ်ပြောင်ဇာတ်လမ်းတွေ၊ အစီအစဉ်တွေနဲ့ ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း မြင်တွေ့ရမယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ 

Tuesday, May 22, 2012

အိုင်ကြီး ခုနှစ်အိုင်

အိုင်ကြီး ခုနှစ်အိုင်ဆိုသည်မှာ နှစ်ပေါင်း သိန်း သောင်းကျော်က ပိဋကစာပေ၌ ထင်ရှား၍ဟိမဝန္တာအနီး၌ရှိသော အိုင်ကြီးများဖြစ်သည်။ ထိုအိုင်ကြီးတို့သည် အသီးသီး ယူဇနာငါးဆယ်စီ နက်ကုန်၍ ယူဇနာငါးဆယ်စီ အလျားအနံ ပြန့်ကျယ်ကြကုန်၏။ အဝန်းအဝိုင်းပတ်လည်အားဖြင့် ယူဇနာတစ်ရာ့ငါးဆယ်စီရှိကြကုန်၏။

မြန်မာ့ရိုးရာ နတ်များ

မြန်မာတွေကိုးကွယ်နေတဲ့ နတ်တွေရဲ့အကြောင်း သိချင်ရင် ဖတ်ကြည့်လိုက်ပါဗျာ။ကျွန်တော် facebook မှာတွေ့လို့ ရှယ်ပေးလိုက်တာနော်.မှန်မမှန်တော့ ကျွန်တော်လည်း မသိဘူးဗျ။

မြန်မာခြင်းလုံး


 
 

ခြင်းလုံး ကစားခြင်း ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။

မြန်မာရုပ်သေး


 
မြန်မာ့ရုပ်သေး မြန်မာ့ရုပ်သေး မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များထဲတွင် တစ်ခုပါဝင်သော မြန်မာ့ ကြိုး ရုပ်သေးကို အလွန်နှစ်သက်ကြပါသည်။ နိုင်ငံခြားသားများကို ဖျော်ဖြေသော ဧည့်ခံပွဲများတွင် မဖြစ်မနေထည့်ကြရသော မြန်မာ့ရုပ်သေးအကြောင်း ကို ဖေါ်ပြရ လိုက်ရပါသည်။ မြန်မာ့ရုပ်သေးအတတ်ပညာသည် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် မပါဝင်ပါ။

ဆေးမင်ကြောင်

 


                            ဆေးမင်ကြောင်ထိုးနေပုံ

ဆေးမင်ကြောင်နှင့် မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်ဦး အချိန်လောက်ကတည်းက ရှေးမြန်မာတွေ ထိုးကွင်းမင်ကြောင် ထိုးတဲ့ဓလေ့ရှိနေနှင့်ပြီလို့ မှန်းဆရပါသည်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီနှင့် ပုရပိုက်များတွင် တွေ့နိုင်ပါသည်။ အကြမ်းအားဖြင့် ထိုးကွင်း နဲ့ မင်ကြောင် လို့ နှစ်မျိုးခွဲခြားပြီးပြောရမည်။

ငှက်ကြီးတောင်၏အဓိပ္ပါယ်

 

ဓါးပုံစံမှာ အရင်းတွင် လက် နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့်ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီတက် သွားသော်ကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ခုတ်ဓါးလိုလည်းသုံးနိုင်သည်၊ ထိုးဓါးလိုလည်းသုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်းသုံးနိုင်သည်။
ဓါးအရှည်

ဓါးအရှည်မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။ ဓါးရိုး(ဓါးနှောင့်)

ဓါးတလက်၏အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီ ဓါးရိုးမကောင်ပါက ဓါးကျွတ်ထွက်သွားမည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင်မကျွတ်ထွက် စေရန် ဓါးရိုးသံကို ဓါးနှောင့်နှင့်မြဲအောင်တခါထဲသတ်ရိုက်ထားသည်။ ဓါးလက်ကိုင်(ဓါးရိုး)၏အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုသွားတို့ဖြင့်ပြုလုပ် ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေးရှိသည်။ ဓါးပြီး၊ တုတ်ပြီးသောသူ များအား ထိုငယ်ဖြင့် ထုရိုက်ပါက သေလေသည်။ ဓါးကောင်းသတ်မှတ်ပုံ

ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ ကိုင်ကာလက်ဖ၀ါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။ ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမ၀င်ပါ။ အရှေ့ အနောက် မညွတ်ဘဲ ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။

မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ့  အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံဓားကွက်များဖြစ်ကြသည်။ ၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာတပြိုင်နက်တည်း မှာပင်မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်းတတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။

ယနေ့တိုးတက်လာတဲ့ခေတ်ဖြစ်သဖြင့် ဓါးများကိုအသုံးပြုခြင်း နည်းလာသော်လည်း ငှက်ကြီးတောင်ဓါး၏ ဂုဏ်မှာ ညှိုးနွမ်းသွားမည် မဟုတ်ပေ။

Monday, May 21, 2012

2008 ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်

ကျွန်တော်အခုတင်ပေးလိုက်တဲ့ စာအုပ်ကတော့ မြန်မာနိုင်ငံသူ၊နိုင်ငံသားတိုင်း လက်ဝယ်မှာ ရှိထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။ ကျွန်တော်ဒီစာအုပ်ကို ရှာနေတာကြာပါပြီ။ ကံကောင်းထောက်မစွာတွေ့လိုက်ရလို့ ပြန်ပြီး ရှယ်ပေးလိုက်တာပါ။ ဒီစာအုပ်ကိုတော့ လူတိုင်းသိကြမှာပါဘဲ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ဆိုတဲ့စာအုပ်ပါ။ ကျွန်တော် Orginal မြန်မာ၊အင်္ဂလိပ်မျက်နှာချင်းဆိုင်ရိုက် ထားတဲ့စာအုပ်ရော၊ မြန်မာလိုသပ်သပ်ရိုက်ထားတဲ့စာအုပ်ရော၊ English လိုရိုက်ထားတဲ့စာအုပ်ရော စုစုပေါင်း (၃)အုပ်တင်ပေးလိုက်ပါတယ်ဗျာ..

လိုချင်ရင် ဒီမှာ ဒေါင်းလိုက်နော်...
Original E-Book    - http://minus.com/lbxB8Mc8ZaMKHG
Myanmar E-Book - http://minus.com/lDdpusjjUeZaI
English E-Book     - http://minus.com/lb0AlpJOBHimDs

အားလုံးကိုခင်မင်လေးစားလျက်....
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Friday, May 18, 2012

CDMA 800 MHZ 09-73 ဖြင့် စသည့် ဖုန်းများ အင်တာနက် လျှောက်ထားခြင်းကို ယခုနှစ် မေ ၇ ရက်မှစ၍ ယာယီပိတ်

Photo
CDMA 800 MHZ 09-73 ဖြင့် စသည့်ဖုန်းများ အင်တာနက် လျှောက်ထားခြင်းကို ယခုနှစ် မေ ၇ ရက်မှစ၍ ယာယီပိတ်ထားကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

Related Posts Plugin for WordPress, Blogger...

My Account