Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, February 11, 2013

ခွေးဟောင်တိုင်းခြောက်ဖို့မလိုပါဘူး


တစ်ခါက တောရွာလေးတစ်ရွာနဲ သိပ်မဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သက်ကြီးရွယ်အို ဘုန်းတော်ကြီး တစ်ပါးနဲ ဦးဇင်းလေး တစ်ပါး သတင်းသုံးနေထိုင်ကြတယ် ။ ဘုန်းကြီးကျောင်းရဲ့ အနီးနားမှာ တောင်ယာလုပ်ကိုင်နေတဲ့ ကပ္ပိယ တစ်ယောက်လည်းနေထိုင်တယ် ။
ဘုန်းကြီးက အသက်ကြီးတဲ့အတွက် ရွာထဲကို လိုက်ပြီး ဆွမ်းမခံနိုင်ဘူး အဲဒီတော့ ဦးဇင်းလေးက ပဲ နှစ်ပါးစာ နေတိုင်းဆွမ်းခံထွက်ရတယ်။ တစ်ရက်ကျတော့ ကပ္ပိယ က ဦးဇင်းလေးနောက်ကို ဆွမ်းတောင်းထမ်းဖို လိုက်လာခဲ့တယ် ။ အဲလိုနဲ့ ရွာထဲကိုရောက်တော့ ခွေးတွေက ဆွမ်းခံလာတဲ့ ဦးဇင်းနဲ့ ကပ္ပိယကို တစ်ကောင်ပြီးတစ်ကောင်ဟောင်တယ်တဲ့။ အဲဒီတော့ ကပ္ပိယ က ခွေးတွေကိုရိုက်မောင်းထုတ်ဖိုပြင်တယ်တဲ့ ။ အဲတော့ ဦးဇင်းက ကပ္ပိယကိုပြောတယ် ။ ကိုယ်ကို လိုက်ဟောင်နေတဲ့ ခွေးတွေကိုသာ တစ်ကောင်ချင်းလိုက်မောင်းနေရမယ်ဆိုရင် ဒီနေ့ ကျောင်းမှာကျန်နေခဲ့တဲ့ ဘုန်းကြီးဆွမ်းချိန်မမှိပဲဖြစ်နေလိမ်မယ် ။ ဟောင်တဲ့ခွေးတွေ မောသွားရင် ရပ်သွားလိမ့်မယ် လိုပြောပြီး ဆွမ်းခံပြီး ဘုန်းကြီးကျောင်းကိုပြန်ကြွသွားတယ် ။ တကယ်လို ခွေးတွေကိုသာ လိုက်မောင်းနေရင် ဘုန်ကြီးဆွမ်းစားချိန်မှိလိုက်မှာ မဟုတ်ပါဘူး ။

အဲဒီလိုပါပဲ ကျွန်တော်တိုဘ၀မှာလဲ ကိုယ်ရည်မှန်းချက်နဲ့ကိုယ် အလုပ်လုပ်နေကြပါတယ်။ ကိုယ်ရည်မှန်းချက် ပန်းတိုင်ကိုသွားနေခိုက်မှာ ဘေးက အနှောက်အယှက်တွေ ၀င်လာနိုင်ပါတယ် ။ အဲလိုဝင်လာတာကို ပဲ အာရုံစိုက်ပြီး ဖြေရှင်းနေမယ်ဆိုရင် ကျွန်တော်တို ရည်မှန်းချက် ပန်းတိုင်ကိုရောက်တော့မှာ မဟုတ်ပါဘူး ။ ကိုယ်လုပ်စရာရှိတာကို ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် လုပ်သွားဖိုလိုအပ်ပါတယ် ။

Ref>>>စာပေရိပ်မွန် စာအုပ်စင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account