ငွေ ၁ သိန်းအောက်ပဲ တတ်နိုင်မယ်ဆိုရင်
ငွေ ၁ သိန်းအောက်ဆို ကိုယ်လိုက်လို့ မှီနိုင်တာ အများစုက Java ဖုန်းပါပဲ။
သို့ပေမယ့် ၈ သောင်း၊ ၉ သောင်းနဲ့ဆိုရင် Android ဖုန်း ကောင်းကောင်း
တစ်လုံး ဝယ်သုံးလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ များသောအားဖြင့် ကတော့ မော်ဒယ်နိမ့် Huawei ဖုန်းများ ဖြစ်ပါတယ်။
ငွေ ၁ သိန်းနဲ့ ၂ သိန်းကြားတတ်နိုင်မယ်ဆိုရင်
ဒီမှာကျ Android ဖုန်း တော်ရုံ ကောင်းကောင်းလေးတော့ သုံးလို့
အဆင်ပြေနေပါပြီ။ ဒီမှာကျ လူတော်တော်များများ ကိုင်ဖြစ်တာက တရုတ် Huawei ,
Samsung, Sony ဖြစ်ပါတယ်။ User အများဆုံး နှစ်ခုက Huawei နဲ့ Samsung
ဖြစ်ပြီး Sony က လည်းရောင်းအားသွက်ပါတယ်။ ပစ္စည်းတိုင်း မှာ အားနည်းချက်
အားသာချက်ကိုယ်စီတော့ ရှိတာပါပဲ။
Huawei ဆိုရင် တရုတ်ပြည်မ ထုတ်
ပစ္စည်းဖြစ်ပြီး Touch အပိုင်းမှာ သိပ် အားမရဘူးလို့ဆိုပါတယ်။ ကင်မရာကလည်း
Samsung နဲ့ Sony တို့လောက် သိပ်တောက်တောက်ပြောင်ပြောင်ပုံ မထွက်ဘူးလို့
ဆိုပါတယ်။ သို့ပေမယ့် အားသာချက်က ဈေးသက်သက်သာသာနဲ့ Specification မြင့်
ဖုန်း သုံးရခြင်း ဖြစ်ပါတယ်။ ငွေ ၁သိန်း ၇သောင်းကျော်လောက် ရှိရုံနဲ့တင်
နောက်ဆုံးထွက် နီးနီး အဆင့်မြင့် Android ဖုန်း ရတယ်ဆိုတာ Huawei မှာပဲ
ရှိပါတယ်။
Samsung ကတော့ အခြား ပစ္စည်းများနဲ့စာရင်
အကြမ်းခံတယ်လို့ ဆိုပါတယ်။ အကြမ်းခံတယ်ဆိုတာထက် ဈေးနှုန်းနဲ့ ပစ္စည်းနဲ့
တိုက်ရိုက်အချိုးကျတဲ့ ပစ္စည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁ သိန်းတန်လည်း ၁
သိန်းတန်အလျောက်၊ ၁ သိန်းခွဲဆိုလည်း ၁ သိန်းခွဲအလျောက် သူ့ရဲ့  လုပ်
ဆောင်ချက်က တိုက်ရိုက်အချိုးကျပါတယ်။ ၂ သိန်းလောက်အထ တတ်နိုင်တယ်ဆိုရင်
Samsung Galaxy စီးရီးထဲကနေတောင် ဝင်ကြည့်လို့ ရပါတယ်။ Y, Ace, Duos
အစရှိသဖြင့် စုံစုံလင်လင်ထဲမှာ ၂ သိန်းမကျော်နဲ့ ပစ္စည်းများ ရှိပါတယ်။
Sony ကတော့ ကင်မရာ ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။ ဈေးချင်း တူရင်တောင်
ကင်မရာက တစ်ဘန်းသာတဲ့ ဖုန်း ဖြစ်ပါတယ။် ၂ သိန်းအောက် Sony ဖုန်းတွေထဲမှာ 8
megapixel ကင်မရာ ပါတာ ရှိပါတယ်။ တစ်ခုအားနည်းချက်ကတော့ Android ပါပဲ။ Sony
မှာ Android ဗားရှင်း မြင့်မယ်ဆိုရင် အလုပ်ရှုပ်ပါတယ်။ သာမန် အခြား
ဖုန်းတွေလို အလွယ်တကူ မရဘူးလို့ ဆိုပါတယ်။
ငွေ ၂ သိန်းမှ ၃ သိန်းကြားဆိုရင်
ဒီမှာ ရွေးလို့ကောင်းတဲ့ ဖုန်းက Android တင်မကပဲ iPhone ပါ ပါဝင်လာပါပြီ။
ဒီကြားထဲမှာဆို အများစု သုံးကြတာက Samsung , Sony , LG, HTC, Nokiaတို့
ဖြစ်ပါတယ်။ သို့ပေမယ့် ကိုးလို့ကန့်လန့်ပါပဲ။ အရမ်းအမြင့်ကြီးမဟုတ်၊
အနိမ့်မဟုတ်တဲ့ ဟန်းဆက်များ ဖြစ်ပါတယ်။ ကင်မရာ ကတော့ 5 mepapixel, 8
megapixel, 13 megapixel လောက်ထိ ရွေးစရာ စုံလာပါတယ်။
၃ သိန်းမှ ၅ သိန်းကြားဆိုရင်
ဒါဆို ရွေးစရာတော်တော်လေးစုံသွားပါပြီ။ အမြင့်ဖုန်းတွေ မှန်းလို့ရပါတယ်။
Samsung Galaxy S3 လည်း ရပါတယ်။ Samsung Galaxy ကြိုက်တဲ့ စီးရီး
ရွေးကိုင်လို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ Sony လည်း တော်တော်များများ
ရွေးလို့ရပါပြီ။ iPhone ဆိုရင်လည်း နောက်ဆုံး မောဒယ် ၂ ခုကို ဖယ်လို့
အောက်က ဘယ်ဟာကိုမဆို ရွေးလို့ ရပါပြီ။
၅ သိန်းအထက် ဖုန်းဆိုရင်
၅ သိန်းအထက် ရှိသူတွေကတော့ လက်တလော အဝယ်များတာက Samsung Galaxy Note 2,
HTC Butterfly, iPhone 5 တို့လို တကယ့် အမြင့်ဖုန်းတွေ ဖြစ်ပါတယ်။
Specification တစ်ခုချင်းစီ ယှဉ်ကြည့်စေ ချင် ပါတယ်။ ကိုယ် တစ်ကယ်သုံးလို့
အကျိုးရှိတဲ့နေရာကို သိရင် ဘယ်စဟာကို မဆို ရွေးနိုင်ပါတယ်။
အသုံးပြုသူ နည်းသော ဖုန်း
Blackberry OS သုံးတဲ့ ဖုန်းများ အတော်အသုံးနည်းပါတယ်။ သို့ပေမယ့်
အများနဲ့ မတူချင်ဘူး။ သီးသီးသန့်သန့်လေး သုံးမယ်ဆိုရင် ငွေဘယ်လောက်ကုန်ကုန်
Blackberry က စတိုင်ထုတ်လုပ် ကောင်းမယ့်ဖုန်းဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာက
Nokia ရဲ့  Windows ဖုန်း ဖြစ်ပါတယ။် Windows ဖုန်းတွင် ပြည်တွင်းမှာ
အတွေ့ နည်းပါတယ်။ ဝယ်သူနည်းတော့ တော်ရုံ ပြည်တွင်းဖုန်းဆိုင်တွေမှာ
တင်မရောင်းပါဘူး။ Lumia စီးရီးလက်ရှိ iPhone , Samsung တို့နဲ့ ကမ္ဘာမှာ
ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ဒီတော့ Windows Phone နဲ့လည်း စတိုင်ထုတ်
နိုင်ပါသေးတယ်။
နောက်ထပ် ပြောမကုန်အောင် အမည်စုံသော ဖုန်းတွေလည်း
ရှိနေပါသေးတယ်။ Lenovo, Singtech, ZTE တို့အပြင် အခြားသော စင်္ကာပူ ဖြစ်၊
တရုတ်ဖြစ် ဖုန်းများစွာလည်း မြန်မာပြည်မှာ ဈေးသက်သက် သာသာနဲ့
ရနိုင်ပါသေးတယ်။
ဂျီလား စီဒီအမ်အေလား
ဂျီအတွက်က
ရွေးစရာများသလောက် CDMA သုံးသူများအတွက် ကတော့ ရွေးစရာ အတော်လေး နည်းပါတယ်။
CDMA support လုပ်တဲ့ ဖုန်း အများစုထုတ်တာကတော့ တရုတ်ပြည် ဖြစ်တဲ့အတွက်
တရုတ်ဖုန်းများမှာ CDMA တွေ တွေ့နိုင်ပါတယ်။ Huawei ဆိုရင် CDMA မှာ
လူသုံးအများဆုံး ဖုန်းပဲ ဖြစ်ပါတယ်။
အနှစ်ချုပ်
အထက်ပါဖော်ပြမှုက ဈေးအရ အကြမ်းဖျင်းပါပဲ။
အမှန်တကယ် ဖုန်းဝယ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ကိုယ်ဟာ ဘာလုပ်ဖို့ ရည်ရွယ်သလဲဆိုတာကို သေချာ ဆုံးဖြတ်ရပါအုံးမယ်။
ဖုန်းပြောဖို့သက်သက်ပါ။
ဒါဆိုရင် သိပ်အများကြီးစဉ်းစာစရာမလိုပါဘူး။ ကိုယ်ကြိုက်တဲ့ ဖုန်းကို
ရွေးလိုက် ရုံပါပဲ။ ငွေအများကြီးတောင် စိုက်စရာ မလိုပါဘူး။ 3G, 4G
ရွေးချယ်မှုက မြန်မာပြည်မှာ လုပ်စရာ မလိုသေးပါဘူး။ နိုင်ငံ တကာမှာ တော့
အဆင့်မြင့်တဲ့ 4G နဲ့ 3G ကွန်ရက်ဆိုပြီး ကွဲတဲ့အတွက် ဖုန်းဝယ်မယ်ဆို
သေချာရွေးကြ ရပါတယ်။ မြန်မာပြည်မှာတော့ ဒီအတွက် ခေါင်းစားစရာ မလိုသေးပါဘူး။
ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်။
အင်ဂျင်ကို
ကြည့်ရပါတော့မယ်။ ဂိမ်းအဆော့ကြမ်းသူများ အနေနဲ့ Processor နဲ့ Chipset
အနှိမ့်အမြင့်ကို ပြန်ချိန်ရပါတော့မယ်။ Android မှာဆို လက်ရှိက quad-core
စီးရီး တော်တော်လေး ပေါက်ပါတယ်။ Processor, CPU, GPU မြင့်လေလေ ဂိမ်းအတွက်
ကောင်းလေပဲ ဖြစ် ပါတယ်။
ဖုန်းပြောမယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက် သုံးမယ်။
ဒီသုံးခုလုံးလုပ်မယ်ဆိုရင် နောက်တစ်ချက် ထည့်စဉ်းစားရမှာက မျက်နှာပြင်
အရွယ်အစားပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးလေလေ အင်တာနက်သုံးရ အဆင်ပြေလေမို့
ဖြစ်ပါတယ်။ စမတ်ဖုန်းမှာဆိုရင် ၄.၅ လက်မ phablet ခေါ် ကျောက်သင်ဖုန်းမှာဆို
၅.၅ လက်မလောက် အထိ ရွေးစရာ ရှိပါတယ်။ နောက်တစ်ချက် စဉ်းစားစရာကတော့
မြန်မာစာပါပဲ။ Font အတွက် Android မှာဆို Root လုပ်ရတာ၊ iOS မှာဆို
Jailbreak လုပ်ရ တာတွေ ရှိပါတယ်။ ဒါကတော့ ပြဿနာ မရှိပါဘူး။ Font အဆင်ပြေ
မယ်ဖုန်းကို ရွေးရုံပါပဲ။
ဖုန်းပြော၊ဂိမ်း၊ အင်တာနက်၊ ဓာတ်ပုံရိုက်
ဓာတ်ပုံလည်းရိုက်မယ်ဆိုရင် နောက်ထပ် ရွေးစရာက ကင်မရာ ကောင်းဖို့ ပါပဲ။
လက်ရှိ ကင်မရာ အကောင်းဆုံး ဖုန်းတွေ အတော်များများ ရှိပါတယ်။ ကင်မရာ
အနိမ့်ဆုံး 5 megapixel ကနေ 13 megapixel လောက်ထိကို ရှိနေပါတယ်။
လှတာကို ရွေးမယ်
အချို့ ကျတော့ ဘာဆိုဘာမှ မကြည့်တော့ပါဘူး။ ငွေကလည်း လျှံနေတော့ လှတာကို
ရွေးချင်ကြပါတယ်။ ဒီအတွက်ကတော့ Limited Edition က အကောင်းဆုံးပါပဲ။
ပြည်တွင်းမှာတင် Limited Edition ဝယ်သုံးတဲ့ သူ တော်တော်များများ
ရှိနေပါတယ်။ ကမ္ဘာမှာ အလုံးရေ ဆယ်ဂဏန်း၊ ရာ ဂဏန်းပဲ ထုတ်တဲ့
ဖုန်းတွေကိုတောင် မြန်မာပြည်မှာ အသုံးပြုနေကြကြောင်း သတင်း ကြားသိရပါတယ်။
ဒီတော့ ဘယ်လိုဖုန်းက ကိုယ့်အတွက် သင့်တော်မယ်ဆိုတာ အကြမ်းဖျင်း စဉ်းစားလို့ ရပြီလို့ မျှော်လင့်ပါတယ်။
--
အောင်ခမ်း (TSJ team)
TechSpace Journal
0 comments:
Post a Comment
သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။
သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။
Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။
စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။
ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)