Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, August 24, 2012

Android OS History



Photo
Android OS စနစ်ကို စတင် အသုံးပြုခဲ့တဲ့ အချိန်တုန်းကတော့ Version 1.0  လို့ခေါ်တဲ့ Astro ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။  အဲဒီနောက်ပိုင်းမှာတော့ OS Version တွေကို တဖြည်းဖြည်း အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့ကြပါတယ်။ 1.1  Astro ရဲ့ နောက်မှာတော့ 1.1 Bender ကို ထုတ်လုပ်ခဲ့ပြီး ကြားထဲမှာတော့ 1.2, 1.3, 1.4 တွေကို မထုတ်လုပ်ခဲ့ပါဘူး။ 1.1 ကနေ တိုက်ရိုက် 1.5 ကို ပြောင်းလဲခဲ့ပြီး Vesion 1.5 ကိုတော့ Android Cupcake လို့ ခေါ်တွင်ခဲ့တာကို တွေ့ရပါတယ်။
1.5  ရဲ့ နောက်မှာတော့ 1.6 Donut ကို ထုတ်လုပ်ခဲ့ပြီး 1.6 ရဲ့ နောက်ပိုင်းမှာတော့ 2.1 Eclair, 2.2 Froyo, 2.3 Gingerbread အစရှိသဖြင့် ဗားရှင်းတွေ အသီးသီး ထွက်ရှိလာခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့ Android OS Version တွေ အားလုံးဟာ မိုဘိုင်းဖုန်းတွေ အတွက် အသုံးပြုနိုင်ဖို့ ထွက်ရှိခဲ့တာဖြစ်ပြီး  ဒီဗားရှင်းတွေ အားလုံးကို မိုဘိုင်းဖုန်းတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်လို့လည်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ 2.1 ဗားရှင်းရဲ့ နောက်မှာတော့ နောက်ထပ် ဗားရှင်းတစ်ခုကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒါကတော့ Version 3.0 ဖြစ်ပြီး ဒီဗားရှင်းကတော့ မိုဘိုင်းဖုန်းတွေ အတွက် မရည်ရွယ်ဘဲ  ကွန်ပျူတာ အသေးစားလေးတွေ အဖြစ် သယ်ဆောင် အသုံးပြုနိုင်ဖို့ ထုတ်လုပ်လာကြတဲ့ Tablet တွေမှာ အသုံးပြုဖို့ အတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Android Version 3.0 ကို Tablet တွေမှာပဲ သီးသန့်အသုံးပြုနိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ဒီဗားရှင်းကိုတော့ မိုဘိုင်းဖုန်းတွေပေါ်မှာ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ Android Version 3.0 ကိုတော့ Honeycomb လို့ ခေါ်ဆို သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Version 4.0 ထွက်ရှိလာခဲ့ပါတယ်။ ဒီဗားရှင်းကတော့ မိုဘိုင်းဖုန်းတွေပေါ်မှာရော Tablet တွေပေါ်မှာ နှစ်မျိုးစလုံး အတွက် အသုံးပြုနိုင်မယ့် OS Version တစ်ခုအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Version 4.0 ကိုတော့ Ice-cream sandwich လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ICS လို့ခေါ်တဲ့ Version 4.0  ရဲ့နောက်မှာတော့ ခုမှ အသစ်စက်စက် ထွက်ရှိထားတဲ့ Android ရဲ့ Jelly  Bean လို့ခေါ်တဲ့ Version  4.1 ပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account