ပြည်တွင်း နည်းပညာဈေးကွက် အတွင်းသို့ ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် Station+ အမည်ဖြင့် ပစ္စည်းတစ်မျိုး ဝင်ရောက်လာကြောင်း သိရသည်။ “ဒီပစ္စည်းက ကွန်ပျူတာ တစ်လုံးကို တခြားအသုံးပြုသူတွေ ထပ်မံချိတ်ဆက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ တစ်ယောက် ချိတ်သုံးမယ်ဆိုရင် Device တစ်ခုအသုံးပြုရမှာ ဖြစ်ပြီး နှစ်ယောက် ချိတ်သုံးမယ်ဆိုရင်တော့ Device နှစ်ခု ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ခံရမယ့် ကွန်ပျူတာအနေနဲ့ Device ငါးခု အသုံးပြုမယ်ဆိုရင်တော့ Dual Core နဲ့ Memory 2GB လောက် ရှိဖို့လိုအပ်ပါတယ်။ Device ဆယ်ခု ချိတ်ဆက် အသုံးပြုမယ် ဆိုရင်တော့ Core i3, Memory 4GB ရှိရမှာ ဖြစ်ပါတယ်။ 3D ဂိမ်းကလွဲပြီး Application တော်တော်များများကို အသုံးပြုနိုင်ပါတယ်။ Network နဲ့ ချိတ်သုံးတာနဲ့ USB နဲ့ ချိတ်သုံးတာ ဆိုပြီး နှစ်မျိုး ဝင်ရောက်ပါတယ်” ဟု Micro Computer Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
USB စနစ်သုံး STV-02 မော်ဒယ်တွင် USB ပို့ နှစ်ခု၊ Audio In/Out ပါဝင်ပြီး၊ STV-04 မော်ဒယ်တွင် USB ပို့ လေးခုနှင့် Audio In/Out တို့ ပါဝင်သည်။ Lan Model ဖြစ်သည့် STL-01 တွင် USB ပို့ ၃ ခု နှင့် Audio In/Out တို့ ပါဝင်သည်။ ဈေးနှုန်းမှာ (1 to 10 units အတွင်း) ၈၀,၀၀၀ ကျပ် ဝန်းကျင် ဖြစ်ပြီး၊ ၁၀ ခုနှင့် အထက်ဆိုပါက ၇၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ဝယ်ယူအသုံးပြုလိုသူများ အနေဖြင့် Micro Computer Co.,Ltd. ဖုန်း-၂၉၄၅၀၃၊ ၂၀၂၄၅၃၊ ၇၂၁၆၆၈၊ ၃၉၈၈၆၆ နှင့် ၃၉၈၈၆၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူ အသုံးပြုနိုင်ကြောင်း သိရသည်။











































