Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 9, 2013

ရေ

Photo: ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ဆိုသလို လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆ဝ~၇ဝ%ခန့်က ရေဖြစ်ပါတယ်။
အမေရိကန်စာရေးဆရာ ဆရာဝန် F.Batmanghelid က  "Your Body's Many Caries For Water" ရေက အကောင်းဆုံးဆေးဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ "သင် မဖျားပါဘူး... သင် ရေဆာနေတာပါ"လို့ သူကဆိုပါတယ်။ 

ဖတ်မိတဲ့စာတစ်ပုဒ်က ဒီလိုရေးထားပါတယ်...

မျက်နှာပေါ် အစက်အပျောက်တွေများနေရင် --- မနက်စောစော ရေကျက်အေးတစ်ခွက်သောက်ပါ
နှာဆေးချောင်းဆိုးရင် ---- နေ့စဉ်သောက်နေကျရေထက် ပိုသောက်ပေးပါ
ဝမ်းပိတ်နေရင် --- ရေကို အငုံကြီး အငုံကြီး (တဂွတ်ဂွတ်နဲ့) သောက်ပါ
အော့အန်ချင်ရင် --- ဆားရေနဲ့ ပလုပ်ကျင်းပါ
အပူများရင် --- ရေကို တစ်ငုံလိုက် တစ်ငုံလိုက် ဖြေးဖြေးချင်းသောက်ပါ
ဝနေရင် --- အစာစားပြီး နာရီဝက်အကြာမှာ ရေများများသောက်ပါ
ချောင်းဆိုးရင် --- ရေပူ ရေနွေးများများသောက်ပါ
အိပ်မပျော်ရင် --- ရေနွေးနဲ့ ရေချိုးပါ၊ ခြေထောက်ကို ရေနွေးစိမ်ပါ
စိတ်ရှုပ်၊ ဦးနှောက်ခြောက်ရင် --- ရေများများသောက်ပါ
နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ချင်ရင် --- မအိပ်ခင် ရေတစ်ခွက်သောက်ပါ

အမျိုးသားများ တစ်နေ့ကိုရေ သုံးလီတာခန့်၊ အမျိုးသမီးများ ၂.၂ လီတာခန့် သောက်သုံးသင့်ပါတယ်။
ဒီလင့်ထဲမှာ http://nutrition.about.com/library/blwatercalculator.htm ကိုယ့်ရဲ့အလေးချိန်ကိုထည့်ပြီး တစ်နေ့ရေ ဘယ်လောက်သောက်ရမယ်ဆိုတာ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။
ရေများများသောက်ရသလို သန့်ရှင်းတဲ့ရေ၊ ကျိုချက်ထားတဲ့ရေကို သောက်တတ်ဖို့လည်း လိုအပ်ပါတယ်။
.
ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ဆိုသလို လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆ဝ~၇ဝ%ခန့်က ရေဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account