Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, August 24, 2012

Promoted News Feed Post ကို Facebook စမ်းသပ် လုပ်ဆောင်နေ



Photo
နာမည်ကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက် Facebook မှ ကုမ္ပဏီ၏ Page များအား like ပြုလုပ်မထားသူများ အတွက်ပါ post များ ဖော်ပြပေးမည့် promoted post အစီအစဉ်ကို စမ်းသပ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။  ဈေးကွက် ထိုးဖောက်သူများ အနေဖြင့် ၎င်းတို့၏ Page မှ Post များကို fan မဟုတ်သူများ အတွက်ပါ ဖော်ပြနိုင်မည်ဖြစ်ပြီး အဆိုပါ ကြော်ငြာ post များကို ကွန်ပျူတာများတွင် သာမက မိုဘိုင်းဖုန်းများပေါ်တွင်ပါ တွေ့မြင်ရမည်ဖြစ်ကြောင်း
Facebook မှ ပြောရေးဆိုခွင့်ရှိသူ Annie Ta က ပြောကြားခဲ့သည်။ အဆိုပါ ကြော်ငြာများသည် news feed များတွင် ဖော်ပြလေ့ရှိသည့် အခြား ကုန်အမှတ်တံဆိပ် ကြော်ငြာများနှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းတို့တွင် sponsored ဟု စာတန်းထိုး ဖော်ပြထားမည် ဖြစ်ကြောင်း သိရသည်။ ကြော်ငြာ၏ screenshot တွင် ကုမ္ပဏီ Page အား like ပြုလုပ်နိုင်မည့် option တစ်ခုကို post ၏ ညာဘက် အပေါ်ထောင့်တွင် ထည့်သွင်း ဖော်ပြမည် ဖြစ်သည်။ အဆိုပါ နည်းလမ်းဖြင့် စီးပွားရေးလုပ်ငန်းများကို ပိုမို လူသိများအောင် အလွယ်တကူ ပြုလုပ်နိုင်ကြောင်း Ta က ပြောကြားခဲ့သည်ဟု သိရသည်။ လက်ရှိတွင် အမှတ်တံဆိပ်တစ်ခု၏ Page ကို like ပြုလုပ်ထားသူများသာ ၎င်းတို့၏ post များကို news feed များတွင် တွေ့မြင်နိုင်ခြင်း ဖြစ်သည်။ Facebook မှ မကြာသေးမီကလည်း app developer များအတွက် mobile & units သစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ units သည် အသုံးပြုသူများအား Apple App Store နှင့် Google Pay တို့ရှိ app သစ်များကို download ပြုလုပ်နိုင်ရန် ညွှန်ပြပေးမည် ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မိုဘိုင်းပစ္စည်းများ၏ news feed အတွက် အဓိက ပြုလုပ်ထားသည့် Sponsored Stories  ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ဟေမာ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account