Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ E-book



ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားထားတာပါ။ ဖတ်ချင်တဲ့သူတွေရှိလို့ တင်ပေးလိုက်တာပါ။

ကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်စဉ် ငွေဖြည့်သွင်းပြီးကြောင်း စာမပြသော်လည်း ငွေမဆုံးရှုံးနိုင်



Photo
GMS, WCDMA, CDMA 800MHz, CDMA 450MHz ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်သွင်းရာတွင် ငွေရောက်ရှိကြောင်း Message မပြသော်လည်း မိမိဖြည့်သွင်းသောငွေ မဆုံးရှုံးနိုင်ကြောင်း  သိရသည်။ ကြိုတင်ငွေဖြည့်ကတ်များအား ငွေဖြည့်ရာတွင် ငွေဖြည့်သူထံသို့ မိမိဖြည့်သွင်းငွေ ရောက်ရှိကြောင်း စာမပြသခြင်းမှာ ဖုန်းလိုင်းဆွဲအားနှင့် သက်ဆိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ပညာသင်ထောက်ပံ့ကြေးအကြောင်း လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်



Photo
www.sibt.nsw.edu.au သည် Sydney Institute of Business and Technology (SIBT) မှ တရားဝင် လွှင့်တင်ထားသော ဝက်ဘ်ဆိုက် ဖြစ်သည်။  အဆိုပါ ဝက်ဘ်ဆိုက်တွင် Sydney Institute of Business and Technology အကြောင်း၊ SIBT တွင် တက်ရောက် သင်ကြားနိုင်သော ဘာသာရပ်များ၊

Android OS ဖြင့် အသုံးပြုနိုင်မည့် Samsung Galaxy Camera



Photo
စမတ်ဖုန်းနည်းပညာ အသုံးပြု ထုတ်လုပ်ထားပြီး 3G နှင့် 4G ကွန်ရက်စနစ်များ ပါဝင်သည့် Galaxy ကင်မရာကို Samsung ကုမ္ပဏီမှ စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ 16-megapixel  sensor တပ်ဆင်ထားသည့် အဆိုပါ Samsung Galaxy ကင်မရာကို Android 4.1 operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာ၏ တစ်ဖက်ခြမ်းတွင် အရွယ်ကြီးမားသည့် touch screen ကို တပ်ဆင်ပေးထားကာ အခြားတစ်ဖက်တွင်မူ 21xzoom မှန်ဘီလူး တပ်ဆင်ထုတ်လုပ်ထားသည်။ 3G နှင့် 4G ကွန်ရက်စနစ်များ ပေါင်းစပ် ထည့်သွင်းပေးထားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ဆိုက်များတွင် ချက်ချင်း ဝေမျှနိုင်မည် ဖြစ်သည်။

4G စနစ်အား ရန်ကုန်မြို့တွင် စတင်စမ်းသပ်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်ပါ တိုးချဲ့ရန် ရည်ရွယ်ဟုဆို



Photo
အဆင့်မြင့် မိုဘိုင်းကွန်ရက်ဖြစ်သည့် 4G စနစ် (Long Term Evolution) အား ရန်ကုန်မြို့တွင် စတင်စမ်းသပ် အကောင်အထည် ဖော်လျက်ရှိကြောင်း  ရတနာပုံတယ်လီပို့၏ အနာဂတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုများအရ သိရသည်။ အဆိုပါစနစ်အား ရန်ကုန်မြို့အပြင် နောင်တွင် နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်ပါ တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ Data စနစ်ကို အပြည့်အဝ အထောက်အပံ့ပေးမည့် အဆိုပါ 4G ဖုန်းလိုင်းများကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း၊ 4G ဖုန်းလိုင်းများအား Long Term Evolution ကွန်ရက်ကို အထောက်အပံ့ ပေးနိုင်သည့် ဟန်းဆက်များနှင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာ ကုမ္ပဏီများနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
 

မိုဘိုင်းအင်တာနာတိုင်များ တပ်ဆင်ရာတွင် ပိုင်ရှင်ခွင့်ပြုမှု အရေးကြီး

မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စေရန် အထပ်မြင့် အဆောက်အအုံများပေါ်၌ မိုဘိုင်းအင်တာနာ တာဝါတိုင်များ တပ်ဆင်ရာတွင် အခြားနိုင်ငံများနည်းတူ တပ်ဆင်ခွင့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားခြင်း မရှိဘဲ  အထပ်မြင့် အဆောက်အအုံပိုင်ရှင်၏ ခွင့်ပြုချက်ရမှာသာ တပ်ဆင်သွားမည်ဟု ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။

Sunday, September 2, 2012

၂၀၁၂ - ခု စက်တင်ဘာလအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း



    ဒီလအတွက် ဟောစာတမ်းကို ဆရာဟိန်းတင့်ဇော် မဟာချိုင်မှ ဟောပြောပေးထားပါတယ်။ ကျွန်တော်ရဲ့ သူငယ်ချင်းများ အမြန် ဖတ်နိုင်အောင်လို့ ဖုန်းနဲ့ကို တင်ပေးလိုက်တာပါ...

တနင်္ဂနွေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက် အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံ ရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော် ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေ၀င်လျှင် ကြာသပတေးနံ တစ်ခုခု ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သော ပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

Wednesday, August 29, 2012

LePhone K860 Android စမတ်ဖုန်းကို Lenovo မိတ်ဆက်



Photo
မကြာသေးမီက ဂျပန်မိုဘိုင်းဘလော့ဂ် တစ်ခုတွင် သတင်းများ ထွက်ပေါ်နေခဲ့သည့် LePhone K860 အမည်ရှိ Android စမတ်ဖုန်းကို Lenovo မှ တရားဝင် မိတ်ဆက်ပေးလိုက်ကြောင်း  သိရသည်။ LePhone K860 နှင့်ပတ်သက်၍ တရားဝင် ရောင်းချမည့် အချိန်နှင့် တန်ဖိုးတို့ကို အတိအကျ မသိရသေးသော်လည်း အဆိုပါ စမတ်ဖုန်းသည် စွမ်းဆောင်ရည် ကောင်းမွန်သည့် ဖုန်းတစ်မျိုး ဖြစ်သည်။ အရွယ်ကြီးမားသည့် ၅ လက်မအရွယ် HD display တပ်ဆင် ထုတ်လုပ်ထားပြီး quad-core Exynos 4412 ရုပ်ရှင်ရိုက်ကူးမှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Android 4.0.4 Ice Cream  Sandwich operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး 2250 mAh ဘက်ထရီ ထည့်သွင်း တပ်ဆင်ထားသည်။

ဟေမာ
(Ref: GSM Arena)

OPTOMA ES529 ပရိုဂျက်တာ



Photo
မန်းဈေးကွက်ကို OPTOMA ES529 မော်ဒယ် ပရိုဂျက်တာ ဝင်ရောက်လာပါတယ်။  Native Resolution SVGA (800×600) ရှိပြီး Maximum Resolution မှာ UXGA (1600× 1200) အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။ Brightness(Typical) 3000 ANSI Lumens အလင်းအားရှိပြီး Contrast Ratio 3000:1 (Full On/ Full Off ) အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ မီးလုံး သက်တမ်းအနေနဲ့ နာရီ 6000 (Standard Time) နဲ့ Bright Time နာရီ 3000 အထိ သက်တမ်းရှိပြီး ပါဝါကတော့ 200W ရှိတယ်လို့ သိရပါတယ်။

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ရန် ပြင်ဆင်

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြု လာနိုင်ရန်အတွက် အီလက်ထရောနစ် ငွေပေးချေမှုစနစ်အား မိတ်ဆက်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် စတင်ပြင်ဆင် လျက်ရှိကြောင်း  Visa မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဗီဇာကတ်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ အတွင်းက ကျင်းပခဲ့ပြီး ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများအား မြန်မာနိုင်ငံ၌ နိုင်ငံတကာ ငွေပေးချေမှု ကတ်ပြားများ လက်ခံခြင်း၊ ထုတ်ပေးခြင်းတို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် Visa က ထုတ်ပြန်ထားသော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်


ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ပြောင်းလဲ ဖွဲ့စည်းခြင်းနှင့်အတူ မြန်မာတယ်လီကွန်း ကုမ္ပဏီကိုပါ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာတယ်လီကွန်း ကုမ္ပဏီအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ နိုင်ငံတကာ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း မြန်မာတယ်လီကွန်း ကုမ္ပဏီနှင့်အတူ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီ၊ သီးခြားဆက်သွယ်ရေး လုပ်ငန်း ကော်မတီနှစ်ခု စုစုပေါင်း ကုမ္ပဏီ ၄ ခုတို့က ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ယှဉ်ပြိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

IC Recorder



Photo
သတင်းသမားတွေ၊ လုပ်ငန်းသမားတွေ၊ ရုံးသမားတွေနဲ့ အခြား စိတ်ဝင်စားသူတွေ အဆင်ပြေစေမယ့် Sony ရဲ့ IC Recorder အသစ်တစ်မျိုး ဈေးကွက်ဝင်လာပါတယ်။  မော်ဒယ် ICD-PX 312M ဖြစ်ပြီး ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ရနိုင်ပါတယ်။ Internal Memory 2 GB ပါဝင်ပြီး ထပ်တိုးချင်ရင် Micro SD နဲ့ M II ကတ် နှစ်မျိုးထည့်သုံးနိုင်ပါတယ်။

Jailbreak ပြုလုပ်ထားသော iDevice များ အချက်အလက် ခိုးယူခံရခြင်း ဖြစ်လာနိုင်သည့်အတွက် သတိပြုသင့်



Photo
iDevice များဖြစ်သော iPhone, iPad များတွင် Jailbreak ပြုလုပ်ထားသော iDevice များ၌ အချက်အလက်များ ခိုးယူသုံးစွဲခံရခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ပါးလွှာပြီး စတိုင်ကျတဲ့ Compact Stereo System



Photo
ပြည်တွင်းဈေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ Panasonic အမှတ်တံဆိပ် Compact Stereo System ဖြစ်ပါတယ်။ Auto Sliding Dock ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက် ပါးလွှာပြီး နံရံကပ်အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ADSL အင်တာနက် လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်းအသုံးပြုထားသည့် ADSL လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

"ဖခင်တစ်ဦးရဲ့ သတိပေးစကား"


အိုမင်းတဲ့အထိ ငါ့ကိုကျွေးမွေးပါလို့ ငါမတောင်းဆိုဘူး
အဲဒီလိုပဲ နင့်ကိုလည်းအိုမင်းတဲ့အထိ ငါမကျွေးမွေးနိုင်ဘူး
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့အရွယ် နင်ရောက်တဲ့အခါ
ငါရဲ့ဝတ္တရားလည်းပြီးဆုံးပါပြီ။

Samsung Galaxy S Duos ကို တရားဝင်မိတ်ဆက်



Photo
Samsung ကုမ္ပဏီမှ မကြာသေးမီက ထုတ်လုပ်ပေးလိုက်သည့် Galaxy S III နှင့် ပုံသဏ္ဍာန်ချင်း ဆင်တူသော Galaxy S Duos စမတ်ဖုန်းကို ကုမ္ပဏီမှ တရားဝင် မိတ်ဆက်လိုက်ကြောင်း  သိရသည်။

Sunday, August 26, 2012

ဒီတစ်ပတ်အတွက် ဖတ်စရာစာအုပ်လေးများ

ဒီတစ်ပတ်အတွက် ဖတ်စရာစာအုပ်လေးတွေပါ. ကျွန်တော်လည်း ပိုစ့်မတင်ဖြစ်တာ ကြာပြီမို့ လောလောဆယ်တော့ စာအုပ်တွေ

တင်ပေးလိုက်ပါတယ်. နောက်ပိုင်းကျရင်တော့ အစုံ တင်ပေးသွားမှာပါ.လာရောက်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ.

For You...

 

မိန်းခလေးတယောက် ယောက်ျားလေးတယောက်ကိုချစ်ပ
ဒါပေမဲ့ ကိုယ်ထိန်းသိမ်းတန်ဖိုးထားသင့်တဲ့အရာတွေ
ပျက်စီးဆုံးရှုံးသွားသည်အထိတော့ မချစ်ပါနဲ့

ယောက်ကျားလေးတယောက်
မိန်းခလေးတယောက်ကိုချစ်ပါ
ဒါပေမဲ့ ကိုယ့်ဘဝတခုလုံး အဓိပ္ပါယ်မဲ့သွားရလောက်အောင်ထိတော့ မမိုက်မဲပစ်ပါနဲ့

ခွန်အား စိတ်ဓာတ် III



ကြည်လင်တဲ့ရေတစ်ခွက်ဟာ လှုပ်ဖန်များရင် နောက်သွားတတ်တယ်
နောက်နေတဲ့ရေတစ်ခွက်ဟာ မလှုပ်ရင် အလိုလိုအနယ်ထိုင်ပြီး ကြည်လာတတ်တယ်။

ဒေါက်တာနိုက်တင်ဂေး - သန္ဓေကထာ


ကဲ.. စာဖတ်သူတွေထဲမှာ မိန်းကလေးတွေလည်း ပါမယ်လို့ ကျွန်တော်ထင်ပါတယ်. မြန်မာမိန်းကလေး မှန်ရင်တော့ မိမိတို့ရဲ့ အပျိုစင်ဘ၀ကို တန်ဖိုးထားတတ်ကြတယ်လို့ ကျွန်တော်ကြားဖူးပါတယ်. အခု ဒီစာအုပ်လေးကို တင်လိုက်ရခြင်းရဲ့ အဓိကအကြောင်းကတော့ မိန်းကလေးတို့အတွက် ဆရာမ ဒေါက်တာနိုက်တင်ဂေး ပြောချင်တဲ့အကြောင်းအရာတွေကို သိစေချင်လို့ပါဘဲ. ကျွန်တော့်အနေနဲ့ မိန်းကလေးတွေကို ပြောချင်တာကတော့ မိမိရဲ့ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ...

တစ်ခဏတာ ပျော်ရွှင်မှုအတွက် တစ်ဘ၀တာကို အဆုံးမခံလိုက်ပါနဲ့ ညီမလေးရယ်...

VT 3210 LED HDTV



Photo
ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ကို ကြည့်ရှုခံစားနိုင်စေမည့် Viewsonic တံဆိပ် LED HDTV အမျိုးအစား ဖြစ်သည်။ Widescreen အမျိုးအစားဖြစ်ပြီး စကရင်အရွယ် ၃၂ လက်မ အကျယ်ရှိသည်။  စကရင်ကို ဘေးတိုက်နှင့် အပေါ်အောက် ၁၇၆ ဒီဂရီမှ စောင်းငဲ့ကြည့်ရှုပါကလည်း ပုံရိပ်နှစ်ထပ် ဖြစ်ခြင်း ဝေဝါးခြင်းမရှိ ကောင်းစွာမြင်တွေ့ရစေသည်။

Windows 8 စမတ်ဖုန်းကို ထုတ်လုပ်မည်

ဖင်လန်ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Nokia နှင့် Microsoft တို့သည် အမေရိကန်ဆော့ဖ်ဝဲ Windows 8 လည်ပတ်မောင်းနှင်မှု စနစ် (Operation system)  ကို အသုံးပြုထားသည့် စမတ်ဖုန်းးကို စက်တင်ဘာ ၅ ရက်တွင် နယူးရောက်မြို့၌ ပွဲထုတ်ပြသမည်ဟု သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ Nokia သည် ထိုပွဲတွင် ယင်းကုမ္ပဏီထုတ် ပထမဆုံး သင်ပုန်း ကွန်ပျူတာကို မိတ်ဆက်ပြသရန် စီစဉ်နေသည်ဟု ဆိုသည်။

Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ် ပြောင်းလဲ



Photo
Microsoft ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ်ကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲလိုက်ပြီ  ဖြစ်သည်။ Microsoft သည် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ပထမဆုံးအကြိမ် ပြောင်းလဲမှတ်ပုံတင် အသုံးပြုခြင်းဖြစ်သည်။ ထုတ်ကုန်သစ် အများအပြား မိတ်ဆက်သွားမည့် အစီအစဉ်ကို ပြင်ဆင်နေရာ ကုမ္ပဏီ အမှတ်တံဆိပ်သစ် ပြောင်းလဲ အသုံးပြုခြင်းလည်း အပါအဝင်ဖြစ်သည်။

အသံထွက်အားကောင်းကောင်းဖြင့် BDV E-490 Blu-ray Player



Photo
တေးသီချင်းနားဆင်မှု အသံထွက်အပိုင်းကို (DTSH Master Audio 7.1 Channel) အရည်အသွေးမြင့် အသံထွက်အား ကောင်းကောင်းဖြင့် ခံစားနားဆင်နိုင်မည့်  Sony တံဆိပ် Blu-ray Hone Theatre ဖြစ်သည်။ အခွေစုံကို ဖတ်ပေးနိုင်ပြီး သာမန် DVD စက်များထက် စွမ်းဆောင်ရည် ၅ ဆမြင့်သည့် ကိရိယာဖြစ်သည်။ သာမန် ရုပ်ထွက် စွမ်းရည်ကိုပင် Full HD အရည်အသွေးဖြင့် ပြောင်းလဲတပ်ဆင်ပေးနိုင်သည်။ တေးသီချင်း၊ ရုပ်သံဖိုင်၊ ဓာတ်ပုံများကို ipod, iphone ဖြင့် ချိတ်ဆက်ကြည့်ရှုနားဆင်နိုင်သည်။

Related Posts Plugin for WordPress, Blogger...

My Account