Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, August 12, 2012

စက်တင်ဘာလတွင် mirrorless ကင်မရာ ဈေးကွက်သို့ Canon ဝင်ရောက်မည်



Photo
Canon ကင်မရာ ကုမ္ပဏီ၏ ပထမဦးဆုံး မှန်ဘီလူး ပြောင်းလဲ တပ်ဆင်နိုင်သည့် mirrorless interchangeable lens (MIL) ကင်မရာများကို စက်တင်ဘာလလယ်တွင် စတင် ဈေးကွက်တင် ရောင်းချမည်ဖြစ်ကြောင်း  အဆိုပါ ကုမ္ပဏီမှ မကြာသေးမီက ပြောကြားခဲ့သည်။
ပြိုင်ဖက်ကုမ္ပဏီ Nikon ကော်ပိုရေးရှင်းမှ ယခင်နှစ်ကတည်းက ဝင်ရောက်ခဲ့သော သေးငယ်ပြီး lens ပြောင်းသုံးနိုင်သည့် ကင်မရာ ဈေးကွက်အတွင်းသို့ ယခုအချိန်မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း Canon ကင်မရာကုမ္ပဏီမှ ပြောသည်။ Mirrorless ကင်မရာ မော်ဒယ်များမှာ digital reflex ကင်မရာများကဲ့သို့ optical viewfinder ပါဝင်ခြင်း မရှိဘဲ ၎င်းတို့ကို အရည်အသွေး ပိုမိုကောင်းမွန်သည့် ပုံရိပ်များ ထုတ်ပေးနိုင်သည့် အရွယ်ကြီးမားသော sensor များ တပ်ဆင်ပေးထားသည်။ အရွယ်အစားနှင့် အလေးချိန် ပိုမိုသေးငယ် ပေါ့ပါးသည့် အဆိုပါ ကင်မရာများကို တစ်လလျှင် ကင်မရာ အလုံးရေ ၁၀၀၀၀၀ ထုတ်လုပ်မည် ဖြစ်ကြောင်း Canon မှ ပြောကြားခဲ့သည်ဟု သိရသည်။ အလွယ်တကူ သယ်ဆောင် အသုံးပြုနိုင်သည့် ပစ္စည်းများကို ပို၍ တန်ဖိုးထားသော ဂျပန်နိုင်ငံတွင် အဆိုပါ mirrorless ကင်မရာများသည် မှန်ဘီလူး ပြောင်းလဲတပ်ဆင်နိုင်မည့် ကင်မရာ မော်ဒယ်အားလုံး၏ တတိယနေရာတွင် ရှိနေပြီး အမေရိကန်နိုင်ငံတွင်မူ ၎င်းတို့၏ ဈေးကွက်ရှယ်ယာမှာ ၁၀ ရာခိုင်နှုန်း ရရှိနေပြီဖြစ်သည်။ Mirrorless ကင်မရာ ဈေးကွက်အတွင်းသို့ Canon ဝင်ရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏ အဓိကပြိုင်ဖက်ဖြစ်သော Nikon ကုမ္ပဏီကို ယှဉ်ပြိုင်ရန်ဖြစ်ပြီး လက်ရှိ Canon ၏ ဈေးကွက် ရှယ်ယာမှာ Nikon ထက် ၀.၉ ရာခိုင်နှုန်း လျော့ကျနေကြောင်း သိရသည်။

ဟေမာ
Ref:Reuter

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account