Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, February 13, 2013

MVG ၏ ပထမဆုံးလေ့လာရေး ခရီးစဉ် (ကျောက်ဆည်)

Photo
အားလုံး မင်္ဂလာပါ!!!
12.2.2013
ဒီနေ့ ကျွန်တော်တို့ MVG memberတွေ စုပေါင်းပြီး ကျောက်ဆည်ကို လေ့လာရေး ခရီးသွားခဲ့ကြပါတယ်။
နံနက် ၈ နာရီမှာ မန္တလေးကနေ စတင်ထွက်ခဲ့ကြပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၅ယောက်ဟာ ဆိုင်ကယ် ကိုယ်စီနဲ့အထုပ်အပိုးတွေပြင်လို့ ကျွန်တော်တို့ခရီးစဉ်ကို စတင်ခဲ့ဖြစ်ပါတယ်။ ကျောက်ဆည်ကို ၁၀နာရီလောက်ရောက်ခဲ့ပါတယ်။


လမ်းမှာ ပျော်ပျော်ပါးပါးသွားကြရင်းနဲ့ ရွှေသိမ်တော် ဘုရားကို ဝင်ဖူးပြီး တောင်ပေါ်သို့ တက်ဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရှင်ပင်ရွှေဆပ်သွားဘုရား၊ ရွှေတောင်ထီးဘုရား၊ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားများသို့ သွားရောက်ဖူးမြော်ကြရင်း အဖွဲ့ဝင်တွေ စုပေါင်းကာ အလှူငွေများ ပေးအပ်လှူဒါန်းကြပါတယ်။ ထို့နောက် သုံးထပ်ဘုရားကြီးရှိရာ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားတွင် အဖွဲ့ဝင်များစုပေါင်းကာ သန့်ရှင်းရေး ဝေယျာဝစ္စများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အပြန်ခရီးတွင် ပေါ်တော်မူဘုရားကို
ဝင်ရောက်ဖူးမြော်ကြပြီး မန္တလေးသို့ ပြန်ခဲ့ကြပါတယ်။ ဒီလေ့လာရေးခရီးစဉ်သည် ကျွန်တော်တို့ MVG အဖွဲ့၏ ပထမအကြိမ်လေ့လာရေး ခရီးဖြစ်ပါသည်။





ကျောက်ဆည်လေ့လာရေးခရီးတွင် လှူဒါန်းခဲ့သော အလှူငွေများစာရင်း

၁။ မဟာရွှေသိမ်တော် မြတ်စွာဘုရား ၆၀၀၀ိ/-ကျပ်
၂။ ရှင်ပင်ဆပ်သွားဘုရား ၆၀၀၀ိ/-ကျပ်
၃။ ရွှေတောင်ထီးဘုရား ၇၅၀၀ိ/-ကျပ်
၎။ တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော် ၅၅၀၀ိ/-ကျပ်

စေတီဘုရား ၄ ဆူတွင် အလှူငွေစုစုပေါင်း ၂၅၀၀၀ိ/-ကျပ်တိတိကို အဖွဲ့ဝင် (၁၅)ယောက်ဖြစ်ကြတဲ့
ကိုလှိုင်ထက်ကျော်၊ ကိုအောင်ဖြိုးသက်၊ ကိုဝေယံလင်း(Mdy)၊ ကိုဝေယံလင်း(Ans)၊ ကိုစည်သူထွန်း၊ ကိုအောင်ချမ်းမြေ့၊ ကိုခန့်ဇော်ဟိန်း၊ ကိုအောင်ကျော်မင်း၊

မရီရီခိုင်၊ မခိုင်ဇာအောင်၊ မသဉ္ဇာဖြိုး၊ မဇွန်ပွင့်ဝေ၊ မချစ်စုမွန်၊ မဆုလှိုင်ဖြိုးနှင့် မဆုမြတ်ဇော် တို့မှ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါတယ်။

နတ်လူသာဓုခေါ်စေသော်ဝ်။


Mandalay Volunteers Group (MVG)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account