Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, August 12, 2012

Android Download



Photo
Android OS အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Application များစွာအထဲက ပညာရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ လေ့လာစရာ Application တွေလည်း  များစွာရှိတာ တွေ့ရမှာပါ။
ယခုတစ်ပတ်မှာတော့ Android OS အသုံးပြုသူတွေ အတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးနဲ့ တရားဓမ္မတွေကို ဖတ်ရှုနိုင်မယ့် Application အချို့ အခမဲ့ ဒေါင်းလုပ်ပြုလုပ်ပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။


 
Planet Dictionary
 
http://www.ppshein.net/Android/v06/planetdictionary.apk

Planet Dictionary ကတော့ အင်္ဂလိပ်-မြန်မာ အဘိဓာန်တစ်ခု ဖြစ်ပါတယ်။ Offline အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး အသုံးပြုပုံတွေကိုလည်း ဥပမာပေးထားတဲ့ စာကြောင်းတွေနဲ့ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဘိဓာန်မှာ စာလုံးပေါင်းကို သေချာစွာ မသိတဲ့သူတွေအတွက် စာလုံးပေါင်း မှားရိုက်မိတဲ့အခါမှာ စာလုံးတွေကို ဆင်တူစာလုံးတွေကို ရှာဖွေပေးနိုင်မယ့် Feature လေးလည်း ပါဝင်ပါတယ်။ ဒီ Application ဟာ အသုံးပြုရတာ လွယ်ကူပြီး ပေါ့ပါးတာကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေစေမယ့် Application တစ်ခု ဖြစ်ပါတယ်။ Planet Dicitonary ကို ဒေါင်းလုပ် ပြုလုပ်ချင်တယ်ဆိုရင် www.ppshein.net ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရမှာ ဖြစ်ပါတယ်။ Android စာမျက်နှာကို ရောက်ပြီဆိုရင် Planet Myanmar Dictionary ဆိုတဲ့ Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ဒေါင်းလုပ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Instagram
 
http://www.1mobile.com/instagram-363764.html

Instagram ဆိုတဲ့ Android Application ကတော့ Mobile Phone ကင်မရာက တစ်ဆင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို Effect ပေါင်းများစွာနဲ့ ပြင်ဆင်နိုင်မှာ ဖြစ်သလို အရောင်တွေကိုလည်း နှစ်သက်ရာအရောင် ရွေးချယ်ပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ဟာ ဓာတ်ပုံတွေကို ပြင်ဆင်ပြီးပြီဆိုရင် Facebook, Twitter, Foursquare, Flicker အစရှိတာတွေပေါ်ကို တိုက်ရိုက် တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Upload ပြုလုပ်တဲ့ အချိန်မှာလည်း Caption ထိုးနိုင်ဖို့အတွက် စာရိုက်တဲ့နေရာကို ပေးထားပြီး စာရိုက်ထည့်ပြီးပါက Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Application ကို ဒေါင်းလုပ် ပြုလုပ်လိုတယ်ဆိုရင် www.1mobile.com ဆိုတဲ့ စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Downloads ဆိုတဲ့ စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ ဒေါင်းလုပ်ဆိုတဲ့ စာမျက်နှာကို ရောက်ပြီဆိုရင် Social ဆိုတဲ့ category အောက်ကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီအောက်မှာ Instagram ဆိုတဲ့ Application ကို ဒေါင်းလုပ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account