Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 7, 2013

Keyboard PC များ ပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်



Photo
ပြည်တွင်း နည်းပညာ ဈေးကွက်ထဲသို့ ကိုရီးယား နိုင်ငံလုပ် Duocom အမှတ်တံဆိပ် Keyboard PC များ ဝင်ရောက်လာကြောင်း သိရသည်။ “Keyboard PC ကတော့ PC တစ်ခုက Keyboard တစ်ခုထဲမှာ ပါသွားတာမျိုး ဖြစ်ပါတယ်။  အတွင်းပိုင်း ဖွဲ့စည်းပုံကတော့ Notebook တစ်လုံးနဲ့ ဆင်ပါတယ်။ Wi-Fi စနစ် ပါဝင်တဲ့အတွက် Wi-Fi ရှိတဲ့  နေရာတွေမှာ Wi-Fi ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Keyboard မှာ VGA Port ပါဝင်တဲ့အတွက်  မော်နီတာတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ရုံသာမက VGA Port ပါဝင်တဲ့ LCD, LED တီဗီတွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်မှာ  ဖြစ်ပါတယ်။
ဂိမ်းကစားခြင်းနဲ့ Professional အသုံးပြုဖို့  မသင့်တော်ပေမယ့် အိမ်သုံး၊ ရုံးသုံးအတွက်ကတော့ အဆင်ပြေစေပါတယ်” ဟု Keyboard PC နှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
Keyboard PC တွင် အသုံးပြုထားသည့် Operating System မှာ Without Genuine Microsoft XP Professional Version 2002. Server Pack 3 ဖြစ်ပြီး CPU ကို Intel® AtomTM D510 ကို အသုံးပြုထားသည်။ Memory ကို 2GB DDR2 ထည့်သွင်းပေးထားသည်။ Graphic မှာ Intel® HD Graphic Family ဖြစ်သည်။ ဒေတာအချက်အလက်များ သိမ်းဆည်းရန်အတွက် 320 GB ပမာဏရှိသည့် Hard Disk ပါဝင်ပြီး Optical Drive မှာ DVD+/- အမျိုးအစား ဖြစ်သည်။  Wireless စနစ်မှာ (n/b/g) 10/ 10/1000 Ethernet  ဖြစ်သည်။ SD Card ထည့်သွင်း အသုံးပြုနိုင်သည့် Card Reader ပါဝင်သည်။ အခြားသော Port များ အနေဖြင့် RJ 45 ပို့၊ USB 2.0 Port လေးခု၊ Audio out Port များနှင့် VGA Port စသည်တို့ ပါဝင်သည်။
 
“Keyboard PC အသုံးပြုသူ အနေနဲ့  အပြောင်းအရွှေ့လုပ်တဲ့ နေရာမှာလည်း  အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Keyboard, Mouse စတာတွေလည်း မလိုအပ်တော့ပါဘူး။ အသုံးပြုတဲ့အခါမှာတော့ UPS ခံပြီး အသုံးပြုရင် ပိုကောင်းပါတယ်။ Keyboard PC အတွက် Warranty ကို Service & Parts တစ်နှစ် ပေးထားပါတယ်။ Warranty  ကာလအတွင်း တစ်ခုခု ချို့ယွင်းသွားလို့ ပြင်ဆင်မယ်ဆိုရင် နာရီဝက်အတွင်း ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းမှ ထပ်မံပြောကြားသည်။ Keyboard PC ဈေးနှုန်းမှာ ၂၈၀,၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ယူသည့်  အခါတွင် Power Cable တစ်ကြိုးနှင့် VGA Cable တစ်ကြိုး  ပါဝင်မည် ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် Technoland ဆိုင်ခွဲများဖြစ်သော အင်းယားလမ်းဆိုင်ခွဲ၊ သမိုင်းဆိုင်ခွဲ၊ ၁၆ လမ်း ဆိုင်ခွဲ၊ တာမွေဆိုင်ခွဲ၊ မန္တလေးဆိုင်ခွဲများအပြင် Unique, Innwa  ဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
 
ကိုအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account