Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, April 3, 2012

Y-talk Account ရှိသူ၊ မရှိသူများ အားလုံးကို အခမဲ့ ဖုန်းခေါ်ခွင့် ပေးပြီး Promotion ပြုလုပ်မည်



Photo
နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုသည့် Ytalk Service ကို Promotion ပြုလုပ်သည့် အနေဖြင့် Ytalk Account ရှိသူ၊ မရှိသူများ အားလုံးကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပေးရန် စီစဉ်လျက်ရှိကြောင်း  VMG Co., Ltd.က၂၅-၃-၂ဝ၁၂ ရက်တွင်သိရသည်။
 
“Ytalk ကို Promote လုပ်တဲ့အနေနဲ့ Account ရှိသူရော၊ မရှိသူကိုပါ နိုင်ငံတကာကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပေးဖို့ စီစဉ်နေပါတယ်။ အဲဒါက မေလလောက်ဖြစ်ဖို့များတယ်။ ဖုန်းခေါ်ဆိုခွင့်ကို လူအကန့်အသတ် မထားပါဘူး။ ဒီ Calling Center မှာရှိတဲ့ ကွန်ပျူတာတွေနဲ့ ဖုန်းတွေ လောက်သလောက်ကို အခမဲ့ပေးမှာပါ။ ဖုန်းခေါ်ချင်တဲ့သူက ဒီမှာလာပြီး တန်းစီ ဆက်နိုင်ပါတယ်။ လူတစ်ယောက်ကို အချိန်တော့ သတ်မှတ်ပေးမှာပါ။ ငါးမိနစ်လား၊ ၁၀ မိနစ်လားတော့ မသတ်မှတ်ရသေးဘူး တိုင်ပင်နေတာပါ။ အချိန်အကန့်အသတ် မထားပေးရင် လူတစ်ယောက်ကို တစ်နာရီ၊ နှစ်နာရီ ပြောနေရင် ကျန်တဲ့သူတွေ သုံးချင်ရင် အဆင်မပြေမှာစိုးလို့ အချိန် ကန့်သတ်ပေးတာပါ” ဟု VMG.Co.,Ltd. မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် စမိုင်းလ်က ပြောကြားသည်။ Ytalk Promotion အစီအစဉ်ကို Ytalking Calling Centerand Sale Office တည်ရှိရာ ရွှေမြယာ အိမ်ရာတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် Y-talk Calling Center ၌ Ytalk Account ရှိသူ၊ မရှိသူများပါ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုရန် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ Ytalk Account မရှိသူများ ဖုန်းခေါ်ဆိုလျှင် မြန်မာကျပ်ငွေဖြင့်သာ ဖုန်းခေါ်ဆိုခကို ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account