Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 7, 2013

Huawei Ascend G510



Photo
Huawei handset များက ဈေးနှုန်းချိုသာပြီး၊ စွမ်းရည် သင့်တင့်တာကြောင့် ရွေးချယ် သုံးစွဲသူတွေ များပြားပါတယ်။  စွမ်းရည်မြင့် handset များကိုတော့ အများအပြား မထုတ်လုပ်ထားပါဘူး။ အလယ်အလတ် handset များကတော့ နာမည် စုံလင်လှပါတယ်။
ဒီ handset လေးက ထုတ်လုပ်ဖြန့်ချိထားတာ သိပ်မကြာသေးပါဘူး။ Dual SIM card အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Huawei ရဲ့ handset အတော်များများဟာ Dual SIM card အသုံးပြုနိုင်ကြပါတယ်။ လူမှုရေး ကိစ္စများပြီး၊ ဖုန်းနံပါတ် နှစ်ခုထားမှ အဆင်ပြေမယ့် သူများအနေနဲ့ SIM card တန်ဖိုး၊ handset တန်ဖိုး ချိန်ညှိရမယ် ဆိုရင်တော့ အရည်အသွေး စွမ်းရည်တွေ အသင့်အတင့် ကောင်းမွန်ပြီး ဈေးနှုန်းချိုတဲ့ Huawei ရဲ့ Dual SIM အသုံးပြုနိုင်တဲ့ handset များကို ရွေးချယ်သင့်ပါတယ်။ IPS LCD capacitive touchscreen အသုံးပြုထားတဲ့ ဖုန်းမျက်နှာပြင်က 4.5 inches အကျယ်ရှိပါတယ်။ မြင်ကွင်း စွမ်းရည်အတွက် pixels ပမာဏကတော့ 480x854 ရှိပါတယ်။ တစ်လက်မ ထောက်ပံ့ပေးမယ့် pixel ပမာဏ စွမ်းရည်ကတော့ 218 ppi ဖြစ်ပါတယ်။ Autofocus, LED flash စနစ်တွေ ပါဝင်တဲ့ ကင်မရာကတော့ 5 MP စွမ်းဆောင်နိုင်ပါတယ်။ ဓါတ်ပုံရိုက်လိုက်ရင် ရရှိမယ့် pixels ပမာဏကတော့ 2592x1940 ဖြစ်ပါတယ်။ VGA စွမ်းရည်ရှိတဲ့ ဒုတိယ ကင်မရာငယ်လည်း ထည့်သွင်းပေးထားပါတယ်။ Video ဖိုင်ကိုတော့ 720 p နှုန်းနဲ့ ရိုက်လို့ရပါတယ်။ Dual-core 1.2GHz စွမ်းရည်ရှိတဲ့ CPU နဲ့ ဖုန်းကို သွက်လက်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GPU ကတော့ PowerVRSGX531 အမျိုးအစားဖြစ်ပြီး၊ OS ကတော့ Jelly Bean ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Battery ကတော့ Li-Ion 1700 mAh စွမ်းရည်ရှိတဲ့အတွက် ကောင်းမွန်အားပြည့်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account