Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 7, 2013

Windows Phone 8 ရဲ့ လုပ်ဆောင်နိုင်ချက်များ



Photo
ယခင် ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ Feature အသစ်တွေထဲက ကျန်ရှိသေးတဲ့ Feature အသစ်တွေကို Windows Phone 8 အသုံးပြုတဲ့ သူတွေအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။  People + Social network ဆိုတဲ့ Feature ကတော့ လူမှုကွန်ရက်ဆိုက်တွေနဲ့ ဆက်စပ်ထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Feature ဟာ  လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ ပါဝင်တဲ့ Photo, Calendar, Group, Chat, Member Room အစရှိတာတွေကို ခွဲခြား ဖော်ပြပေးထားပါတယ်။
Email နဲ့ Messaging ကိုလည်း Windows Phone 8 မှာ ယခင် တွေ့မြင်နေကျ သမားရိုးကျ ပုံစံတွေနဲ့ ခွဲထွက်ပြီး ပိုမိုကောင်းမွန်အောင် Picture Video နဲ့ Video Note အစရှိတာတွေနဲ့ ဖော်ပြပေးနိုင်အောင် စီစဉ်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Browsing and Map ကတော့ သင်ရှာဖွေနေတဲ့ နေရာရဲ့ အနီးစပ်ဆုံးမှာ ရှိတဲ့ အထင်ကရ နေရာတွေကို ရှာဖွေပြီး သင်လိုရာကို ခရီးဆက်နိုင်ဖို့အတွက် ဖော်ပြပေးနိုင်မယ့် လမ်းညွှန်နိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ သင်ဘယ်နေရာမှာ ရှိတယ်ဆိုတာကို Tab လုပ်ထားရုံနဲ့ သင့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက သင့်ကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Photo & Camera Feature ကတော့ ပိုမိုကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးနိုင်ဖို့ အတွက် Effect မျိုးစုံနဲ့ Phone Screen ကို Tab လုပ်ရုံနဲ့ မှတ်တမ်းတင် Video တွေကို ရိုက်ကူးပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။

Music & Video မှာ Xbox Music Store နဲ့ ချိတ်ဆက် ခံစားနိုင်မယ့် Windows Phone ရဲ့ Music  နည်းပညာ၊ ရုပ်ထွက် အရည်အသွေး ကောင်းမွန်တဲ့ နည်းပညာတွေကို Windows Phone 8 မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Windows Phone 8 ဟာ သုံးစွဲသူတွေအတွက် ဘက်ပေါင်းစုံက ပြီးပြည့်စုံအောင် စီစဉ်ပေးထားတဲ့ နည်းပညာသစ်တွေကို Mobile Phone Operating System တစ်ခုလည်း ဖြစ်ပါတယ်။ App တွေနဲ့ Game တွေ အတွက်ကတော့ အခမဲ့ရော၊ အခကြေးငွေ ပေးချေပြီးရော ရယူနိုင်မယ့် App Store တွေ Online  ပေါ်မှာ ရှိပါတယ်။ Network အတွက်ကတော့ Windows Phone 8 ရဲ့ Feature တွေထဲမှာ ကွန်ရက်နဲ့ ချိတ်ဖို့အတွက် WiFi စနစ်လည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ Windows  Phone 8 ရဲ့ Application နဲ့ Game တွေဟာ အခမဲ့အနေနဲ့ ဆိုရင်တော့ အင်တာနက်ပေါ်မှာ ရှာဖွေမယ်ဆိုရင် ဝက်ဘ်ဆိုက် အများအပြား ရရှိနိုင်မှာ ဖြစ်ပြီး၊ အခကြေးငွေ ပေးပြီး  ဝယ်ယူရမယ့် Application နဲ့ Game တွေ အတွက်ကတော့ အခကြေးငွေ ပေးချေ ဝယ်ယူဖို့ အခက်အခဲ အနည်းငယ် ရှိမှာ ဖြစ်ပါတယ်။

သီဟ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account