Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, March 7, 2012

ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများအား လျော့ချ သတ်မှတ်လိုက်ပြီဟုဆို


Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အများပြည်သူများ အတွက် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများကို လျော့ချ  သတ်မှတ်ပေးလိုက်ပြီဟု ပြောပါတယ်၊ အဲဒီလို ပြည်ပနိုင်ငံ အသီးသီးကို ဖုန်းခေါ်ခများ သတ်မှတ်ရာမှာ ယခု လျော့ချသတ်မှတ်တဲ့ နှုန်းထားအသစ်များကတော့ ပုဂ္ဂလိက (uss) များအတွက် အာဆီယံနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁.၂၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၂) ဒေါ်လာ၊ အာရှတိုက်အရှေ့ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁.၄၀) ဒေါ်လာနဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၄) ဒေါ်လာ၊ အာရှတိုက်အလယ်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁.၈၀) ဒေါ်လာနဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၈) ဒေါ်လာ၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိကနိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၂.၄၀) ဒေါ်လာနဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၂၄) ဒေါ်လာ၊ အင်မာဆက်၊ အီရီဒီယမ်ဂြိုလ်တု ဆက်ကြောင်း ခေါ်ဆိုခကတော့ (၃.၅၀) ဒေါ်လာမှ (၆.၉၅) ဒေါ်လာသို့ အသီးသီး လျော့ချ သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်။

ယခု လက်ရှိ ပြည်ပနိုင်ငံအသီးသီးသို့ ဖုန်းခေါ်ဆိုကြရာမှာ ခေါ်ဆိုခများအဖြစ် ကျသင့်ငွေပေးဆောင်ကြရာမှာ ပုဂ္ဂလိက (uss) များအနေနဲ့ ထိုင်းနိုင်ငံသို့ ခေါ်ဆိုရာမှာ ပထမတစ်မိနစ် ခေါ်ဆိုခ (၁.၄၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၄) ဒေါ်လာ၊ ဘရုနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ ပါကစ္စတန်နိုင်ငံများအတွက် ခေါ်ဆိုခ ပထမတစ်မိနစ် (၁.၇၅) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၈) ဒေါ်လာ၊ အိန္ဒိယနိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၁.၉၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၁၉) ဒေါ်လာ၊ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၂.၂၅) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၂၃) ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တိုင်ပေ၊ ဂျပန်၊ မြောက်ကိုရီးယား၊ လာအို၊ မကာအို၊ မော်ဒလိုက်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၂.၇၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၂၇) ဒေါ်လာ၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၂.၉၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၂၉) ဒေါ်လာ၊ သီရိလင်္ကာနဲ့ အင်္ဂလန်နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၃.၂၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၃၂) ဒေါ်လာ၊ ဥရောပ၊ သြစတြေးလျနိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၃.၂၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၃၂) ဒေါ်လာ၊ အာဖရိကနဲ့ အမေရိကနိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၄.၅၀) ဒေါ်လာနဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၀.၄၅) ဒေါ်လာ၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခကတော့ (၃.၅၀) ဒေါ်လာမှ (၆.၉၅) ဒေါ်လာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုလို ပြည်ပနိုင်ငံများကို ဖုန်းခေါ်ဆိုခများ လျော့ချပေးရခြင်းဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံရှိ အများပြည်သူတို့အတွက် နိုင်ငံတကာရှိ ဖုန်းခေါ်ဆိုခများနည်းတူ ပြည်သူများ လွယ်ကူ သက်သာစေဖို့အတွက် ကျိုးပမ်း လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့လည်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account