Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, April 3, 2012

Mobile Manager ဆော့ဖ်ဝဲ အသုံးပြုပုံ



Photo
ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ်က ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။  ယခင်တစ်ပတ်က Call Blocking အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ SMS Blocking အကြောင်းကို ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ SMS Blocking ဆိုတဲ့ စနစ်ထဲမှာတော့ SMS Blocking Rule, Notification အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ SMS Rule ဆိုတဲ့ထဲမှာတော့ Block Blacklist, Block non-contact, Do Not Block ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာပါ။

Block Blacklis အဆိုတာကတော့ Blacklist ထဲမှာ ထည့်ထားတဲ့ ဖုန်းနံပါတ်တွေအားလုံးရဲ့ SMS တွေကိုလည်း SMS လုပ်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ Notification ဆိုတာကို နှိပ်လိုက်ရင်တော့ Display Notification in start bar, Vibrate, Play Ringtone ဆိုတဲ့ စနစ်သုံးခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုကတော့ Blocked Call ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ Blocked SMS ပြီးတော့ နောက်ထပ် စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ Blocked Call ဆိုတဲ့စနစ်ရဲ့ အသုံးပြုပုံနဲ့ သူ့ထဲမှာ ပါဝင်တဲ့ စနစ်တွေ အားလုံးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဖော်ပြခဲ့တဲ့ Blocked SMS ဆိုတဲ့ စနစ်နဲ့ အားလုံးဆင်တူပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ စနစ်အားလုံးနဲ့ Icon အားလုံး တူညီတာကို တွေ့ကြရမှာပါ။

နောက်ထပ် စနစ်တစ်ခုကတော့ Blacklist ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ Blacklist ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ရင်တော့ Blacklist နဲ့ Whitelist ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်တဲ့ စနစ်က ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ်စနစ်ထဲမှာပဲဖြစ်ဖြစ် Add number ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်အသုံးပြုချင်တဲ့ စနစ်ထဲမှာ ကိုယ်ဖြည့်သွင်းချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖြည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို ဖျက်ချင်တယ်ဆိုရင်လည်း ကိုယ်မှတ်သားထားတဲ့ ဖုန်းနံပါတ်ကို လက်နဲ့ ထောက်ထားပြီးတော့ပဲဖြစ်ဖြစ် ဖုန်းရဲ့အောက်ဘက်မှာ ရှိနေတဲ့ Menu ဘားထဲမှာဖြစ်ဖြစ် သွားပြီးတော့ ဖျက်နိုင်ပါတယ်။

နောက်ထပ်ပါဝင်တဲ့ စနစ်တစ်ခုကတော့ Backup ဆိုတဲ့ စနစ်ပါပဲ။ Backup ဆိုတဲ့ စနစ်ထဲကို ဝင်လိုက်ရင်တော့ Backup Contact နဲ့ Restore Contact ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာပါ။ Backup Contact ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ ကိုယ်မှတ်သားထားတဲ့ Contact တစ်ခုကို Backup အနေနဲ့ သိမ်းဆည်းထားမယ်လို့ ဆိုလိုတာဖြစ်ပြီး Restore Contact ဆိုတာကတော့ ကိုယ် Bcackup လုပ်ထားတဲ့ Contact တွေကို ပြန်လည်ရယူပြီး Restore ပြုလုပ် အသုံးပြုနိုင်မယ့် စနစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကတော့ ဖုန်းကိုယ် Restart ချတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် ဖုန်းထဲက အချက်အလက်တွေကို ဖျက်ပစ်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ် ကိုယ်လိုချင်တာတွေကို Backup ပြုလုပ် သိမ်းဆည်းထားပြီး ပြီးတော့မှ တစ်ဖန်ပြန်လည် ထုတ်ယူ အသုံးပြုနိုင်မယ့် စနစ်မျိုးပါပဲ။
 
 
ဒါပေမဲ့ ဒီစနစ်ကို အသုံးပြုနိုင်ဖို့တော့ ပြည်တွင်းမှာ မလွယ်ကူနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူကဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို Backup ပြုလုပ်တဲ့ နေရာမှာ ဖုန်းထဲမှာ SD Card ထဲမှာ သွားလုပ်ပေးတာ မဟုတ်ပဲ မိုဘိုင်းဖုန်း ဝန်ဆောင်မှုဝက်ဘ် NQ ပေါ်မှာတက်ပြီး Backup လုပ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် NQ Account တစ်ခု လိုအပ်သလို Online Phone Book Data လို့ခေါ်တဲ့ NQ စနစ်ကို အသုံးပြုနိုင်ဖို့အတွက် အွန်လိုင်းစနစ်တွေ လိုအပ်ပါတယ်။ ဒါတွေ ပြည့်စုံမှပဲ ဒီစနစ်ကို အသုံးပြုနိုင်မှာပါ။ နောက်ထပ် စနစ်တစ်ခုကတော့ Privacy Erase ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ အဲဒီစနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ ကိုယ့်ရဲ့ Privacy နံပါတ်တွေကို ဖျက်နိုင်တဲ့စနစ်ပဲ ဖြစ်ပါတယ်။


နောက်ထပ် ကျန်ရှိနေသေးတဲ့ စနစ်ကတော့ Private Space ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းထဲမှာ ကိုယ်က တခြားသူတွေကို အသုံးမပြုစေချင်တဲ့ စနစ်ပဲဖြစ်ဖြစ် မဝင်ရောက်စေချင်တဲ့ စနစ်တွေကိုပဲဖြစ်ဖြစ် ဒီနေရာကနေ ဝင်ရောက်ပြီးတော့ Password ပေးပြီး ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာကနေ ကိုယ်တားဆီးထားချင်တဲ့ အချက်အလက်တွေနဲ့ နေရာတွေ၊ စနစ်တွေကို တစ်ခုချင်းစီ ပိတ်ထားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ပိတ်ထားတဲ့ စနစ်တွေကို ဝင်ချင်တယ်ဆိုရင် ပက်စ်ဝက်ဘ် သိမှပဲ ဝင်လို့ရနိုင်တော့မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account