Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, August 16, 2012

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင်တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင်ရေးအတွက် ရွှေပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင်ခံ အဖွဲ့ဝင် အဖြစ် ခေါ်ယူခဲ့ကြောင်း  သတင်းရရှိသည်။ “သုံးလအတွင်း ကျပ်ငါးထောင်တန်ဖုန်း ထွက်မယ်ဆိုတာကတော့ မဟုတ်ပါဘူး။
ဆက်သွယ်ရေးက ကျွန်တော်တို့ကို အတိုင်ပင်ခံ အဖွဲ့အဖြစ် ခေါ်ယူခဲ့တယ်။ လိုအပ်တဲ့ တင်ဒါတွေ ခေါ်ယူသွားပြီးရင် ကျွန်တော့် အထင်အရ ၂၀၁၃ ဆီးဂိမ်းမတိုင်ခင်မှာ ရရှိမှာပါ” ဟု ၁၁-၈-၂၀၁၂ ရက်က ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါခေါ်ယူခြင်းကို ၁-၈-၂၀၁၂ ရက်က ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ အတိုင်ပင်ခံ အဖွဲ့ကို နိုင်ငံတကာတွင် ပြုလုပ်နေသော ဆက်သွယ်ရေး စနစ်အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ တင်ပြ ဆောင်ရွက်နေကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
“ဒါက စီမံကိန်းကြီး တစ်ခု ဖြစ်တဲ့အတွက် တင်ဒါစနစ်အပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာလား ဆိုတာကတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ တင်ဒါအောင်မှပဲ သိရမှာပါ။ အဲ့ဒီ တင်ဒါကလည်း နိုင်ငံတကာက ပါဝင်တာ ဖြစ်တယ်။ ကျွန်တော်တို့လည်း ဝင်ပြိုင်ထားပါတယ်” ဟု ရွှေပြည်တံခွန်မှ MD ကိုလွင်နိုင်ဦးက ဆက်လက် ပြောကြားသည်။ ငွေကျပ်ငါးထောင်တန် ဖုန်းအတွက် အတိုင်ပင်ခံ အဖွဲ့အား ဖွဲ့စည်းရာတွင် လူစာရင်းအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာပေးခြင်း မရှိသေးသော်လည်း ငွေကျပ်ငါးထောင် သို့မဟုတ် ငွေကျပ်ငါးထောင်ထက် နည်းသော ဖုန်းများ ဖြစ်လာနိုင်ကြောင်း ရွှေပြည်တံခွန်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “နိုင်ငံတော်က ပွင့်လင်းမြင်သာမှုတွေ ရှိလာပြီဆိုတော့ ဒီပုံစံအတိုင်းဆိုရင်တော့ ၂၀၁၃ ဆီးဂိမ်းမတိုင်ခင် ရရှိမှာပါ။ နိုင်ငံတကာနဲ့ တန်းတူဖြစ်အောင် နိုင်ငံတော်က စီစဉ်နေတာ ဖြစ်ပါတယ်” နိုင်ငံတကာနဲ့ တန်းတူဖြစ်အောင် နိုင်ငံတော်က စီစဉ်နေတာ ဖြစ်ပါတယ်” ဟု ဦးလွင်နိုင်ဦးက ထပ်မံ ပြောကြားသည်။

မင်းဆက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account