Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, May 26, 2012

အင်တာနက် ကွန်နက်ရှင် အဆင်မပြေခြင်းမှာ မြန်နှုန်းနှင့် ဝန်အား မမျှ၍ဟုဆို



Photo
အင်တာနက် ကွန်နက်ရှင် ကျဆင်းခြင်းမှာ တပ်ဆင်ထားသည့် မြန်နှုန်းနှင့်သာ သက်ဆိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောသည်။

“ကိုယ်ချိတ်ထားတဲ့ Network အပေါ် မူတည်ပါတယ်။ ဥပမာ မြန်နှုန်း 256 Kbps လောက် ယူပြီး အလုံးရေအများကြီး ခွဲပြီးသုံးနေရင်တော့ သုံးရတာ အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ်ယူထားတဲ့ မြန်နှုန်းနဲ့ သုံးရမယ့် ကွန်ပျူတာ အရေအတွက်နဲ့ ညီမျှနေမှ သုံးရတာ အဆင်ပြေမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

လက်ရှိတွင် အင်တာနက် သုံးစွဲသူ အများစုမှာ အင်တာနက် အသုံးပြုနေစဉ် ကာလတွင် ကွန်နက်ရှင် ကျဆင်းခြင်း၊ လိုင်းပြတ်တောက်မှုများ ရှိနေခြင်း စသည့် ပြဿနာများနှင့် နေ့စဉ်အမြဲ ကြုံတွေ့နေရ၍ အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ကျောက်တံတားမြို့နယ်မှ အင်တာနက် သုံးစွဲသူ ကိုသက်က “နေတိုင်းလိုလို အင်တာနက် သုံးဖြစ်ပတယ်။ ကွန်နက်ရှင် အတက်အကျက မငြိမ်တာများတယ်။ ရုံးတက်ရုံဆင်း အချိန်တွေမှာ သုံးရတာ အဆင်မပြေပါဘူး” ဟု ပြောသည်။ အင်တာနက်မြန်နှုန်း နှေးကွေးခြင်းကြောင့် အင်တာနက်ဆိုင် အချို့မှာ အင်တာနက်သုံးစွဲခ နှုန်းထားများ လျှော့ချ၍ ဝန်ဆောင်မှု ပေးလာသည့်အပြင် ဆိုင်ဆက်လက် ရပ်တည်နိုင်ရန်အတွက် အင်တာနက် အသုံးပြုနည်း သင်တန်းများ၊ ဂိမ်းကစားနည်းမျိုးစုံနှင့် တရားဝင် သုံးစွဲခွင့် မပြုထာသည့် ဖုန်းခေါ်ဆိုမှုများကို ထားရှိလာကြောင်း သိရသည်။

“တချို့ဆိုင်တွေကတော့ မြန်နှုန်းပိုယူပြီး သုံးစွဲခကို ပိုယူကြတယ်။ ကျွန်တော်တို့ဆိုင်တွေကျတော့ ဆိုင်ရပ်တည်ဖို့တောင် အနိုင်နိုင်ဆိုတော့ သုံးစွဲခတွေ လျှော့ယူပြီး၊ တခြားဝန်ဆောင်မှုတွေပဲ ပေးနေရပါတယ်” ဟု ပုဇွန်တောင်မြို့နယ်မှ အင်တာနက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပေါ်နေသော အင်တာနက် ကွန်နက်ရှင် ကျဆင်းမှုနှင့် ပတ်သက်၍ အင်တာနက် ဝန်ဆောင်မှုပေးသည့် Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကလည်း ကုမ္ပဏီအနေဖြင့် အင်တာနက် တပ်ဆင်ထားသူများကို တပ်ဆင်မည့် မြန်နှုန်းနှင့် သုံးစွဲရမည့် အလုံးရေကို ထုတ်ပြန်ပေးထားကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာမှာလည်း သတ်မှတ်ထားသည့် အလုံးရေထက် ပိုမိုသုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း၊ ၎င်းအပြင် သတ်မှတ်အလုံးရေနှင့် အင်တာနက် သုံးစွဲပါကလည်း လေးလံနိုင်သည့် သုံးစွဲမှုမျိုး Download အား တစ်ပြိုင်နက် သုံးစွဲနေခြင်းများကြောင့် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၎င်းက အင်တာနက် တပ်ဆင်ထားပါက ယူထားသည့်မြန်နှုန်း ၁၂၈ လျှင် ကွန်ပျူတာ တစ်လုံး၊ ၂၅၆ လျှင် သုံးလုံး၊ ၅၁၂ လျှင် ကွန်ပျူတာ ၁၂ လုံးစသည့် သုံးစွဲမှုမျိုးသာ သုံးစွဲသင့်ကြောင်း ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအတွက် နိုင်ငံတကာ အင်တာနက် အိတ်ချိန်း National Gateway တစ်ခု၊ အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သည့် အဖွဲ့အစည်း (ISP) ၂ ခုရှိပြီး ၎င်း (ISP) ၂ ခုမှ အင်တာနက်လိုင်း ချိတ်ဆက်ထားသူ (Subscriber) ၅၀၂၆၄ ဦး ရှိပြီး ယင်း ချိတ်ဆက်ထားသူများ၏ နောက်တွင် အင်တာနက် (Access) ဝေမျှသုံးစွဲသူ သုံးသိန်းကျော် လေးသိန်းခန့် ရှိနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

်မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် အင်တာနက် သုံးစွဲမှုမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်နိုင်ပါက များစွာ လျော့နည်းသော်လည်း ကနဦး တပ်ဆင်ခနှုန်းထားမှာ အလွန်မြင့်မားလျက်ရှိပြီး ယင်းသို့ မြင့်မားနေခြင်းမှာလည်း အင်တာနက် ကွန်ရက်အခြေခံ အဆောက်အအုံ စတင်အချိန်ယူ တည်ဆောက်မှု စရိတ်ကြီးမြင့်မှုအပေါ် မူတည်ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း အင်တာနက် မြန်နှုန်းများ ပိုမိုကောင်းမွန်စေရန် အတွက် လက်ရှိ ချိတ်ဆက်ထားသည့် ရေအောက်ဖိုင်ဘာ ကေဘယ်လ်ဆက်ကြောင်း SEA-ME-WE-3  အပြင် အခြား SEA-ME-WE-4 နှင့် SEA-ME-WE-5 ဆက်ကြောင်းများနှင့် ကုန်းတွင်းဖြတ်ကျော် ဆက်ကြောင်းများ တိုးချဲ့ရေးအတွက် စင်ကာပူနှင့် ဟောင်ကောင်တို့ရှိ အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလျက်ရှိပြီး အင်တာနက် Band-width ပမာဏ 14 GB အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account