Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, August 24, 2012

ကလော-လွိုင်ကော် ဒစ်ဂျစ်တယ် (PDH) မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအား Gigabit Ethernet IP ဆက်ကြောင်းအဖြစ် ပြောင်းလဲတပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ကလော-လွိုင်ကော် ဒစ်ဂျစ်တယ် (PDH) မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအား ခေတ်မီဆက်သွယ်ရေး စနစ်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည့်  Gigabit Ethernet IP ဆက်ကြောင်းအဖြစ် ပြောင်းလဲ တပ်ဆင်သွားရန် စက်ပစ္စည်းများ ဝယ်ယူရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက အမျိုးသားလွှတ်တော် အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပြောကြားလိုက်သည်။
ဖားဆောင်း မဲဆန္ဒနယ်မှ ဦးရဲထွဋ်တင်၏ ကယားပြည်နယ်အတွင်း တယ်လီဖုန်း ဆက်သွယ်မှုစနစ် ပိုမို လျင်မြန် ကောင်းမွန်လာစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဒုတိယဝန်ကြီး ဦးဝင်းသန်းက Semi Auto Exchange များ တပ်ဆင်ထားသည့် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ ရှားတောမြို့များနှင့် Magneto Exchange တပ်ဆင်ထားသည့် မယ်စဲ့မြို့နယ်များတွင် Auto Exchange များ တပ်ဆင်ပေးနိုင်ရန် အတွက် Power Supply ဆောင်ရွက်နိုင်မှု၊ Transmission ရရှိနိုင်မှု၊ ဘဏ္ဍာငွေ ရရှိမှုတို့အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါမြို့များနှင့် မြို့သစ်မြို့နယ်ခွဲ၊ မော်ချီးတိုက်နယ်၊ လွိုင်လင်လေးတိုက်နယ်၊ ဆီးဘူး တိုက်နယ်များတွင် မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပေးရန် သုံးစွဲမည့်လူဦးရေ၊ Power Supply ရရှိနိုင်မှု၊ ဒေသလုံခြုံရေး အခြေအနေတို့ကို သက်ဆိုင်ရာ ပြည်နယ် မန်နေဂျာများအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် အသေးစိတ် စိစစ်တင်ပြစေပြီး ဦးစားပေးအလိုက် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြန်လည် ဖြေကြားခဲ့သည်။

အောင်ကျော်ကျော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account