Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, August 16, 2012

၎ တန်းနှင့် ၈ တန်းစာမေးပွဲ မြို့နယ်ဘုတ်အဖွဲ့ဖြင့် ယခု ပညာသင်နှစ်မှစ၍ ပြောင်းလဲစစ်ဆေးမည်


၎ တန်းနှင့် ၈ တန်း၏ အခန်းဆုံး စာမေးပွဲကို ကျောင်းတွင်း စစ်ဆေးခြင်းမှ မြို့နယ်ဘုတ်အဖွဲ့ဖြင့် ပြောင်းလဲ စစ်ဆေးတော့မည် ဖြစ်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းမှ သိရသည်။ 
“ဒီနေ့ပဲ ကျောင်းမှာ အစည်းအဝေး လုပ်ပါတယ်။ ၄ တန်းနဲ့ ၈ တန်းကို မြို့နယ်က မေးခွန်းထုတ်ပြီး စစ်တော့မယ် ဆိုပြီးတော့ပါ” ဟု အခြေခံပညာမှ အမည်မဖော်လိုသူ ဆရာတစ်ဦးက ပြောသည်။ ယခင် ဆယ်စုနှစ်ကျော် ကာလများတွင် ၄ တန်းနှင့် ၈ တန်းကို မြို့နယ်ဘုတ်အဖွဲ့ဖြင့် စစ်ဆေးပေးမှုများ ရှိခဲ့ကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် ရပ်နားသွားခဲ့ပြီး ယခုမှ ပြန်လည် စတင်သည့်အတွက် အခြေခံပညာအဆင့်ကို မြှင့်တင်သည့် ခြေလှမ်းတစ်ရပ်အသွင် ရှုမြင်ကြောင်း အခြေခံပညာ အထက်တန်း ကျောင်းဆရာတို့က သုံးသပ်ကြသည်။ လမ်းမတော်မြို့နယ်အတွင်းမှ ကျောင်းသားမိဘတစ်ဦးက “ဒါက တရားမျှတတဲ့ ယှဉ်ပြိုင်ခြင်းမျိုးတွေ ဖြစ်သွားမယ့် အပြင်ကို ကိုယ့်ကလေးရဲ့ အရည်အချင်း အစစ်အမှန်ကို သိရှိရမယ့် အနေအထားတစ်ခု ဖြစ်သွားမယ်၊ ဒါကိုကြိုဆိုတယ်” ဟုဆိုသည်။
 
လက်ရှိတွင် ၈ တန်း၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားတစ်ဦးသို့ မေးမြန်းရာတွင် “စာမေးပွဲက ဘာတွေ ကွာခြားသွားမလဲ ဆိုတာတော့ သိပ်မသိဘူး၊ နှစ်တိုင်းလည်း စာမေးပွဲက ဖြေနေရတာပဲလေ” ဟု ပြောသည်။ နှစ်စဉ်နှစ်တိုင်း မြို့နယ်အဆင့် ထူးချွန် စာမေးပွဲများကို စစ်ဆေးနေသည့်အတွက် မြို့နယ်မှ  မေးခွန်းထုတ်ခြင်း ကိစ္စသည် ကျောင်းသားများအတွက် အခက်အခဲတစ်ခု မဖြစ်နိုင်ကြောင်း ကျောင်းသားမိဘ အများစုက ထောက်ခံ ဆွေးနွေးကြသည်။ အခြေခံပညာ အဆင့်အတန်း မြင့်မားရေးအတွက် လုပ်ဆောင်သင့်သည့် အနေအထားများကို အရပ်သား အစိုးရသစ် လက်ထက်၌ လျင်မြန်စွာဖြင့် လုပ်ဆောင်နေမှုများ ရှိနေပြီး၊ ထို့အတွက်ကြောင့် မြန်မာပညာရေး တိုးတက်ပြောင်းလဲမှုကို ကြုံတွေရတော့မည့် အနေအထားသို့ ရောက်ရှိလာတော့မည်ဟု မြန်မာ့ပညာရေး လေ့လာသုံးသပ်နေသူ အချို့ထံမှ သိရသည်။

PN-051

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account