Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, August 12, 2012

Instagram ဓာတ်ပုံများကို ဝက်ဘ်ဆိုက်တစ်ခုတည်းတွင် ကြည့်ရှုနိုင်ပြီ



Photo
နယူးယောက်၊ လန်ဒန်၊ ဆစ်ဒနီ၊ တိုကျိုနှင့် ဆော်ပေါ်လိုမြို့များမှ Instagram အသုံးပြုသူများ တင်သည့် ဓာတ်ပုံများကို ဝက်ဘ်ဆိုက်တစ်ခုတည်း၌ စုံစုံလင်လင် ကြည့်ရှုနိုင်ရန်  စီစဉ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
၎င်းမြို့များမှ Instagram ဓာတ်ပုံမျှဝေရေး လူမှုကွန်ရက် အသုံးပြုနေကြသည့် သူများ၏ ကိုယ်ရေးအချက်အလက်တွင် နေရာဒေသနှင့် ပတ်သက်၍ ချိတ်ဆက်ကာ ၎င်းတို့တင်သည့် ဓာတ်ပုံများကို ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်သစ်ကို This is Now ဟု အမည်ပေးထားသည်။ ၎င်းဝက်ဘ်ဆိုက်ပေါ်တွင် အဆိုပါမြို့ငါးမြို့မှ တင်သည့် ဓာတ်ပုံများကို မိမိကြိုက်နှစ်သက်ရာ မြို့အလိုက် ရွေးချယ်ကြည့်ရှုခွင့် ရှိမည်ဖြစ်ပြီး အဆင်မပြတ် တင်နေသည့် ဓာတ်ပုံများကို တရစပ် ဖော်ပြပေးနေမည်ဖြစ်သည်။ Instagram ဓာတ်ပုံမျှဝေရေး လူမှုကွန်ရက်သည် Facebook ကုမ္ပဏီသို့ ရောင်းချခံခဲ့ရပြီးသည့် နောက်ပိုင်းတွင် ပိုမိုအသုံးပြုသူ များပြားလာခဲ့ပြီး ယခုအခါ နိုင်ငံတကာတွင် Instagram အသုံးပြုသူပေါင်း ၃၅ သန်း ရှိနေပြီဖြစ်သည်။ ဝက်ဘ်ဆိုက်လိပ်စာမှာ www.now.jit.su ဖြစ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

KZZ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account